(Unicode)
[Hello! Long time no see!
Love in the woods စာအုပ်ထဲမှာပါတဲ့ Extra သုံးပိုင်းဖြစ်ပါတယ်။ စာအုပ်ဝယ်တဲ့သူအချို့က ဖတ်ပြီးလောက်ပြီဆိုပေမယ့် အားလုံးကို ဖတ်စေချင်လို့ ဒီမှာပါ တင်ပေးတာပါ။ တစ်နေ့တစ်ပိုင်း တင်ပေးပါမယ်ရှင့်><]
.
.
.
ဒိုင်းး
သေနတ်သံတစ်ချက်က တိတ်ဆိတ်နေတဲ့ တောအုပ်ဝန်းလေးထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သေနတ်ကျည်ဆံက သစ်ပင် အလယ်ဗဟိုချက်ရှိ အနီရောင်အမှတ်အသား တည့်တည့်တွင် စိုက်ဝင်၏။
"ဝါး.. မောင်က တော်လိုက်တာ"
ဘေးကနေ လက်ခုပ်လေး တဖြောင်းဖြောင်းတီးကာ ချီးကျူးနေပါသော Omega ကြောင့် ဂျောင်ဂု မိမိကိုယ်ကိုယ် ဂုဏ်ယူစွာဖြင့် အလိုလိုပြုံးမိသည်။
ထယ်ယောင်းက သေနတ်ပစ်သင်ချင်ပါသည်ဟူ၍ ပူဆာလာသည်က တစ်ကြောင်း၊ ဂျောင်ဂုကလည်း သင်ပေးမယ်ဆိုပြီး ကတိပေးထားသည်က တစ်ကြောင်းမို့ သေနတ်ပစ်လေ့ကျင့်ရန် ခြံဝန်းကြီးတစ်ခု သီးသန့်လုပ်လိုက်ရသည်။
"မောင့်အသက် အလှည့်"
ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းလက်ထဲသို့ ပစ္စတိုသေနတ်ကို အသာထည့်ပေးလိုက်သည်။ ပြီးမှ လက်ကို တန်းတန်းထားစေကာ ကိုယ်ကို တည့်တည့်မတ်စေသည်။
"အရမ်းလည်း တောင့်မထားနဲ့၊ ပျော့လည်းမထားနဲ့၊ သက်တောင့်သက်သာ အနေအထားနဲ့ပဲ ပစ်"
"ဟုတ်"
ရိုကျိုးစွာ ပြန်ပြောပြီး ဂျောင်ဂု ပြောတဲ့အတိုင်းနေကာ သေနတ်ကို ပစ်မှတ်ဆီသို့ သေချာအာရုံစိုက်၍ ချိန်လိုက်သည်။
"လက်အနေအထားက အဲ့လိုမဟုတ်ဘူး၊ မောင်ပြမယ်"
ဂျောင်ဂုက ပြောရင်း ထယ်ယောင်းအနောက်ကနေ ပုခုံးကိုကျော်ကာ လက်ချောင်းသွယ်လေးများပေါ် ဖွဖွဆုပ်ကိုင်၍ လက်အနေအထားကို ကိုယ်တိုင် ပြုပြင်ပေးနေသည်။
ဂျောင်ဂုဘက်က ဘယ်လိုနေလဲမသိသော်လည်း Alpha ၏ ရင်ခွင်ထဲ မြုပ်နေသော ထယ်ယောင်းမှာ ချက်ချင်းပင် နှလုံးခုန်သံတွေ ကျယ်လာသည်မို့ အယောင်ယောင်အမှားမှားတွေ ဖြစ်ကုန်သည်။
"မောင့်အသက်ကလေး"
"ဟင်"
"အာရုံစိုက်လေ၊ စိတ်တွေလွင့်နေတာလား"
"မ..မဟုတ်ပါဘူး၊ အာရုံစိုက်နေပါတယ်"
ဂျောင်ဂုစကားကြောင့် အနည်းငယ် ရှက်သွားကာ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သေနတ်ပစ်ခြင်းကို အာရုံပြန်စိုက်ရသည်။ ထယ်ယောင်းရှက်နေတဲ့ ပုံလေးကို ကြည့်ကာ ဂျောင်ဂု တစ်ယောက်ထဲကြိတ်၍ ပြုံးမိသေးသည်။ ပိုရှက်သွားမည်စိုး၍ စနောက်ခြင်းမပြုတော့။
"ကဲ..ပစ်မှတ် တည့်တည့်ကို ကြည့်ပြီး ချိန်"
ဂျောင်ဂုပြောတဲ့အတိုင်း အဝေးက သစ်ပင်၏ ဗဟိုချက်အား သေချာအာရုံစိုက်၍ ချိန်လိုက်သည်။ သေနတ်ပြောင်းဝနဲ့ တည့်လောက်ပြီဟူသော အနေအထားရောက်မှ ထယ်ယောင်း ရပ်လိုက်ကာ ဂျောင်ဂုကို လှည့်ကြည့်ရင်း
"မောင်၊ ဒါဆို တည့်ပြီလားဟင်"
"တည့်ပြီလို့ယူဆရင် ပစ်ကြည့်"
"မတည့်ရင် ဘယ်လိုလုပ်မလဲ"
"မောင့်အသက်က အခုမှ စပစ်မှာလေ၊ မတည့်လည်း ကိစ္စမရှိပါဘူး"
ဂျောင်ဂုက ပြောလည်းပြော ထယ်ယောင်းပါးလေးကိုလည်း နစ်ဝင်သွားသည်အထိ နှာခေါင်းနဲ့ထိုးကာ နမ်းလာသည်။
"အာ..မောင်ကလည်း ဒီမှာ ချိန်ထားတာ ပြန်လွဲကုန်ပြီ"
