အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
ဖန်းရှုဝမ်သည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ ထိုလူများသည် သူ၏ သေဆုံးပြီးသော လက်အောက်ငယ်သား၏ လက်နက်ကို သန့်စင်ချင်နေသည်။ သို့သော် အရှုံးသမားအနေဖြင့်သူက မပြောနိုင်တော့ချေ။ ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများကို သူရှုံးနိမ့်ခဲ့လျှင် သူက ထိုလူများကို လှောင်ရယ်နိုင်သေး၏။ သို့သော် ဤနေရာက မိစ္ဆာဝေဟင်မျှော်နန်းဖြစ်သည်။ မင်ရှစ်ရင်က ချူကျုံးထျန်း၏ အရိုးနှင့်အကြောများကို ဆွဲခွာခဲ့လျှင်တောင် သူပြောနိုင်တာ ဘာမှမရှိပေ။ သူက ထိုလူများကို စိန်းစိန်းဝါးဝါးဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။ သူ၏ ကနဦးချီများကို ထပ်မံလှည့်ပတ်ရန်ကြိုးစားခဲ့၏။ သို့သော် သူ၏စွမ်းအင်ဗဟိုချက်က ရှင်းလင်းနေ တာကိုတွေ့လိုက်ရသည်။
ဖန်းရှုဝမ်က အသိပညာကြွယ်ဝသည့်သူတစ်ဦးဖြစ်၏။ သူက ခရီးများစွာထွက်ခဲ့ပြီး ကျင့်စဉ်မျိုးစုံကို တွေ့ခဲ့ဖူးကာ မတူညီသော ဂိုဏ်းအသီးသီးမှ နည်းစနစ်များကိုလည်းတွေ့ခဲ့ဖူး၏။ သို့သော် ချုပ်နှောင်ခြင်းလှောင်အိမ်နည်းစနစ်နှင့် ရင်ဆိုင်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ထိုအရာနှင့် ပိုမိုစိမ်းသက်လေ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ပိုခက်ခဲလေဖြစ်၏။
လုကျိုးက သူ၏ပလ္လင်ထက်၌ ခပ်မတ်မတ်ထိုင်နေပြီး ဓားကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက မျက်နှာသေဖြင့်ပြောလိုက်တော့၏။
“ငါ့ဆီယူလာခဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က စိတ်ထဲ၌ပျော်ရွှင်သွားတော့သည်။ သူသည် တန်ဖိုးရှိသော ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လျက် လုကျိုးအား ကြည်ညိုလေးစားစွာ ပေးပြီးနောက်ဘေးတစ်ဖက်သို့ နာနာခံခံ ပြန်ဆုတ်သွားသည်။
ကောင်းကင်အဆင့်လက်နက်များက အင်မတန်ရှားပါး၏။ ကျင့်ကြံသူအများစုက သူတို့ တစ်ဘဝလုံး တွင် လက်နက်တစ်မျိုးတောင် မကြုံတွေ့တာလည်းရှိသည်။ ထို့အပြင် သူတို့က ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ခဲ့လျှင်တောင် သူတို့၏ကျင့်ကြံဆင့်က အနည်းဆုံးတော့ နတ်ဝိညာဉ် ဝဋ်ကြွေးခြေနယ်ပယ်တွင် မရှိလျှင် လက်နက်ကို မကိုင်ထားနိုင်ချေ။ ဆိုရလျှင် သူတို့အဖို့ ကောင်းကင်အဆင့်လက်နက်ကို လိုချင်တပ်မက်ကြသည်။ ပိုသန်မာသောကျင့်ကြံသူများကို ရင်ဆိုင်ရန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် ထိပ်တန်းမြေကမ္ဘာ အဆင့် လက်နက်ကို ပိုင်ဆိုင်လျှင် ရောင့်ရဲနေကြပြီဖြစ်သည်။ နောင်တွင် ကောင်းကင်အဆင့်လက်နက် အဖြစ် ယင်းကို သန့်စင်နိုင်မှာပဲဖြစ်၏။ သို့သော် လက်နက်တစ်ခုကို သန့်စင်ရန်က အင်မတန် ခက်ခဲသည်။ ဆယ်စုနှစ်အချိန်မသုံးဘဲ လက်နက်ကို သန့်စင်ရန်မဖြစ်နိုင်ချေ။ ထိုသို့တိုင် ကျင့်ကြံသူ အများစုက ကောင်းကင်အဆင့်လက်နက်ကို မက်မောစိတ်က ပြင်းထန်လွန်းသောကြောင့် သန့်စင်လိုစိတ် ရှိနေကြဆဲဖြစ်သည်။
လုကျိုးက ဓားကို ကိုင်ပြီးနောက် ယင်းကို အကဲဖြတ်လိုက်တော့သည်။ ဓား၏ဒီဇိုင်းက အကောင်းဆုံးမဟုတ်ပေ။ အမှန်တကယ်တွင် အနည်းငယ်ရုပ်ဆိုးနေပေ၏။ညာ ဖက်လက်ကို မြှောက်လိုက်ရာ အမည်မဲ့ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုဓားကို ပိုင်းဖြတ်ရန် အမည်မဲ့ဓားကို သုံးလိုက်တော့၏။
