အခန်း (၁၉)

94 8 3
                                    

Unicode 🍁

ဒီနေ့ ရာသီဥတုက သာယာ၍ကောင်းကင်တစ်ခွင်သည် ကြည်လင်နေ၏။ မိုးနှောင်းတစ်ရာ ၏ခြံထဲဝယ် နောင်အိမ်တည် တစ်ယောက် စိုက်ထားသော ပန်းပင်များကို လိုက်ကြည့်နေ၏။တကယ်တော့ သူ ဒီနေ့ မိုးနှောင်းယာအား သူ့ခံစားချက်များကို ဖွင့်ပြောရန် ကြံစည်နေခြင်းဖြစ်၏။
ခံစားချက်ဆိုတာကလည်းအခက်သားလား။လူတစ်ယောက်ကို လိမ်နည်းပေါင်းစုံနှင့် လှည့်စားလို့ရပေမယ့် ခံစားချက်အစစ်ကိုတော့ လိမ်ညာ၍မရပေ။ရင်ခုန်သံကတော့ စစ်မှန်သည်လေ။

“ ဟေ့ ဘာလုပ်နေတာလဲ နောင်အိမ်တည် ”

ပန်းပင်တွေလိုက်ကြည့်နေရင်း ဇွန်ပန်းရုံအောက်အရောက်တွင် အနောက်နားဆီမှ အသံကြည်ကြည်လေးကိုကြားလိုက်ရ၏။ ဇွန်ပန်းတစ်ပွင့်ကိုခူးဖို့ရန်ကြံစည်နေသော သူ့လက်အားပြန်ရုတ်သိမ်းလိုက်ကာ အနောက်သို့လှည့်ကြည့်လိုက်၏။

“ ဘာမှ မလုပ်ပါဘူး ကိုမိုးနှောင်း ၊ ဒီတိုင်း ပျင်းပျင်းရှိတာနဲ့ ခြံထဲဆင်းလာတာပါ ”

“ စကားပြောတွေ ပိုင်ပြီလား နောင်အိမ်တည်”

“ စကားပြောတွေ မပိုင်သေးပေမယ့် ၊သင်ပေးတဲ့သူကိုတော့ ပိုင်ဖို့ကြိုးစားနေပါတယ် ”

“ ဘာရယ် ! ”

“ အာ့ ဘာရယ်မှ မဟုတ်ပါဘူးဗျ ဒီတိုင်းစကားဖြင့်ပြောလိုက်တာပါ ”

မိုးနှောင်းယာ၏အသံကြောင့် ရုတ်တရက်နှုတ်မှ ထွက်သွားသည်ကိုသတိရကာ အမြန်ပြန်ပြောလိုက်ရ၏။ သူဆိုသည်မှာလည်း စိတ်တွေက လှုပ်ရှားနေတာကို။ဒီလိုနဲ့ ဖွင့်မပြောရသေးခင် ကြက်ခြေခတ်အခြစ်ခံရဝောာ့မည်။

“ စကားပြောတွေကို သေချာ ပိုင်အောင်လုပ်ပါ နောင်အိမ်တည် ၊ ကိုယ်မင်းကို ယုံကြည်တယ်ဆိုတာ မင်းသိပါတယ် ၊မင်းကို အများကြီးမျှော်လင့်ထားတယ် ဆိုတာရောပဲ ”

“ စိတ်ချပါဗျာ ၊ ကျွန်တော့်ကြောင့် ကိုမိုးနှောင်းစိတ်မျပျက်စေရပါဘူး ”

“ အင်း ကိုယ်ယုံတယ် ”

“ ဒါနဲ့လေ ကျွန်တော်မေးစရာရှိတယ် ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now