"မောင်အသဲယားလို့ပါကွာ၊ တောင်းပန်ပါတယ်၊ ပြန်ချိန်လိုက်နော်"
ပြုံးဖြဲဖြဲနဲ့ ပြောလာသော Alpha အား ထယ်ယောင်းမှာ မျက်စောင်းထိုးရုံကလွဲပြီး ဘာမှပြန်မလုပ်နိုင်။ ဒါကြောင့် ဘာမှ ထပ်မပြောတော့ဘဲ ပစ်မှတ်အား သေချာပြန်ချိန်လိုက်ပြီး တည့်လောက်ပြီဟု သေချာတော့မှ
"မောင်၊ ပစ်ပြီနော်"
"ဟုတ်ပြီ ပစ်"
ဒိုင်း
ဒေါက်
"အာ့"
'ဒိုင်း' ဆိုသည်က ကျည်ထွက်သွားသောအသံ။ 'အာ့' ဆိုသည်က ထယ်ယောင်း၏ နာကျင်မှုကြောင့် ထွက်လာသော အသံ။ 'ဒေါက်' ဆိုသည်ကတော့ ကျည်ထွက်သွားတဲ့အရှိန်နဲ့ သေနတ်က အပေါ်ပြန်လန်ကာ ထယ်ယောင်း နဖူးကို ရိုက်မိသွားသောအသံ။
ထိုအခြင်းအရာကြောင့် ဂျောင်ဂုမှာ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြာပြာသလဲဖြစ်သွားကာ ထယ်ယောင်းနဖူးလေးကို လက်ဖဝါးနဲ့အသာ ပွတ်ပေးရင်း
"မောင့်အသက်၊ အရမ်းနာသွားလား၊ မောင့်ကို ပြောပါဦး၊ ဥုံဖွ ဥုံဖွ"
ပြောလည်းပြော ထယ်ယောင်းနဖူးလေးကို လက်နဲ့ပွတ်လိုက်၊ ဖွဖွလေးနမ်းလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေသော Alpha ကြောင့် ထယ်ယောင်းမှာ မပြုံးဘဲမနေနိုင်။
"အရမ်းမနာပါဘူး ရပါတယ်"
"မရဘူး၊ မောင့်အသက်ကို နဲနဲလေးတောင် အထိခိုက်ခံစေချင်တာ မဟုတ်ဘူး... သွားရအောင် သေနတ်ပစ်မကျင့်နဲ့တော့"
ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းလက်ထဲမှ သေနတ်ကို ဖြတ်ယူကာ လက်လေးကို အသာဆွဲကိုင်ပြီး ထိုနေရာမှ ထွက်သွားရန် လုပ်သော်လည်း ထယ်ယောင်းကမူ တုတ်တုတ်မလှုပ်။
"ထယ် ပစ်ကြည့်ချင်သေးတယ်၊ ဒါက ပထမဆုံးအကြိမ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့၊ ဆက်သင်ပေးပါနော်"
လေပြေလေးနဲ့ ပြောလာသော ထယ်ယောင်းကြောင့် ဂျောင်ဂုစိတ်တွေ အလိုလို ပြေလျော့လာရသည်။ သို့ပေမဲ့ ထပ်ပြီး ထိခိုက်မိမှာ စိုးသည်မို့ စိတ်ကို လွယ်လွယ်မလျှော့ပစ်ဘဲ တင်းထားရမည်ဖြစ်သည်။
"မောင့်ကို ကတိပေးထားတာကို မေ့သွားတာလား၊ တိုက်ပွဲတွေထဲ ထပ်ပြီး မဝင်တော့ဘူးဆိုတာလေ"
"သိပါတယ်"
"အဲ့တော့ မောင့်အသက် သေနတ်ပစ်တတ်စရာမလိုပါဘူး၊ ဒါကြောင့် သားလေးနဲ့အတူ နန်းဆောင်မှာပဲ နေလေ၊ ဟုတ်ပြီလား"
ဂျောင်ဂုစကားကို ထယ်ယောင်းက ထောက်ခံချင်ပုံမပေါ်။ နှုတ်ခမ်းလေး မဆိုသလောက် စူကာ ခေါင်းလေးငုံ့၍ မြေကြီးကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေသည်။
Omega ဖြစ်သော်လည်း မိန်းကလေးတစ်ယောက် မဟုတ်သည်မို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ မနေချင်တာ ဂျောင်ဂုသိပါသည်။ ယောက်ျားလေးတစ်ယောက်ပဲမို့ တိုက်ရည်ခိုက်ရည်တွေ ရှိချင်တာလည်း သဘောပေါက်ပါသည်။ သို့ပေမဲ့ ဒါတွေကို အသာထား၊ ဒီ Omega ဟာ မိမိချစ်ရသူမို့ အထိအခိုက် နဲနဲလေးမှ မခံချင်တာတော့ အမှန်။
သို့သော်လည်း မျက်နှာလေး ညိုးနေကာ ဝမ်းနည်းနေပုံပေါ်သော Omega ပေါက်ကို ကြည့်ပြန်တော့လည်း စိတ်မကောင်း။ ဒါကြောင့် သူ့ပျော်ရွှင်မှု ဆန္ဒအား အလိုလိုက်ရပါတော့သည်။