လူတိုင်းက လုကျိုး၏ အပြုအမူကြောင့်အံ့ဩမှင်သက်နေကြသည်။ သူတို့၏ အမြင်တွင် လုကျိုးက သူ၏လက်ချောင်းဖြင့်ဓားကို ပိုင်းဖြတ်သည်ဟုသာထင်နေရ၏။ ထိပ်တန်းအဆင့်မြေကမ္ဘာ လက်နက် ဖြစ်ရာ လုကျိုးသည် လက်ဗလာဖြင့် ဓားကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု သူတို့က တွေးမိကြတာပဲ ဖြစ်သည်။ သူတို့အားလုံး၌အတွေး တူညီနေသော်ငြား မည်သူကမျှသူတို့၏ အတွေးများကို မထုတ်ဖော် ရဲချေ။
ဖန်းရှုဝမ်က လေးနက်သည့်အသံဖြင့် ပြောလိုက်တော့သည်။ “မိစ္ဆာကောင်က ငါထင်တဲ့အတိုင်းပဲ။ လူသေတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို မက်မောနေတာ ခင်ဗျား ညကျ ဘယ်လိုလုပ်အိပ်နိုင်ပါ့မလဲ”
မင်ရှစ်ရင်က စိုက်ကြည့်ပြီးနောက်ပြောလိုက်တော့၏။
“ကျုပ်တို့တွေက ခင်ဗျားပြောသလိုသာဆိုရင် ကျင့်ကြံခြင်းလောကထဲမှာ လက်နက်ကြောင့် တိုက်ခိုက်တဲ့သူတွေက ညဆို အိပ်နိုင်တော့မှာ မဟုတ်ဘူး”
ဖန်းရှုဝမ်က ပြန်မပြောပေ။ အမှန်တကယ်ပင် လက်နက်အတွက် လူအများတိုက်ခိုက်သည်က သာမန်သာဖြစ်သည်။
လုကျိုးက လက်နက်ကို စစ်ဆေးပြီးနောက် ခေါင်းခါလိုက်တော့သည်။ ယခင်က အမည်မဲ့ဓားကို မောင်နှံဓားနှင့် ရိုက်ချရန်အသုံးပြုခဲ့စဉ်က မောင်နှံဓားက အထိခိုက်မရှိခဲ့ပေ။ လက်ရှိတွင် ဤအထွတ်အထိပ်မြေကမ္ဘာ အဆင့်လက်နက်ကလည်း အမည်မဲ့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ ဆိုလိုသည်က အမည်မဲ့သည် မြေကမ္ဘာအဆင့်လက်နက်နှင့်တောင် မကိုက်ညီသည်လော။
လုကျိုးက ဓားကို ပစ်ထုတ်လိုက်ရာ မင်ရှစ်ရင်က ဖမ်းလိုက်ပြီး စိတ်ထဲ၌ ပျော်ရွှင် ကြည်နူးသွားသည်။ သို့သော် ဓားကို ဖမ်းလိုက်မိသည်နှင့် အက်ကွဲသံသဲ့သဲ့ကိုကြားရပြီး ဓားပေါ်၌ အက်ရာတစ်ရာ ပေါ်လာတာကို တွေ့လိုက်ရသည်။ သိပ်မကြာမီ၌ နှစ်ပိုင်းကျိုးပြီး မြေကြီးပေါ် သို့ ပြုတ်ကျသွား၏။
မင်ရှစ်ရင်က သစ်သားကျောက်ရုပ်တစ်ကောင်ကဲ့သို့ လှုပ်ရှားမှုမရှိ။ ကျိုးပဲ့သွားသောဓားကို တွေဝေနေသော အမူရာဖြင့်ကြည့်နေမိသည်။ ဓားက တို့ဖူးကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရပေ၏။
ဖန်းရှုဝမ်က မျက်မှောင်ကြုံသွားသည်။ လုကျိုး၏အမူအရာက တည်ငြိမ်နေသည့်တိုင် သူသည် စိတ်ထဲ၌ ထိတ်လန့်သွား၏။ အမည်မဲ့က အထွတ်အထိပ်မြေကမ္ဘာအဆင့်လက်နက်ထက် ပိုသန်မာပုံရသည်။ အမည်မဲ့က ကောင်းကင်အဆင့်လက်နက်ဖြစ်လောက်ပေ၏။ ကွဲပြားခြားနားသည့် အသွင်သဏ္ဌာန်မျိုးစုံပြောင်းလဲနိုင်သော ကောင်းကင်အဆင့်လက်နက်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဆိုတာ သေချာပေ၏။
မင်ရှစ်ရင်၏ မှင်သက်နေသော အမူအရာက မြန်မြန်ဆန်ဆန်ပင် ခါးသက်မှုဖြင့် ပြောင်းလဲသွားသည်။ သူသည် ထိုလက်နက်ကို ရရှိရန်အတွက် နာကျင်မှုများစွာကို ဖြတ်ကျော်ခဲ့ရ၏။ သို့သော် သူ၏ဆရာက လက်ဗလာဖြင့် ဖျက်ဆီးခဲ့သည်။ စိတ်ထဲ၌ ရေရွတ်ပြောဆိုမိတော့သည်။ “ရှစ်စွင်းရေ ကျွန်တော်အလုပ်ကြိုးစားတာ မလုံလောက်လို့လား”
နောက်ဆုံးတွင် လုကျိုးက ပြော၏။ “မြေကမ္ဘာအဆင့်လက်နက်က ငါ့ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့မကိုက်ညီဘူး”
“...”
မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။ မြေကမ္ဘာအဆင့်လက်နက်မျှတဲ့လား။ ဒါဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ပိုကောင်းတဲ့လက်နက်ရှိနေတာလား။
ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ်ရယ်မောပြီးနောက်ပြောလိုက်သည်။
“စစ်ရှစ်ရှိုး(စတုတ္တအစ်ကို) စန်းရှစ်ရှိုးရဲ့လက်ထဲက လက်နက်ကိုကြည့်လိုက်။ အဲ့ဒါက နယ်ရှင်လှံ မမိုက်ဘူးလား။ စန်းရှစ်ရှိုးက အဲဒီလက်နက်နဲ့ ရန်သူနှစ်ယောက်ကို တိုက်ခိုက်ခဲ့တာနော်”
မင်ရှစ်ရင်က တွမ့်မူရှန်း၏ လက်ထဲရှိနယ်ရှင်လှံကို လှည့်ကြည့်လိုက်သည်။
နယ်ရှင်လှံ၏ အရှည်နှင့် လှံတံပေါ်၌ထွင်းထုထားသော နဂါးပုံစံက မွန်းကြပ်စေသောလေထုကို ပေးစွမ်းနေ၏။ ရွှေနန်းဥယျာဉ်တောင်သို့ ထိပ်သီးဆရာကြီးဆယ်ဦးတိုက်ခိုက်လာစဉ်က သူသည် တွမ့်မူရှန်းကို ထွက်သွားရ န်ပြောခဲ့သော်ငြား တွမ့်မူရှန်းသည် နယ်ရှင်လှံက ရွှေနန်းဥယျာဉ်တောင်တွင်ရှိနေ သောကြောင့် မထွက်သွားခဲ့ပေ။ ထိုမျှတန်ဖိုးရှိသောလက်နက်ကို တွမ့်မူရှန်းအား သူ၏ဆရာ ပေးလိုက်မည်ဟု သူမထင်ထားပေ။ ရင်ထဲ၌ လေးလံလာ၏။ မည်မျှမတရားသနည်း။ ကောင်းကင်အဆင့်လက်နက်နှင့်ယှဉ်လျှင် အထွတ်အထိပ် မြေကမ္ဘာအဆင့်လက်နက်က အမှန်တကယ်ပင် အမှိုက်တစ်ခုဖြစ်နေပေတော့၏။
“ရှစ်စွင်း ရှစ်စွင်းရဲ့ ခမ်းနားတဲ့စွမ်းအင်တွေက အကန့်အသတ်မရှိဘူးဆိုတာ သိပါတယ်။ ဒီအမှိုက်က ရှစ်စွင်းဆီက ရိုက်ချက်တစ်ချက်တောင် မခံနိုင်ဘူး။ ကြမ်းတမ်းတဲ့ လက်နက်တစ်ခု ဆိုတာ ရှင်းနေတာပဲ” မင်ရှစ်ရင်က နောက်ဆုံးတွင် ထိုသို့ပြောပြီးနောက် ဓားကျိုးကို ကန်ထုတ်လိုက်၏။ ဓားကို ကန်ထုတ်ပြီးနောက်သူက ပြုံးကာ မေးလိုက်တော့သည်။
“ရှစ်စွင်း တပည့်အတွက် သင့်တော်တဲ့လက်နက်တစ်ခု ဘယ်အချိန်ကျမှာ ပိုင်ဆိုင်မှာလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ “မင်းရဲ့ တာဝန်တွေကို ကောင်းကောင်းလုပ်”
မင်ရှစ်ရင်သည် ထိုစကားများကြောင့် ပျော်ရွှင်ကြည်နူးသွားတော့သည်။ ယင်းက ကောင်းကင်အဆင့် လက်နက်ကို သူပေးလိမ့်မည်ဟူသော ကတိတစ်ခုနှင့်ဆင်တူပေ၏။ သူ၏ ရှစ်စွင်းသည် မည်သည့်အချိန်တွင် လက်နက်ပေးမည်ဟု မပြောခဲ့သော်ငြား သူ၏ဆရာက စကားတည်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူက တွေဝေမနေဘဲ ဒူးထောက်ကာ စိတ်ရင်းအမှန်ဖြင့် အရိုအသေပေးလိုက်တော့၏။
“ကျေးဇူးပါ ရှစ်စွင်း။ တပည့် အလုပ်ကြိုးစားပါ့မယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”
သစ္စာရှိမှု +၂ နှစ်ရာခိုင်နှုန်း
လုကျိုးက ခေါင်းရွှေ့လိုက်သည်။ သူ၏နေရာသို့ပြောင်းရွေ့လာကာစအချိန်နှင့် စာလျှင် ပိုကောင်းလာ၏။ မင်ရှစ်ရင်၏ သစ္စာရှိမှုက ယခင်ကထက်ပိုတည်ငြိမ်လာပြီဖြစ်သည်။ ထင်သည့်အတိုင်းပင် ခြိမ်းခြောက်ခြင်းနှင့် ကြမ်းတမ်းသော ခွန်အားကိုအားကိုးခြင်းက လူတစ်ယောက်၏ သစ္စာရှိမှုကိုရရန်ခက်ခဲနေပေသည်။
ထိုစဉ် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက တပြိုင်နက်တည်းအော်လိုက်၏။
“နန်းတော်သခင်”
“နန်းတော်သခင် အဆင်ပြေပါရဲ့လား”
လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက သတိလစ်သွားသော ယဲ့ထျန်းရှင်းကို ကူလိုက်သည်။
ရှောင်ယွမ်အာကလည်း အမြန်ပြေးလာပြီးနောက် ယဲ့ထျန်းရှင်ကို စစ်ဆေးပြီးနောက် ပြောလိုက် တော့၏။
“သူ အဆင်ပြေတယ်။ နင်တို့တွေက ရေးကြီးခွင်ကျယ်လုပ်ပြီး ငါ့ရဲ့ရှစ်စွင်းကို လန့်အောင်လုပ်နေတာပဲ”
