Unicode အခန်း (၃)

296 33 2
                                    

“ မငိုရဘူး လေသားနှောင်းယာ ၊ဘာဖြစ်လို့ငိုသလဲ ၊ ဖေဖေ့ကိုကြည့် ”

ဦးလွန်းယာသည် ငိုနေသော ကလေးငယ် အားမျက်နှာလေးကို ဆွဲယူ‌၍မေးလိုက်လေသည်။
ကလေးငယ်သည်သုံးနှစ်သားအရွယ်ဖြစ်လို့ဖခင်စကားနားလည်ဟန်ပြကာ အငိုတိတ်သွားလေသည်။

“သွားကြမယ် ခင် ၊ ကိုကိုလွန်းယာတို့ ပစ္စည်းတွေကိုက နောက်နေ့မှ လာယူကြမယ် ၊အရင်သွားကြစို့ ”

ဦးလွန်းယာသည် ဒေါ်ခင်ပျိုမဒီ၏လက်ကိုဆွဲကာ သွားရန် တံခါးသို့ ထွက်လေသည်။

“ မင်း တကယ်သွားတော့မလို့လာ လွန်းယာ !”

အမျိုးသမီးကြီးသည် ငိုသံစွတ်နေသောအသံဖြင့်ထိန်းကာမေးလိုက်လေသည်။

“ ဟုတ်တယ် မယ်မယ် ၊ သားတော်တို့ကိုခွင့်ပြုပါ၊တစ်လတစ်ခါတော့ ဂါရဝလာပြုပါ့မယ် ”

ဦးလွန်းယာသည် မိခင်ဖြစ်သူကိုလှည့်မကြည့်ဘဲ စကားကိုဆိုလိုက်လေ၏။

“ မလိုဘူး လွန်းယာ ၊ မင်းဒီတံခါးကနေ ထွက်လိုက်ပြီဆိုတာနဲ့ ဒီစံအိမ်တော်ကြီးနဲ့ လားလားမျှ မဆိုင်တော့ဘူး‌ဆိုတာ မှတ်သားလိုက်ပါ ”

အမျိုးသမီးကြီးသည် တည်ငြိမ်အက်ကွဲသောလေသံ၊ယူကျုံးမရဖြစ်သော လေသံဖြင့် ထိန်းကာပြောလိုက်လေသည်။

“သားတော်ကလည်း ဘာကိုမျှ မမက်မောပါဘူးမယ်မယ်၊ သားတော်တို့လည်း ဒီနေ့ဒီချိန်ကစပြီး မယ်မယ့်သဘောအရ လုံးဝကို ဆက်ဆံမှုပြုတော့မှာမဟုတ်ပါဘူး၊ ဒီအိမ်၊ဒီနေရာ၊ဒီပတ်ဝန်းကျင်၊ဒီအသိုင်းအဝိုင်းနဲ့ပေါ့ ”

“ တောက် ! မင်း ! လွန်းယာ ၊ မင်းဟာ နောက်ဆုံးကျတော့ ငါ့ရင်ကို ခွဲဖို့ လမ်းပဲရွေးလိုက်တာပေါ့
အေ၊ ငါဆိုတဲ့ လွန်းထိပ်တင် ကလည်း သံယောဇဉ်ပြတ် ပြီ ဆိုလျှင် အမျှင်တောင်မတန်းတော့တဲ့ လူပါ ”

သားအမိနှစ်ယောက်ကြားက အာဂတ တွေဟာသိပ်ကိုအစွန်းရောက်သွားလေပြီ။ မိခင်ဖြစ်သူကလည်း မာန တရားကို အရင်းခံပြီး သားဖြစ်သူကလည်း ထိန်းချုပ်မှု့အောက်က ရုန်းထွက်ချင်သူ။

“ ပြန်ပြီးညှိနှိုင်းကြပါဦး ၊ မယ်မယ်နဲ့ ကိုကိုလွန်းယာရယ် ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now