"ကောင်းပြီ၊ မောင် ဆက်သင်ပေးမယ်"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ခေါင်းလေးဆတ်ခနဲ မော့လာကာ မျက်လုံးလေးများက အရောင်များ ချက်ချင်းတောက်ပလာသယောင်။
"တကယ်ပြောတာလား"
"မောင်က နောက်စရာလား၊ ဒါပေမဲ့ သေသေချာချာလုပ်ရမယ်နော်"
အဲ့တော့မှ ထယ်ယောင်းမှာ ဝမ်းသာအားရနဲ့ အစွမ်းကုန်ပြုံးပြလာရင်း ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြသည်။ ပြီးတာနဲ့ ချက်ချင်း ဂျောင်ဂုလက်ထဲမှ သေနတ်ကို ပြန်ဆွဲယူကာ အဝေးက သစ်ပင်အလယ်တည့်တည့်ကို စတင်ချိန်တော့သည်။ ခုနက အတွေ့အကြုံ တစ်ကြိမ်ရှိပြီးသားမို့ အရမ်းတော့ မခက်ခဲတော့။
"မင်းကြီး"
ဒိုင်း
"အမလေးဗျ"
စက္ကန့်ပိုင်းအတွင်းဖြစ်သွားသော အဖြစ်အပျက်တို့ကြောင့် ထယ်ယောင်းကိုယ်လုံးလေးမှာ တုန်ခနဲ။
အနောက်တွင် အထိန်းတော် ဂွမ်ဆူက ဘယ်အချိန်ထဲက ရောက်နေမှန်းမသိ၊ ဂျောင်ဂုကို ရုတ်တရက် ခေါ်လာသည်မို့ ထယ်ယောင်းမှာလည်း အလန့်တကြား လှည့်ကြည့်မိရာ သေနတ်ကျည်ဆန်က ထွက်သွားခြင်းပင်။
ကံကောင်းသည်က ဂွမ်ဆူ့ကို မထိဘဲ ဘေးသို့ ချော်ထွက်သွားခဲ့ခြင်းပင်။ သို့သော်လည်း ဂွမ်ဆူမှာတော့ ထိတ်လန့်မှုကြောင့် မြေပြင်ပေါ် ဖင်ထိုင်လျက်နဲ့ လဲကျရှာ၏။
အသိပြန်ဝင်တော့မှ ထယ်ယောင်းမှာ ပြာပြာသလဲနဲ့ ဂွမ်ဆူနားတွင် ဝင်ထိုင်လိုက်ရင်း
"အ...အထိန်းတော်ကြီး.. အဆင်ပြေရဲ့လား၊ တောင်းပန်ပါတယ် ကျွန်တော်က.."
"မခံယူဝံ့ပါဘူး၊ ရပါတယ် အရှင်၊ ကျွန်...ကျွန်တော် အဆင်ပြေပါတယ်"
ဂွမ်ဆူမှာ ထိတ်လန့်မှုကြောင့် ဟန်လုပ်၍ အတင်းပြုံးပြပြီး ထိုင်နေရာမှ အမြန်ထလိုက်ရသည်။ အဲ့တော့မှ ထယ်ယောင်းလည်း ထိုင်ရာမှ ပြန်ထကာ ဂျောင်ဂုကိုတစ်ချက် လှမ်းကြည့်လိုက်တော့ ဂျောင်ဂုက ဘာမှမဖြစ်သလိုပင် ငေးကြည့်နေသည်။
"မင်းကြီး၊ လျှောက်တင်စရာရှိလို့ပါ"
"အင်း"
"အမတ်ကြီး ကင်ဂျုံးဂုနဲ့ စစ်သူကြီး ဂန်ထယ်ဟွန်းတို့က အစီအစဉ်ဆွဲပြီးပါပြီ၊ ထိုအကြောင်းကို ကျွန်တော်မျိုးက လာလျှောက်တင်ရခြင်းပါ မင်းကြီး"
"ကောင်းပြီ၊ အခုလာခဲ့ပါမယ်၊ အထိန်းတော်ကြီး သွားနိုင်ပါပြီ"
ဂျောင်ဂုထံမှ ခွင့်ပြုချက်ရမှ ဂွမ်ဆူက ဦးညွှတ်ရင်း အနားက ထွက်သွားတော့သည်။
အဲ့တော့မှ ခေါင်းလေးငုံ့ကာ စိတ်မကောင်းဖြစ်နေဟန်ရှိသော ထယ်ယောင်းအား ဂျောင်ဂုက ခါးလေးမှ အသာဆွဲဖက်ရင်း
"မောင့်အသက် လန့်သွားလား၊ ဂွမ်ဆူလည်း ဘာမှမဖြစ်လို့ စိတ်မပူပါနဲ့"
"ထယ်က အသုံးမကျဘူးနော်၊ သေနတ်တောင် ဖြောင့်ဖြောင့် မပစ်တတ်ဘူး၊ အထိန်းတော်ကြီးကိုတောင် ကျည်ဆံမှန်တော့မလို့"
ငိုမဲ့မဲ့လေးနဲ့ ပြောလာသော ထယ်ယောင်းကို ကြည့်ကာ ဂျောင်ဂုလည်း စိတ်မကောင်း။ ထယ်ယောင်းကိုယ်လုံးလေးကို မိမိနဲ့ မျက်နှာချင်းဆိုင်သို့ အသာဆွဲလှည့်ကာ မေးဖျားလေးကနေ ကိုင်၍ မျက်နှာလေးကို မော့စေသည်။ ထယ်ယောင်းကလည်း အလိုက်သင့်လေး မော့လာကာ ဂျောင်ဂု မျက်ဝန်းတွေထဲ ငေးကြည့်လျက်။
"မောင့်အသက်က ဒီနေ့မှ သေနတ်ပစ် သင်တာလေ၊ ချက်ချင်းကြီး ဘယ်လိုလုပ်တတ်မှာလဲ"
"ဒါပေမဲ့.."