“...”
မင်ရှစ်ရင်က ဆွံ့အသွားသည်။
ရှစ်မေ့ အခွင့်ရတိုင်း ဆရာ့အကြောင်းထည့်ပြောနေတယ်နော်။ ငါသူနဲ့မယှဉ်နိုင်တာ သေချာတယ်။
လုကျိုးက လက်ကာပြပြီးနောက်ပြောလိုက်တော့သည်။
“သူ့ကို တောင်ပိုင်းမျှော်နန်းမှာ ပိတ်ထားလိုက်။ ဒါမှသူ့ရဲ့အပြုအမူတွေကို ဆက်ဆင်ခြင်သုံးသပ်နိုင်မှာ”
“ဟုတ်ကဲ့ ရှစ်စွင်း” ရှောင်ယွမ်အာက ယဲ့ထျန်းရှင်နှင့် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းဆောင်အပြင်ဖက်သို့ ခေါ်သွား သည်။
တစ်ချိန်ထဲတွင် လုကျိုးက ယဲ့ထျန်းရှင်း၏ အမုန်းတရားများ လျင်မြန်စွာလျော့ကျလာတာကို ရှာတွေ့လိုက်ရသည်။ ယွီလုံရွာ အဖြစ်အပျက်ကြောင့် ပေါ်ပေါက်လာသည့် အမုန်းတရားက ပျောက်ကွယ်သွားပုံပေါ်၏။ အစက သူသည် ဖန်းရှုဝမ်ကို အဖြစ်အပျက်နောက်ကွယ်ရှိ အကြောင်းပြချက်ကို ရှင်းပြခိုင်းစေချင်တာဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို ဖုံးကွယ်လိုသော ဖန်းရှုဝမ်၏ ခေါင်းမာမှုက သူ၏စိတ်ဝင်စားမှုကို အောင့်သက်သက်ဖြစ်သွားစေသည်။ ထို့အပြင် ဤအရေးကိစ္စက သူ၏ပျောက်ဆုံးနေသောမှတ်ဉာဏ်များနှင့် ဆက်စပ်နိုင်ချေလည်းများသည်။ ခဏတာတွေးတောပြီးနောက် သူက ထူးမခြားနားပြောလိုက်တော့၏။
“သူ့ရဲ့ကျင့်ကြံဆင့်ကို ပိတ်ပြီးတော့ သူ့ကို ချုပ်နှောင်ထားလိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း”
တွမ့်မူရှန်းက ဖန်းရှုဝမ်၏ ပခုံးကို ဆွဲကိုင်လိုက်သည်။
ဖန်းရှုဝမ်က ချုပ်နှောင်ခြင်းလှောင်ချိုင့်ဖြင့် ချည်နှောင်ခံလိုက်ရပြီးနောက် ကြက်တစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။ သူက မဟာခန်းမဆောင်ထဲကနေ တွမ့်မူရှန်း လက်တစ်ဖက်တည်းဖြင့် မ ထုတ် သွားတာခံနေရ၏။
လုကျိုးက ချုပ်နှောင်ခြင်းလှောင်အိမ်ကတ်သည် မည်မျှကြာရှည်ခံမည်မှန်းမသေချာသောကြောင့် သူက ဖန်းရှုဝမ်၏ ကျင့်ကြံဆင့်ကို ပိတ်ရန်အတွက် သူ၏တပည့်ကို အမြန်အမိန့်ပေးခဲ့တာပဲ ဖြစ်သည်။ သူ့လက်ထဲတွင် အချိန်ရှိသေး၏။ ထို့ကြောင့် ဖန်းရှုဝမ်ကို စကားပြောစေရန်အတွက် လှည့်ကွက်မျိုးစုံကို အသုံးပြုရပေမည်။
လုကျိုးက အတွေးနစ်နေစဉ် လရောင်ဆွတ်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် မဟာခန်းမဆောင်ထဲသို့ ဝင်လာ၏။
“မျှော် မျှော်နန်းသခင် တောင်ခြေက မဟူရာစစ်သည်တော်တွေက ရန်စနေပြီး ထွက်သွားဖို့ ငြင်းဆန်နေပါတယ်”
ဖန်းရှုဝမ်သည် သူတို့၏ခေါင်းဆောင်ဖြစ်ပြီး အဖမ်းခံထားရသောကြောင့် မဟူရာစစ်သည်တော်များ ထွက်သွားရန် ငြင်းဆန်တာက သဘာဝကျသည်။ လုကျိုးက နန်းတော်နှင့် သူတို့၏ အဆက်အသွယ်ကို တွေးမိပြီးနောက် အေးအေးဆေးဆေးပြောလိုက်တော့၏။
“ဖန်းရှုဝမ်က မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နေနေတာ။ ဒီမှာ ကိစ္စမရှိတဲ့သူတွေ ထွက်သွားဖို့ ပြောလိုက်” သူက နေ ဟူသော စကားကို အသုံးပြုပြီး ဖန်းရှုဝမ် အသက်ရှင်နေသေးကြောင်း ထိုလူများကို ပြောပြလိုက်တော့သည်။
အမျိုးသမီးကျင့်ကြံသူက လုကျိုးကို ကြောက်ရွံ့စွာကြည့်ပြီးနောက် မေးလိုက်သည်။
“ဒါ ဒါပေမဲ့ သူတို့က ထွက်သွားဖို့ငြင်းရင်ကော”
“မင်ရှစ်ရင်ကို လွှဲထားလိုက်”
“နားလည်ပါပြီ။ ဒီအကြောင်း စတုတ္ထသခင်လေးဆီအကြောင်းကြားလိုက်ပါ့မယ်”
ရွှေနန်းဥယျာဉ်တောင်ခြေ၌ အရံအတားရှေ့တွင် အရင်အတိုင်းရှိ မီတာရာချီအကွာ၌ ဖြစ်သည်။
မဟူရာစစ်သည်တော် ဆယ့်နှစ်ယောက်ခန့်က မိစ္ဆာဝေဟင်မျှော်နန်းကို မျှော်ကြည့်နေကြ၏။ အရံအတားကြောင့် သူတို့သည် ဒေါသတကြီး ခြေဆောင့်ရုံသာ တတ်နိုင်၏။
တောအုပ် တစ်နေရာတွင် ကျက်သရေရှိသော လူတစ်ဦးက အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားလျက် ထိုအရာကို တိတ်တဆိတ်လေ့လာနေ၏။
အစိမ်းရောင်ဝတ်ရုံဖြင့် အမျိုးသားနောက်၌ အနက်ရောင်ဝတ်ရုံဖြင့်လူတစ်ဦးရှိနေသည်။ အနက်ရောင်ဝတ်စုံ နှင့်လူက တလေးတစားမေးလိုက်တော့၏။
“ချန်ပေ့ အဲဒီလူတွေကို ကျွန်တော်တို့ တိုက်ခိုက်မှာလား”
...
Zawgyi
အခန္း (၈၉) ပါဝင္ပတ္သက္ျခင္း
ဖန္းရႈဝမ္သည္ မည္ကဲ့သို႔ ေဒါသမထြက္ဘဲ ေနမည္နည္း။ ထိုလူမ်ားသည္ သူ၏ ေသဆုံးၿပီးေသာ လက္ေအာက္ငယ္သား၏ လက္နက္ကို သန႔္စင္ခ်င္ေနသည္။ သို႔ေသာ္ အရႈံးသမားအေနျဖင့္သူက မေျပာနိုင္ေတာ့ေခ်။ ေျဖာင့္မတ္ျခင္းလမ္းစဥ္မွ လူမ်ားကို သူရႈံးနိမ့္ခဲ့လွ်င္ သူက ထိုလူမ်ားကို ေလွာင္ရယ္နိုင္ေသး၏။ သို႔ေသာ္ ဤေနရာက မိစ္ဆာေဝဟင္ေမွ်ာ္နန္းျဖစ္သည္။ မင္ရွစ္ရင္က ခ်ဴက်ဳံးထ်န္း၏ အရိုးႏွင့္အေၾကာမ်ားကို ဆြဲခြာခဲ့လွ်င္ေတာင္ သူေျပာနိုင္တာ ဘာမွမရွိေပ။ သူက ထိုလူမ်ားကို စိန္းစိန္းဝါးဝါးျဖင့္ ကူကယ္ရာမဲ့စြာ ၾကည့္ေန႐ုံသာ တတ္နိုင္သည္။ သူ၏ ကနဦးခ်ီမ်ားကို ထပ္မံလွည့္ပတ္ရန္ႀကိဳးစားခဲ့၏။ သို႔ေသာ္ သူ၏စြမ္းအင္ဗဟိုခ်က္က ရွင္းလင္းေန တာကိုေတြ႕လိုက္ရသည္။
ဖန္းရႈဝမ္က အသိပညာႂကြယ္ဝသည့္သူတစ္ဦးျဖစ္၏။ သူက ခရီးမ်ားစြာထြက္ခဲ့ၿပီး က်င့္စဥ္မ်ိဳးစုံကို ေတြ႕ခဲ့ဖူးကာ မတူညီေသာ ဂိုဏ္းအသီးသီးမွ နည္းစနစ္မ်ားကိုလည္းေတြ႕ခဲ့ဖူး၏။ သို႔ေသာ္ ခ်ဳပ္ႏွောင္ျခင္းေလွာင္အိမ္နည္းစနစ္ႏွင့္ ရင္ဆိုင္ေတြ႕ရတာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သူက ထိုအရာႏွင့္ ပိုမိုစိမ္းသက္ေလ သူ႕ကိုယ္သူ ခုခံကာကြယ္ရန္ ပိုခက္ခဲေလျဖစ္၏။
လုက်ိဳးက သူ၏ပလႅင္ထက္၌ ခပ္မတ္မတ္ထိုင္ေနၿပီး ဓားကိုၾကည့္လိုက္သည္။ ေနာက္ဆုံးတြင္ သူက မ်က္ႏွာေသျဖင့္ေျပာလိုက္ေတာ့၏။
ငါ့ဆီယူလာခဲ့
ဟုတ္ကဲ့ ရွစ္စြင္း မင္ရွစ္ရင္က စိတ္ထဲ၌ေပ်ာ္႐ႊင္သြားေတာ့သည္။ သူသည္ တန္ဖိုးရွိေသာ ဓားကို လက္ႏွစ္ဖက္ျဖင့္ကိုင္လ်က္ လုက်ိဳးအား ၾကည္ညိုေလးစားစြာ ေပးၿပီးေနာက္ေဘးတစ္ဖက္သို႔ နာနာခံခံ ျပန္ဆုတ္သြားသည္။
ေကာင္းကင္အဆင့္လက္နက္မ်ားက အင္မတန္ရွားပါး၏။ က်င့္ႀကံသူအမ်ားစုက သူတို႔ တစ္ဘဝလုံး တြင္ လက္နက္တစ္မ်ိဳးေတာင္ မႀကဳံေတြ႕တာလည္းရွိသည္။ ထို႔အျပင္ သူတို႔က ေကာင္းကင္အဆင့္ လက္နက္ကို ပိုင္ဆိုင္ခဲ့လွ်င္ေတာင္ သူတို႔၏က်င့္ႀကံဆင့္က အနည္းဆုံးေတာ့ နတ္ဝိညာဥ္ ဝဋ္ေႂကြးေျခနယ္ပယ္တြင္ မရွိလွ်င္ လက္နက္ကို မကိုင္ထားနိုင္ေခ်။ ဆိုရလွ်င္ သူတို႔အဖို႔ ေကာင္းကင္အဆင့္လက္နက္ကို လိုခ်င္တပ္မက္ၾကသည္။ ပိုသန္မာေသာက်င့္ႀကံသူမ်ားကို ရင္ဆိုင္ရန္ခက္ခဲေပလိမ့္မည္။ ထို႔ေၾကာင့္ က်င့္ႀကံသူအမ်ားစုသည္ ထိပ္တန္းေျမကမၻာ အဆင့္ လက္နက္ကို ပိုင္ဆိုင္လွ်င္ ေရာင့္ရဲေနၾကၿပီျဖစ္သည္။ ေနာင္တြင္ ေကာင္းကင္အဆင့္လက္နက္ အျဖစ္ ယင္းကို သန႔္စင္နိုင္မွာပဲျဖစ္၏။ သို႔ေသာ္ လက္နက္တစ္ခုကို သန႔္စင္ရန္က အင္မတန္ ခက္ခဲသည္။ ဆယ္စုႏွစ္အခ်ိန္မသုံးဘဲ လက္နက္ကို သန႔္စင္ရန္မျဖစ္နိုင္ေခ်။ ထိုသို႔တိုင္ က်င့္ႀကံသူ အမ်ားစုက ေကာင္းကင္အဆင့္လက္နက္ကို မက္ေမာစိတ္က ျပင္းထန္လြန္းေသာေၾကာင့္ သန႔္စင္လိုစိတ္ ရွိေနၾကဆဲျဖစ္သည္။