"မောင်မေးမယ်၊ မောင့်အသက်လေး ဓားကိုလည်း မွေးရာပါကျွမ်းတာလား၊ အများကြီး လေ့ကျင့်ပြီးမှ ကျွမ်းတာလား"
"အများကြီး.."
"အင်း အဲ့လိုပဲပေါ့၊ သေနတ်ကလည်း အခုပစ် အခုတတ်မှ မဟုတ်တာ၊ များများလေ့ကျင့်ပေးရင် ရသွားမှာပေါ့၊ အဲ့ဒါကြောင့် စိတ်မကောင်းမဖြစ်နဲ့ ဟုတ်ပြီလား"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်း နှုတ်ခမ်းထောင့်လေး ကော့တက်လာကာ ခေါင်းလေးငြိမ့်ပြရှာသည်။
"မောင့်အသက်က လိမ္မာလိုက်တာ၊ ဒါဆို မောင် နန်းဆောင်ကို ပြန်ပို့ပေးမယ်၊ ပြီးမှ မောင်က ပင်မနန်းဆောင်ဆီပြန်သွားမယ်"
"နေပါစေ၊ ကိုယ့်ဘာသာပြန်တတ်ပါတယ်၊ မောင်က ပင်မနန်းဆောင်ဆီ တန်းသွားလိုက်ပါ"
"မရပါဘူး၊ မောင့်အသက်ကို တစ်ယောက်ထဲ မလွှတ်နိုင်ဘူး"
"မောင်ကလည်း၊ ဘယ်သူက ဘာလုပ်မှာမို့လို့လဲ၊ လူကို ငပျော့ကြီး ထင်နေလား"
"မောင့်အသက်က ကမ္ဘာပေါ်မှာ အသန်မာဆုံးသူဖြစ်နေရင်တောင် မောင်ကတော့ ကာကွယ်ပေးနေဦးမှာပဲ"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်း တစ်ကိုယ်လုံး သွေးများ အထက်အောက် ပြောင်းပြန်စီးဆင်းသွားသယောင်။
ဂျောင်ဂုက ပြောပြီးတာနဲ့ ထယ်ယောင်းလက်လေးကိုလည်း အသာဆုပ်ကိုင်ကာ တောစပ်နားက နန်းဆောင်ဆီ ဦးတည်လေတော့သည်။ ထယ်ယောင်းလည်း ထပ်မပြောတော့ဘဲ အပြုံးရေးရေးလေးပြုံး၍ နှုတ်ပိတ်နေပြီး ဂျောင်ဂုလက်ကို ပြန်လည်ဆုပ်ကိုင်ကာ အနောက်က လိုက်သွားတော့သည်။
.
.
.
Eun Jee
(Zawgyi)
[Hello! Long time no see!
Love in the woods စာအုပ္ထဲမွာပါတဲ့ Extra သုံးပိုင္းျဖစ္ပါတယ္။ စာအုပ္ဝယ္တဲ့သူအခ်ိဳ႕က ဖတ္ၿပီးေလာက္ၿပီဆိုေပမယ့္ အားလုံးကို ဖတ္ေစခ်င္လို႔ ဒီမွာပါ တင္ေပးတာပါ။ တစ္ေန႕တစ္ပိုင္း တင္ေပးပါမယ္ရွင့္><]
.
.
.