လုက်ိဳးက ဓားကို ကိုင္ၿပီးေနာက္ ယင္းကို အကဲျဖတ္လိုက္ေတာ့သည္။ ဓား၏ဒီဇိုင္းက အေကာင္းဆုံးမဟုတ္ေပ။ အမွန္တကယ္တြင္ အနည္းငယ္႐ုပ္ဆိုးေနေပ၏။ညာ ဖက္လက္ကို ျမႇောက္လိုက္ရာ အမည္မဲ့ဓားက သူ႕လက္ထဲတြင္ ေပၚလာသည္။ ထိုဓားကို ပိုင္းျဖတ္ရန္ အမည္မဲ့ဓားကို သုံးလိုက္ေတာ့၏။
လူတိုင္းက လုက်ိဳး၏ အျပဳအမူေၾကာင့္အံ့ဩမွင္သက္ေနၾကသည္။ သူတို႔၏ အျမင္တြင္ လုက်ိဳးက သူ၏လက္ေခ်ာင္းျဖင့္ဓားကို ပိုင္းျဖတ္သည္ဟုသာထင္ေနရ၏။ ထိပ္တန္းအဆင့္ေျမကမၻာ လက္နက္ ျဖစ္ရာ လုက်ိဳးသည္ လက္ဗလာျဖင့္ ဓားကို ၿဖိဳခြဲရန္ ႀကိဳးစားေနသည္ဟု သူတို႔က ေတြးမိၾကတာပဲ ျဖစ္သည္။ သူတို႔အားလုံး၌အေတြး တူညီေနေသာ္ျငား မည္သူကမွ်သူတို႔၏ အေတြးမ်ားကို မထုတ္ေဖာ္ ရဲေခ်။
ဖန္းရႈဝမ္က ေလးနက္သည့္အသံျဖင့္ ေျပာလိုက္ေတာ့သည္။ မိစ္ဆာေကာင္က ငါထင္တဲ့အတိုင္းပဲ။ လူေသတစ္ေယာက္ရဲ႕ ပိုင္ဆိုင္မႈကို မက္ေမာေနတာ ခင္ဗ်ား ညက် ဘယ္လိုလုပ္အိပ္နိုင္ပါ့မလဲ
မင္ရွစ္ရင္က စိုက္ၾကည့္ၿပီးေနာက္ေျပာလိုက္ေတာ့၏။
က်ဳပ္တို႔ေတြက ခင္ဗ်ားေျပာသလိုသာဆိုရင္ က်င့္ႀကံျခင္းေလာကထဲမွာ လက္နက္ေၾကာင့္ တိုက္ခိုက္တဲ့သူေတြက ညဆို အိပ္နိုင္ေတာ့မွာ မဟုတ္ဘူး
ဖန္းရႈဝမ္က ျပန္မေျပာေပ။ အမွန္တကယ္ပင္ လက္နက္အတြက္ လူအမ်ားတိုက္ခိုက္သည္က သာမန္သာျဖစ္သည္။
လုက်ိဳးက လက္နက္ကို စစ္ေဆးၿပီးေနာက္ ေခါင္းခါလိုက္ေတာ့သည္။ ယခင္က အမည္မဲ့ဓားကို ေမာင္ႏွံဓားႏွင့္ ရိုက္ခ်ရန္အသုံးျပဳခဲ့စဥ္က ေမာင္ႏွံဓားက အထိခိုက္မရွိခဲ့ေပ။ လက္ရွိတြင္ ဤအထြတ္အထိပ္ေျမကမၻာ အဆင့္လက္နက္ကလည္း အမည္မဲ့ေၾကာင့္ ထိခိုက္ဒဏ္ရာရျခင္း မရွိေပ။ ဆိုလိုသည္က အမည္မဲ့သည္ ေျမကမၻာအဆင့္လက္နက္ႏွင့္ေတာင္ မကိုက္ညီသည္ေလာ။
လုက်ိဳးက ဓားကို ပစ္ထုတ္လိုက္ရာ မင္ရွစ္ရင္က ဖမ္းလိုက္ၿပီး စိတ္ထဲ၌ ေပ်ာ္႐ႊင္ ၾကည္ႏူးသြားသည္။ သို႔ေသာ္ ဓားကို ဖမ္းလိုက္မိသည္ႏွင့္ အက္ကြဲသံသဲ့သဲ့ကိုၾကားရၿပီး ဓားေပၚ၌ အက္ရာတစ္ရာ ေပၚလာတာကို ေတြ႕လိုက္ရသည္။ သိပ္မၾကာမီ၌ ႏွစ္ပိုင္းက်ိဳးၿပီး ေျမႀကီးေပၚ သို႔ ျပဳတ္က်သြား၏။
မင္ရွစ္ရင္က သစ္သားေက်ာက္႐ုပ္တစ္ေကာင္ကဲ့သို႔ လႈပ္ရွားမႈမရွိ။ က်ိဳးပဲ့သြားေသာဓားကို ေတြေဝေနေသာ အမူရာျဖင့္ၾကည့္ေနမိသည္။ ဓားက တို႔ဖူးကဲ့သို႔ ပိုင္းျဖတ္ခံလိုက္ရေပ၏။
ဖန္းရႈဝမ္က မ်က္ေမွာင္ႀကဳံသြားသည္။ လုက်ိဳး၏အမူအရာက တည္ၿငိမ္ေနသည့္တိုင္ သူသည္ စိတ္ထဲ၌ ထိတ္လန႔္သြား၏။ အမည္မဲ့က အထြတ္အထိပ္ေျမကမၻာအဆင့္လက္နက္ထက္ ပိုသန္မာပုံရသည္။ အမည္မဲ့က ေကာင္းကင္အဆင့္လက္နက္ျဖစ္ေလာက္ေပ၏။ ကြဲျပားျခားနားသည့္ အသြင္သဏၭာန္မ်ိဳးစုံေျပာင္းလဲနိုင္ေသာ ေကာင္းကင္အဆင့္လက္နက္သည္ တန္ဖိုးမျဖတ္နိုင္ေသာ ရတနာတစ္ပါးဆိုတာ ေသခ်ာေပ၏။
မင္ရွစ္ရင္၏ မွင္သက္ေနေသာ အမူအရာက ျမန္ျမန္ဆန္ဆန္ပင္ ခါးသက္မႈျဖင့္ ေျပာင္းလဲသြားသည္။ သူသည္ ထိုလက္နက္ကို ရရွိရန္အတြက္ နာက်င္မႈမ်ားစြာကို ျဖတ္ေက်ာ္ခဲ့ရ၏။ သို႔ေသာ္ သူ၏ဆရာက လက္ဗလာျဖင့္ ဖ်က္ဆီးခဲ့သည္။ စိတ္ထဲ၌ ေရ႐ြတ္ေျပာဆိုမိေတာ့သည္။ ရွစ္စြင္းေရ ကြၽန္ေတာ္အလုပ္ႀကိဳးစားတာ မလုံေလာက္လို႔လား
ေနာက္ဆုံးတြင္ လုက်ိဳးက ေျပာ၏။ ေျမကမၻာအဆင့္လက္နက္က ငါ့ရဲ႕ မိစ္ဆာေဝဟင္ေမွ်ာ္နန္းထဲ ဝင္ဖို႔မကိုက္ညီဘူး
...
မင္ရွစ္ရင္က ဆြံ႕အသြားေတာ့သည္။ ေျမကမၻာအဆင့္လက္နက္မွ်တဲ့လား။ ဒါဆိုရင္ မိစ္ဆာေဝဟင္ေမွ်ာ္နန္းထဲမွာ ပိုေကာင္းတဲ့လက္နက္ရွိေနတာလား။
ေရွာင္ယြမ္အာက ခိုးခိုးခစ္ခစ္ရယ္ေမာၿပီးေနာက္ေျပာလိုက္သည္။
စစ္ရွစ္ရွိုး(စတုတၱအစ္ကို) စန္းရွစ္ရွိုးရဲ႕လက္ထဲက လက္နက္ကိုၾကည့္လိုက္။ အဲ့ဒါက နယ္ရွင္လွံ မမိုက္ဘူးလား။ စန္းရွစ္ရွိုးက အဲဒီလက္နက္နဲ႕ ရန္သူႏွစ္ေယာက္ကို တိုက္ခိုက္ခဲ့တာေနာ္
မင္ရွစ္ရင္က တြမ့္မူရွန္း၏ လက္ထဲရွိနယ္ရွင္လွံကို လွည့္ၾကည့္လိုက္သည္။
နယ္ရွင္လွံ၏ အရွည္ႏွင့္ လွံတံေပၚ၌ထြင္းထုထားေသာ နဂါးပုံစံက မြန္းၾကပ္ေစေသာေလထုကို ေပးစြမ္းေန၏။ ေ႐ႊနန္းဥယ်ာဥ္ေတာင္သို႔ ထိပ္သီးဆရာႀကီးဆယ္ဦးတိုက္ခိုက္လာစဥ္က သူသည္ တြမ့္မူရွန္းကို ထြက္သြားရ န္ေျပာခဲ့ေသာ္ျငား တြမ့္မူရွန္းသည္ နယ္ရွင္လွံက ေ႐ႊနန္းဥယ်ာဥ္ေတာင္တြင္ရွိေန ေသာေၾကာင့္ မထြက္သြားခဲ့ေပ။ ထိုမွ်တန္ဖိုးရွိေသာလက္နက္ကို တြမ့္မူရွန္းအား သူ၏ဆရာ ေပးလိုက္မည္ဟု သူမထင္ထားေပ။ ရင္ထဲ၌ ေလးလံလာ၏။ မည္မွ်မတရားသနည္း။ ေကာင္းကင္အဆင့္လက္နက္ႏွင့္ယွဥ္လွ်င္ အထြတ္အထိပ္ ေျမကမၻာအဆင့္လက္နက္က အမွန္တကယ္ပင္ အမွိုက္တစ္ခုျဖစ္ေနေပေတာ့၏။
ရွစ္စြင္း ရွစ္စြင္းရဲ႕ ခမ္းနားတဲ့စြမ္းအင္ေတြက အကန႔္အသတ္မရွိဘူးဆိုတာ သိပါတယ္။ ဒီအမွိုက္က ရွစ္စြင္းဆီက ရိုက္ခ်က္တစ္ခ်က္ေတာင္ မခံနိုင္ဘူး။ ၾကမ္းတမ္းတဲ့ လက္နက္တစ္ခု ဆိုတာ ရွင္းေနတာပဲ မင္ရွစ္ရင္က ေနာက္ဆုံးတြင္ ထိုသို႔ေျပာၿပီးေနာက္ ဓားက်ိဳးကို ကန္ထုတ္လိုက္၏။ ဓားကို ကန္ထုတ္ၿပီးေနာက္သူက ၿပဳံးကာ ေမးလိုက္ေတာ့သည္။
ရွစ္စြင္း တပည့္အတြက္ သင့္ေတာ္တဲ့လက္နက္တစ္ခု ဘယ္အခ်ိန္က်မွာ ပိုင္ဆိုင္မွာလဲ
လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေျပာလိုက္သည္။ မင္းရဲ႕ တာဝန္ေတြကို ေကာင္းေကာင္းလုပ္
မင္ရွစ္ရင္သည္ ထိုစကားမ်ားေၾကာင့္ ေပ်ာ္႐ႊင္ၾကည္ႏူးသြားေတာ့သည္။ ယင္းက ေကာင္းကင္အဆင့္ လက္နက္ကို သူေပးလိမ့္မည္ဟူေသာ ကတိတစ္ခုႏွင့္ဆင္တူေပ၏။ သူ၏ ရွစ္စြင္းသည္ မည္သည့္အခ်ိန္တြင္ လက္နက္ေပးမည္ဟု မေျပာခဲ့ေသာ္ျငား သူ၏ဆရာက စကားတည္သည့္ အမ်ိဳးသားတစ္ဦးျဖစ္သည္။ သူက ေတြေဝမေနဘဲ ဒူးေထာက္ကာ စိတ္ရင္းအမွန္ျဖင့္ အရိုအေသေပးလိုက္ေတာ့၏။
ေက်းဇူးပါ ရွစ္စြင္း။ တပည့္ အလုပ္ႀကိဳးစားပါ့မယ္။ ရွစ္စြင္းကို စိတ္မပ်က္ေစရပါဘူး
သစၥာရွိမႈ +၂ ႏွစ္ရာခိုင္ႏႈန္း
လုက်ိဳးက ေခါင္းေ႐ႊ႕လိုက္သည္။ သူ၏ေနရာသို႔ေျပာင္းေ႐ြ႕လာကာစအခ်ိန္ႏွင့္ စာလွ်င္ ပိုေကာင္းလာ၏။ မင္ရွစ္ရင္၏ သစၥာရွိမႈက ယခင္ကထက္ပိုတည္ၿငိမ္လာၿပီျဖစ္သည္။ ထင္သည့္အတိုင္းပင္ ၿခိမ္းေျခာက္ျခင္းႏွင့္ ၾကမ္းတမ္းေသာ ခြန္အားကိုအားကိုးျခင္းက လူတစ္ေယာက္၏ သစၥာရွိမႈကိုရရန္ခက္ခဲေနေပသည္။
ထိုစဥ္ လေရာင္ဆြတ္ေမွ်ာ္နန္းမွ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးက တၿပိဳင္နက္တည္းေအာ္လိုက္၏။
နန္းေတာ္သခင္
နန္းေတာ္သခင္ အဆင္ေျပပါရဲ႕လား
လေရာင္ဆြတ္ေမွ်ာ္နန္းမွ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးက သတိလစ္သြားေသာ ယဲ့ထ်န္းရွင္းကို ကူလိုက္သည္။
ေရွာင္ယြမ္အာကလည္း အျမန္ေျပးလာၿပီးေနာက္ ယဲ့ထ်န္းရွင္ကို စစ္ေဆးၿပီးေနာက္ ေျပာလိုက္ ေတာ့၏။
သူ အဆင္ေျပတယ္။ နင္တို႔ေတြက ေရးႀကီးခြင္က်ယ္လုပ္ၿပီး ငါ့ရဲ႕ရွစ္စြင္းကို လန႔္ေအာင္လုပ္ေနတာပဲ
...