ဒိုင္းး
ေသနတ္သံတစ္ခ်က္က တိတ္ဆိတ္ေနတဲ့ ေတာအုပ္ဝန္းေလးထဲ က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
ေသနတ္က်ည္ဆံက သစ္ပင္ အလယ္ဗဟိုခ်က္ရွိ အနီေရာင္အမွတ္အသား တည့္တည့္တြင္ စိုက္ဝင္၏။
"ဝါး.. ေမာင္က ေတာ္လိုက္တာ"
ေဘးကေန လက္ခုပ္ေလး တေျဖာင္းေျဖာင္းတီးကာ ခ်ီးက်ဴးေနပါေသာ Omega ေၾကာင့္ ေဂ်ာင္ဂု မိမိကိုယ္ကိုယ္ ဂုဏ္ယူစြာျဖင့္ အလိုလိုၿပဳံးမိသည္။
ထယ္ေယာင္းက ေသနတ္ပစ္သင္ခ်င္ပါသည္ဟူ၍ ပူဆာလာသည္က တစ္ေၾကာင္း၊ ေဂ်ာင္ဂုကလည္း သင္ေပးမယ္ဆိုၿပီး ကတိေပးထားသည္က တစ္ေၾကာင္းမို႔ ေသနတ္ပစ္ေလ့က်င့္ရန္ ၿခံဝန္းႀကီးတစ္ခု သီးသန႔္လုပ္လိုက္ရသည္။
"ေမာင့္အသက္ အလွည့္"
ေဂ်ာင္ဂုက ေျပာေျပာဆိုဆိုနဲ႕ ထယ္ေယာင္းလက္ထဲသို႔ ပစၥတိုေသနတ္ကို အသာထည့္ေပးလိုက္သည္။ ၿပီးမွ လက္ကို တန္းတန္းထားေစကာ ကိုယ္ကို တည့္တည့္မတ္ေစသည္။
"အရမ္းလည္း ေတာင့္မထားနဲ႕၊ ေပ်ာ့လည္းမထားနဲ႕၊ သက္ေတာင့္သက္သာ အေနအထားနဲ႕ပဲ ပစ္"
"ဟုတ္"
ရိုက်ိဳးစြာ ျပန္ေျပာၿပီး ေဂ်ာင္ဂု ေျပာတဲ့အတိုင္းေနကာ ေသနတ္ကို ပစ္မွတ္ဆီသို႔ ေသခ်ာအာ႐ုံစိုက္၍ ခ်ိန္လိုက္သည္။
"လက္အေနအထားက အဲ့လိုမဟုတ္ဘူး၊ ေမာင္ျပမယ္"
ေဂ်ာင္ဂုက ေျပာရင္း ထယ္ေယာင္းအေနာက္ကေန ပုခုံးကိုေက်ာ္ကာ လက္ေခ်ာင္းသြယ္ေလးမ်ားေပၚ ဖြဖြဆုပ္ကိုင္၍ လက္အေနအထားကို ကိုယ္တိုင္ ျပဳျပင္ေပးေနသည္။
ေဂ်ာင္ဂုဘက္က ဘယ္လိုေနလဲမသိေသာ္လည္း Alpha ၏ ရင္ခြင္ထဲ ျမဳပ္ေနေသာ ထယ္ေယာင္းမွာ ခ်က္ခ်င္းပင္ ႏွလုံးခုန္သံေတြ က်ယ္လာသည္မို႔ အေယာင္ေယာင္အမွားမွားေတြ ျဖစ္ကုန္သည္။
"ေမာင့္အသက္ကေလး"
"ဟင္"
"အာ႐ုံစိုက္ေလ၊ စိတ္ေတြလြင့္ေနတာလား"
"မ..မဟုတ္ပါဘူး၊ အာ႐ုံစိုက္ေနပါတယ္"
ေဂ်ာင္ဂုစကားေၾကာင့္ အနည္းငယ္ ရွက္သြားကာ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ရင္း ေသနတ္ပစ္ျခင္းကို အာ႐ုံျပန္စိုက္ရသည္။ ထယ္ေယာင္းရွက္ေနတဲ့ ပုံေလးကို ၾကည့္ကာ ေဂ်ာင္ဂု တစ္ေယာက္ထဲႀကိတ္၍ ၿပဳံးမိေသးသည္။ ပိုရွက္သြားမည္စိုး၍ စေနာက္ျခင္းမျပဳေတာ့။
"ကဲ..ပစ္မွတ္ တည့္တည့္ကို ၾကည့္ၿပီး ခ်ိန္"
ေဂ်ာင္ဂုေျပာတဲ့အတိုင္း အေဝးက သစ္ပင္၏ ဗဟိုခ်က္အား ေသခ်ာအာ႐ုံစိုက္၍ ခ်ိန္လိုက္သည္။ ေသနတ္ေျပာင္းဝနဲ႕ တည့္ေလာက္ၿပီဟူေသာ အေနအထားေရာက္မွ ထယ္ေယာင္း ရပ္လိုက္ကာ ေဂ်ာင္ဂုကို လွည့္ၾကည့္ရင္း
"ေမာင္၊ ဒါဆို တည့္ၿပီလားဟင္"
"တည့္ၿပီလို႔ယူဆရင္ ပစ္ၾကည့္"
"မတည့္ရင္ ဘယ္လိုလုပ္မလဲ"
"ေမာင့္အသက္က အခုမွ စပစ္မွာေလ၊ မတည့္လည္း ကိစၥမရွိပါဘူး"
ေဂ်ာင္ဂုက ေျပာလည္းေျပာ ထယ္ေယာင္းပါးေလးကိုလည္း နစ္ဝင္သြားသည္အထိ ႏွာေခါင္းနဲ႕ထိုးကာ နမ္းလာသည္။
"အာ..ေမာင္ကလည္း ဒီမွာ ခ်ိန္ထားတာ ျပန္လြဲကုန္ၿပီ"
"ေမာင္အသဲယားလို႔ပါကြာ၊ ေတာင္းပန္ပါတယ္၊ ျပန္ခ်ိန္လိုက္ေနာ္"
ၿပဳံးၿဖဲၿဖဲနဲ႕ ေျပာလာေသာ Alpha အား ထယ္ေယာင္းမွာ မ်က္ေစာင္းထိုး႐ုံကလြဲၿပီး ဘာမွျပန္မလုပ္နိုင္။ ဒါေၾကာင့္ ဘာမွ ထပ္မေျပာေတာ့ဘဲ ပစ္မွတ္အား ေသခ်ာျပန္ခ်ိန္လိုက္ၿပီး တည့္ေလာက္ၿပီဟု ေသခ်ာေတာ့မွ
"ေမာင္၊ ပစ္ၿပီေနာ္"
"ဟုတ္ၿပီ ပစ္"
ဒိုင္း
ေဒါက္
"အာ့"
'ဒိုင္း' ဆိုသည္က က်ည္ထြက္သြားေသာအသံ။ 'အာ့' ဆိုသည္က ထယ္ေယာင္း၏ နာက်င္မႈေၾကာင့္ ထြက္လာေသာ အသံ။ 'ေဒါက္' ဆိုသည္ကေတာ့ က်ည္ထြက္သြားတဲ့အရွိန္နဲ႕ ေသနတ္က အေပၚျပန္လန္ကာ ထယ္ေယာင္း နဖူးကို ရိုက္မိသြားေသာအသံ။
ထိုအျခင္းအရာေၾကာင့္ ေဂ်ာင္ဂုမွာ မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕ ျပာျပာသလဲျဖစ္သြားကာ ထယ္ေယာင္းနဖူးေလးကို လက္ဖဝါးနဲ႕အသာ ပြတ္ေပးရင္း
"ေမာင့္အသက္၊ အရမ္းနာသြားလား၊ ေမာင့္ကို ေျပာပါဦး၊ ၪုံဖြ ၪုံဖြ"
ေျပာလည္းေျပာ ထယ္ေယာင္းနဖူးေလးကို လက္နဲ႕ပြတ္လိုက္၊ ဖြဖြေလးနမ္းလိုက္နဲ႕ တစ္ေယာက္တည္း အလုပ္ရႈပ္ေနေသာ Alpha ေၾကာင့္ ထယ္ေယာင္းမွာ မၿပဳံးဘဲမေနနိုင္။
"အရမ္းမနာပါဘူး ရပါတယ္"
"မရဘူး၊ ေမာင့္အသက္ကို နဲနဲေလးေတာင္ အထိခိုက္ခံေစခ်င္တာ မဟုတ္ဘူး... သြားရေအာင္ ေသနတ္ပစ္မက်င့္နဲ႕ေတာ့"
ေဂ်ာင္ဂုက ေျပာေျပာဆိုဆိုနဲ႕ ထယ္ေယာင္းလက္ထဲမွ ေသနတ္ကို ျဖတ္ယူကာ လက္ေလးကို အသာဆြဲကိုင္ၿပီး ထိုေနရာမွ ထြက္သြားရန္ လုပ္ေသာ္လည္း ထယ္ေယာင္းကမူ တုတ္တုတ္မလႈပ္။
"ထယ္ ပစ္ၾကည့္ခ်င္ေသးတယ္၊ ဒါက ပထမဆုံးအႀကိမ္ဆိုေတာ့ ဒီေလာက္ေတာ့ ရွိမွာေပါ့၊ ဆက္သင္ေပးပါေနာ္"
ေလေျပေလးနဲ႕ ေျပာလာေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုစိတ္ေတြ အလိုလို ေျပေလ်ာ့လာရသည္။ သို႔ေပမဲ့ ထပ္ၿပီး ထိခိုက္မိမွာ စိုးသည္မို႔ စိတ္ကို လြယ္လြယ္မေလွ်ာ့ပစ္ဘဲ တင္းထားရမည္ျဖစ္သည္။
"ေမာင့္ကို ကတိေပးထားတာကို ေမ့သြားတာလား၊ တိုက္ပြဲေတြထဲ ထပ္ၿပီး မဝင္ေတာ့ဘူးဆိုတာေလ"