မင္ရွစ္ရင္က ဆြံ႕အသြားသည္။
ရွစ္ေမ့ အခြင့္ရတိုင္း ဆရာ့အေၾကာင္းထည့္ေျပာေနတယ္ေနာ္။ ငါသူနဲ႕မယွဥ္နိုင္တာ ေသခ်ာတယ္။
လုက်ိဳးက လက္ကာျပၿပီးေနာက္ေျပာလိုက္ေတာ့သည္။
သူ႕ကို ေတာင္ပိုင္းေမွ်ာ္နန္းမွာ ပိတ္ထားလိုက္။ ဒါမွသူ႕ရဲ႕အျပဳအမူေတြကို ဆက္ဆင္ျခင္သုံးသပ္နိုင္မွာ
ဟုတ္ကဲ့ ရွစ္စြင္း ေရွာင္ယြမ္အာက ယဲ့ထ်န္းရွင္ႏွင့္ လေရာင္ဆြတ္ေမွ်ာ္နန္းမွ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးကို မိစ္ဆာေဝဟင္ေမွ်ာ္နန္း၏ မဟာခန္းေဆာင္အျပင္ဖက္သို႔ ေခၚသြား သည္။
တစ္ခ်ိန္ထဲတြင္ လုက်ိဳးက ယဲ့ထ်န္းရွင္း၏ အမုန္းတရားမ်ား လ်င္ျမန္စြာေလ်ာ့က်လာတာကို ရွာေတြ႕လိုက္ရသည္။ ယြီလုံ႐ြာ အျဖစ္အပ်က္ေၾကာင့္ ေပၚေပါက္လာသည့္ အမုန္းတရားက ေပ်ာက္ကြယ္သြားပုံေပၚ၏။ အစက သူသည္ ဖန္းရႈဝမ္ကို အျဖစ္အပ်က္ေနာက္ကြယ္ရွိ အေၾကာင္းျပခ်က္ကို ရွင္းျပခိုင္းေစခ်င္တာျဖစ္သည္။ သို႔ေသာ္ ထိုအျဖစ္အပ်က္ကို ဖုံးကြယ္လိုေသာ ဖန္းရႈဝမ္၏ ေခါင္းမာမႈက သူ၏စိတ္ဝင္စားမႈကို ေအာင့္သက္သက္ျဖစ္သြားေစသည္။ ထို႔အျပင္ ဤအေရးကိစၥက သူ၏ေပ်ာက္ဆုံးေနေသာမွတ္ဉာဏ္မ်ားႏွင့္ ဆက္စပ္နိုင္ေခ်လည္းမ်ားသည္။ ခဏတာေတြးေတာၿပီးေနာက္ သူက ထူးမျခားနားေျပာလိုက္ေတာ့၏။
သူ႕ရဲ႕က်င့္ႀကံဆင့္ကို ပိတ္ၿပီးေတာ့ သူ႕ကို ခ်ဳပ္ႏွောင္ထားလိုက္
ဟုတ္ကဲ့ ရွစ္စြင္း
တြမ့္မူရွန္းက ဖန္းရႈဝမ္၏ ပခုံးကို ဆြဲကိုင္လိုက္သည္။
ဖန္းရႈဝမ္က ခ်ဳပ္ႏွောင္ျခင္းေလွာင္ခ်ိဳင့္ျဖင့္ ခ်ည္ႏွောင္ခံလိုက္ရၿပီးေနာက္ ၾကက္တစ္ေကာင္ကဲ့သို႔ ျဖစ္သြားေတာ့သည္။ သူက မဟာခန္းမေဆာင္ထဲကေန တြမ့္မူရွန္း လက္တစ္ဖက္တည္းျဖင့္ မ ထုတ္ သြားတာခံေနရ၏။
လုက်ိဳးက ခ်ဳပ္ႏွောင္ျခင္းေလွာင္အိမ္ကတ္သည္ မည္မွ်ၾကာရွည္ခံမည္မွန္းမေသခ်ာေသာေၾကာင့္ သူက ဖန္းရႈဝမ္၏ က်င့္ႀကံဆင့္ကို ပိတ္ရန္အတြက္ သူ၏တပည့္ကို အျမန္အမိန႔္ေပးခဲ့တာပဲ ျဖစ္သည္။ သူ႕လက္ထဲတြင္ အခ်ိန္ရွိေသး၏။ ထို႔ေၾကာင့္ ဖန္းရႈဝမ္ကို စကားေျပာေစရန္အတြက္ လွည့္ကြက္မ်ိဳးစုံကို အသုံးျပဳရေပမည္။
လုက်ိဳးက အေတြးနစ္ေနစဥ္ လေရာင္ဆြတ္နန္းေတာ္မွ အမ်ိဳးသမီးက်င့္ႀကံသူတစ္ဦးသည္ မဟာခန္းမေဆာင္ထဲသို႔ ဝင္လာ၏။
ေမွ်ာ္ ေမွ်ာ္နန္းသခင္ ေတာင္ေျခက မဟူရာစစ္သည္ေတာ္ေတြက ရန္စေနၿပီး ထြက္သြားဖို႔ ျငင္းဆန္ေနပါတယ္
ဖန္းရႈဝမ္သည္ သူတို႔၏ေခါင္းေဆာင္ျဖစ္ၿပီး အဖမ္းခံထားရေသာေၾကာင့္ မဟူရာစစ္သည္ေတာ္မ်ား ထြက္သြားရန္ ျငင္းဆန္တာက သဘာဝက်သည္။ လုက်ိဳးက နန္းေတာ္ႏွင့္ သူတို႔၏ အဆက္အသြယ္ကို ေတြးမိၿပီးေနာက္ ေအးေအးေဆးေဆးေျပာလိုက္ေတာ့၏။
ဖန္းရႈဝမ္က မိစ္ဆာေဝဟင္ေမွ်ာ္နန္းထဲမွာ ေနေနတာ။ ဒီမွာ ကိစၥမရွိတဲ့သူေတြ ထြက္သြားဖို႔ ေျပာလိုက္ သူက ေန ဟူေသာ စကားကို အသုံးျပဳၿပီး ဖန္းရႈဝမ္ အသက္ရွင္ေနေသးေၾကာင္း ထိုလူမ်ားကို ေျပာျပလိုက္ေတာ့သည္။
အမ်ိဳးသမီးက်င့္ႀကံသူက လုက်ိဳးကို ေၾကာက္႐ြံ႕စြာၾကည့္ၿပီးေနာက္ ေမးလိုက္သည္။
ဒါ ဒါေပမဲ့ သူတို႔က ထြက္သြားဖို႔ျငင္းရင္ေကာ
မင္ရွစ္ရင္ကို လႊဲထားလိုက္
နားလည္ပါၿပီ။ ဒီအေၾကာင္း စတုတၳသခင္ေလးဆီအေၾကာင္းၾကားလိုက္ပါ့မယ္
ေ႐ႊနန္းဥယ်ာဥ္ေတာင္ေျခ၌ အရံအတားေရွ႕တြင္ အရင္အတိုင္းရွိ မီတာရာခ်ီအကြာ၌ ျဖစ္သည္။
မဟူရာစစ္သည္ေတာ္ ဆယ့္ႏွစ္ေယာက္ခန႔္က မိစ္ဆာေဝဟင္ေမွ်ာ္နန္းကို ေမွ်ာ္ၾကည့္ေနၾက၏။ အရံအတားေၾကာင့္ သူတို႔သည္ ေဒါသတႀကီး ေျခေဆာင့္႐ုံသာ တတ္နိုင္၏။
ေတာအုပ္ တစ္ေနရာတြင္ က်က္သေရရွိေသာ လူတစ္ဦးက အစိမ္းေရာင္ဝတ္႐ုံကို ဝတ္ထားလ်က္ ထိုအရာကို တိတ္တဆိတ္ေလ့လာေန၏။
အစိမ္းေရာင္ဝတ္႐ုံျဖင့္ အမ်ိဳးသားေနာက္၌ အနက္ေရာင္ဝတ္႐ုံျဖင့္လူတစ္ဦးရွိေနသည္။ အနက္ေရာင္ဝတ္စုံ ႏွင့္လူက တေလးတစားေမးလိုက္ေတာ့၏။
ခ်န္ေပ့ အဲဒီလူေတြကို ကြၽန္ေတာ္တို႔ တိုက္ခိုက္မွာလား
...