"သိပါတယ္"
"အဲ့ေတာ့ ေမာင့္အသက္ ေသနတ္ပစ္တတ္စရာမလိုပါဘူး၊ ဒါေၾကာင့္ သားေလးနဲ႕အတူ နန္းေဆာင္မွာပဲ ေနေလ၊ ဟုတ္ၿပီလား"
ေဂ်ာင္ဂုစကားကို ထယ္ေယာင္းက ေထာက္ခံခ်င္ပုံမေပၚ။ ႏႈတ္ခမ္းေလး မဆိုသေလာက္ စူကာ ေခါင္းေလးငုံ႕၍ ေျမႀကီးကိုသာ မ်က္ေတာင္ မခတ္တမ္း စိုက္ၾကည့္ေနသည္။
Omega ျဖစ္ေသာ္လည္း မိန္းကေလးတစ္ေယာက္ မဟုတ္သည္မို႔ ႏူးႏူးညံ့ညံ့ သိမ္သိမ္ေမြ႕ေမြ႕ မေနခ်င္တာ ေဂ်ာင္ဂုသိပါသည္။ ေယာက္်ားေလးတစ္ေယာက္ပဲမို႔ တိုက္ရည္ခိုက္ရည္ေတြ ရွိခ်င္တာလည္း သေဘာေပါက္ပါသည္။ သို႔ေပမဲ့ ဒါေတြကို အသာထား၊ ဒီ Omega ဟာ မိမိခ်စ္ရသူမို႔ အထိအခိုက္ နဲနဲေလးမွ မခံခ်င္တာေတာ့ အမွန္။
သို႔ေသာ္လည္း မ်က္ႏွာေလး ညိုးေနကာ ဝမ္းနည္းေနပုံေပၚေသာ Omega ေပါက္ကို ၾကည့္ျပန္ေတာ့လည္း စိတ္မေကာင္း။ ဒါေၾကာင့္ သူ႕ေပ်ာ္႐ႊင္မႈ ဆႏၵအား အလိုလိုက္ရပါေတာ့သည္။
"ေကာင္းၿပီ၊ ေမာင္ ဆက္သင္ေပးမယ္"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ ေခါင္းေလးဆတ္ခနဲ ေမာ့လာကာ မ်က္လုံးေလးမ်ားက အေရာင္မ်ား ခ်က္ခ်င္းေတာက္ပလာသေယာင္။
"တကယ္ေျပာတာလား"
"ေမာင္က ေနာက္စရာလား၊ ဒါေပမဲ့ ေသေသခ်ာခ်ာလုပ္ရမယ္ေနာ္"
အဲ့ေတာ့မွ ထယ္ေယာင္းမွာ ဝမ္းသာအားရနဲ႕ အစြမ္းကုန္ၿပဳံးျပလာရင္း ေခါင္းေလး တဆတ္ဆတ္ၿငိမ့္ျပသည္။ ၿပီးတာနဲ႕ ခ်က္ခ်င္း ေဂ်ာင္ဂုလက္ထဲမွ ေသနတ္ကို ျပန္ဆြဲယူကာ အေဝးက သစ္ပင္အလယ္တည့္တည့္ကို စတင္ခ်ိန္ေတာ့သည္။ ခုနက အေတြ႕အႀကဳံ တစ္ႀကိမ္ရွိၿပီးသားမို႔ အရမ္းေတာ့ မခက္ခဲေတာ့။
"မင္းႀကီး"
ဒိုင္း
"အမေလးဗ်"
စကၠန႔္ပိုင္းအတြင္းျဖစ္သြားေသာ အျဖစ္အပ်က္တို႔ေၾကာင့္ ထယ္ေယာင္းကိုယ္လုံးေလးမွာ တုန္ခနဲ။
အေနာက္တြင္ အထိန္းေတာ္ ဂြမ္ဆူက ဘယ္အခ်ိန္ထဲက ေရာက္ေနမွန္းမသိ၊ ေဂ်ာင္ဂုကို ႐ုတ္တရက္ ေခၚလာသည္မို႔ ထယ္ေယာင္းမွာလည္း အလန့္တၾကား လွည့္ၾကည့္မိရာ ေသနတ္က်ည္ဆန္က ထြက္သြားျခင္းပင္။
ကံေကာင္းသည္က ဂြမ္ဆူ႕ကို မထိဘဲ ေဘးသို႔ ေခ်ာ္ထြက္သြားခဲ့ျခင္းပင္။ သို႔ေသာ္လည္း ဂြမ္ဆူမွာေတာ့ ထိတ္လန႔္မႈေၾကာင့္ ေျမျပင္ေပၚ ဖင္ထိုင္လ်က္နဲ႕ လဲက်ရွာ၏။
အသိျပန္ဝင္ေတာ့မွ ထယ္ေယာင္းမွာ ျပာျပာသလဲနဲ႕ ဂြမ္ဆူနားတြင္ ဝင္ထိုင္လိုက္ရင္း
"အ...အထိန္းေတာ္ႀကီး.. အဆင္ေျပရဲ႕လား၊ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္က.."
"မခံယူဝံ့ပါဘူး၊ ရပါတယ္ အရွင္၊ ကြၽန္...ကြၽန္ေတာ္ အဆင္ေျပပါတယ္"
ဂြမ္ဆူမွာ ထိတ္လန႔္မႈေၾကာင့္ ဟန္လုပ္၍ အတင္းၿပဳံးျပၿပီး ထိုင္ေနရာမွ အျမန္ထလိုက္ရသည္။ အဲ့ေတာ့မွ ထယ္ေယာင္းလည္း ထိုင္ရာမွ ျပန္ထကာ ေဂ်ာင္ဂုကိုတစ္ခ်က္ လွမ္းၾကည့္လိုက္ေတာ့ ေဂ်ာင္ဂုက ဘာမွမျဖစ္သလိုပင္ ေငးၾကည့္ေနသည္။
"မင္းႀကီး၊ ေလွ်ာက္တင္စရာရွိလို႔ပါ"
"အင္း"
"အမတ္ႀကီး ကင္ဂ်ဳံးဂုနဲ႕ စစ္သူႀကီး ဂန္ထယ္ဟြန္းတို႔က အစီအစဥ္ဆြဲၿပီးပါၿပီ၊ ထိုအေၾကာင္းကို ကြၽန္ေတာ္မ်ိဳးက လာေလွ်ာက္တင္ရျခင္းပါ မင္းႀကီး"
"ေကာင္းၿပီ၊ အခုလာခဲ့ပါမယ္၊ အထိန္းေတာ္ႀကီး သြားနိုင္ပါၿပီ"
ေဂ်ာင္ဂုထံမွ ခြင့္ျပဳခ်က္ရမွ ဂြမ္ဆူက ဦးၫႊတ္ရင္း အနားက ထြက္သြားေတာ့သည္။
အဲ့ေတာ့မွ ေခါင္းေလးငုံ႕ကာ စိတ္မေကာင္းျဖစ္ေနဟန္ရွိေသာ ထယ္ေယာင္းအား ေဂ်ာင္ဂုက ခါးေလးမွ အသာဆြဲဖက္ရင္း
"ေမာင့္အသက္ လန႔္သြားလား၊ ဂြမ္ဆူလည္း ဘာမွမျဖစ္လို႔ စိတ္မပူပါနဲ႕"
"ထယ္က အသုံးမက်ဘဴးေနာ္၊ ေသနတ္ေတာင္ ေျဖာင့္ေျဖာင့္ မပစ္တတ္ဘူး၊ အထိန္းေတာ္ႀကီးကိုေတာင္ က်ည္ဆံမွန္ေတာ့မလို႔"
ငိုမဲ့မဲ့ေလးနဲ႕ ေျပာလာေသာ ထယ္ေယာင္းကို ၾကည့္ကာ ေဂ်ာင္ဂုလည္း စိတ္မေကာင္း။ ထယ္ေယာင္းကိုယ္လုံးေလးကို မိမိနဲ႕ မ်က္ႏွာခ်င္းဆိုင္သို႔ အသာဆြဲလွည့္ကာ ေမးဖ်ားေလးကေန ကိုင္၍ မ်က္ႏွာေလးကို ေမာ့ေစသည္။ ထယ္ေယာင္းကလည္း အလိုက္သင့္ေလး ေမာ့လာကာ ေဂ်ာင္ဂု မ်က္ဝန္းေတြထဲ ေငးၾကည့္လ်က္။
"ေမာင့္အသက္က ဒီေန႕မွ ေသနတ္ပစ္ သင္တာေလ၊ ခ်က္ခ်င္းႀကီး ဘယ္လိုလုပ္တတ္မွာလဲ"
"ဒါေပမဲ့.."
"ေမာင္ေမးမယ္၊ ေမာင့္အသက္ေလး ဓားကိုလည္း ေမြးရာပါကြၽမ္းတာလား၊ အမ်ားႀကီး ေလ့က်င့္ၿပီးမွ ကြၽမ္းတာလား"
"အမ်ားႀကီး.."
"အင္း အဲ့လိုပဲေပါ့၊ ေသနတ္ကလည္း အခုပစ္ အခုတတ္မွ မဟုတ္တာ၊ မ်ားမ်ားေလ့က်င့္ေပးရင္ ရသြားမွာေပါ့၊ အဲ့ဒါေၾကာင့္ စိတ္မေကာင္းမျဖစ္နဲ႕ ဟုတ္ၿပီလား"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္း ႏႈတ္ခမ္းေထာင့္ေလး ေကာ့တက္လာကာ ေခါင္းေလးၿငိမ့္ျပရွာသည္။
"ေမာင့္အသက္က လိမၼာလိုက္တာ၊ ဒါဆို ေမာင္ နန္းေဆာင္ကို ျပန္ပို႔ေပးမယ္၊ ၿပီးမွ ေမာင္က ပင္မနန္းေဆာင္ဆီျပန္သြားမယ္"
"ေနပါေစ၊ ကိုယ့္ဘာသာျပန္တတ္ပါတယ္၊ ေမာင္က ပင္မနန္းေဆာင္ဆီ တန္းသြားလိုက္ပါ"
"မရပါဘူး၊ ေမာင့္အသက္ကို တစ္ေယာက္ထဲ မလႊတ္နိုင္ဘူး"
"ေမာင္ကလည္း၊ ဘယ္သူက ဘာလုပ္မွာမို႔လို႔လဲ၊ လူကို ငေပ်ာ့ႀကီး ထင္ေနလား"
"ေမာင့္အသက္က ကမာၻေပၚမွာ အသန္မာဆုံးသူျဖစ္ေနရင္ေတာင္ ေမာင္ကေတာ့ ကာကြယ္ေပးေနဦးမွာပဲ"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္း တစ္ကိုယ္လုံး ေသြးမ်ား အထက္ေအာက္ ေျပာင္းျပန္စီးဆင္းသြားသေယာင္။
ေဂ်ာင္ဂုက ေျပာၿပီးတာနဲ႕ ထယ္ေယာင္းလက္ေလးကိုလည္း အသာဆုပ္ကိုင္ကာ ေတာစပ္နားက နန္းေဆာင္ဆီ ဦးတည္ေလေတာ့သည္။ ထယ္ေယာင္းလည္း ထပ္မေျပာေတာ့ဘဲ အၿပဳံးေရးေရးေလးၿပဳံး၍ ႏႈတ္ပိတ္ေနၿပီး ေဂ်ာင္ဂုလက္ကို ျပန္လည္ဆုပ္ကိုင္ကာ အေနာက္က လိုက္သြားေတာ့သည္။
.
.
.
Eun Jee