ပန်းမြိုင်လယ်က မောင့်ချစ်သူ
By nyithuya02
35.2K 1.8K 103
ရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင... More
ep1
ep2
ep3
ep4
ep5
Ep6
Ep7
ep8
ep9
ep10
ep11
ep12
Ep13
ep14
ep15
ep 17
ep18
ep19
ep20
ep21 (18+)
ep 22
ep23
ep24
ep25 (18+)
Ep26
ep27
ep28
သတိပေးချက်
Ep29
Ep30
Ep31
EP32
တောင်းပန်လွှာ
Ep33
Ep34
Ep35
EP 36
Ep37
Ep 38
Ep39
Ep40(the end)
ep16
612 40 0
By nyithuya02
unicode
"သာယာ ရေ...သာယာ..."
အိမ်ရှေ့မှ ခပ်သြသြ အသံ တစ်သံကြောင့်
ဒေါ်ခင်အေး မှာ အိမ်ရှေ့ ဝါးစင်တွင် ထိုင်နေရကနေ တုန့်ပြန်သံ ပေး လိုက်သည်။
"အေး ရှိတယ်ဟေ့ ဝင်ခဲ့.. "
..
"အော် ဘယ်သူများ လဲ လို့ မြို့သား ပါလား.. "
"ဟုတ် ဒေါ်ဒေါ်.... သာယာ့ကို လာခေါ်တာ...
အလှည့် လှည့်တော့မှာ ဆို လို့... "
"အေး ကွယ် ၃နာရီ လှည့််မယ် ပြော တာ အခု
၂နာရီ၁၅လောက် ရှိပြီမလား... မင်းရဲ့ ညီ အခုထိ အလှပြင်လို့ မပြီးသေးလို့ ငါ ထိုင်စောင့်နေတာ
လိမ်းထား တဲ့ သနပ်ခါးတောင် နေပူလို့ အရည်ပျော်ကျ တော့မယ်... သူက ခု ထိ မပြီးသေးဘူး..."
"ဟားဟား..ဟုတ်လား... "
"ဟုတ်ပတော်.... သာယာအေး!မပြီးသေးဘူးလား
ဒီမှာ မြို့သားတောင် ရောက် နေပြီ....လာတော့"
ဒီတစ်ချိန် ဒေါ်ခင်အေးရဲ့ မာန်ပါပါ အသံ ကြောင့်
သာယာအေး ခမျာ အ​ပြေးလေး အိမ်ရှေ့ သို့ ထွက် လာသည်။..
ထွက်လာလာခြင်း အိပ်ပေါက်ဝ တံခါး မှာပင်..
ရုတ်တရက် ခြေလှမ်းတို့ ရပ်တန့်သွားသည်။
အမေနှင့် စကားပြောပြီး ဝါးစင် ဘေး တွင် မတ်တပ်ရပ်နေသော သူ
ဆံပင်ကို အနောက်ကို လှန်တင်၍ ဖြီးထားသောသူ၊ နဖူးကျင်းကျင်းတွင် မျက်ခုံးတန်းတန်းလေးတွေက နေရာယူသည်။
လည်ဂတုံး စတစ် အကျီ အဖြူရောင် ကို
နီညိုရောင် ဇာပုဆိုး ဖြင့် တွဲ ဝတ်ထားသည်။
ပုဆိုးကို ခြေမျက်စိဖုံး ထိ ဝတ်ထား ပေမဲ့
ကတ္တီပါ အနက်ရောင် လေး စီးထားသည့် သွေးကြောစိမ်းစိမ်းလေးများ သွယ်ရှက်နေတဲ့ ခြေထောက်လေးဖွေးဖွေးလေးက ရှေ့သို့ ထွက်နေသည်။
တံခါးဝ မှာ ကြောင်ကြောင်လေး ရပ် နေတဲ့ ကျနော့်ကို မြင်တော့ သူက ပြုံး ပြသည်။
_အင်း.. အ့ဒီ အပြုံး.. အဲ့ဒီအပြုံးကို ကျုပ် တစ်ယောက်က လွဲရင် ဘယ်သူ့ကိုမှ မပြုံးပြရဘူး..
ပြုံးလိုက်တိုင်း တွန့်သွားတဲ့ နှုတ်ခမ်းပေါ်က မှဲ့စိမ်းလေး ကို ကျနော် သဘော ကျတယ်၊ ဒါကြောင့် တွေ့ရာလူတိုင်း ပြုံးမပြနဲ့.. _
"ဟဲ့ သာယာအေး ဘာ ကြောင်ကြည့်နေတာလဲ သွား မယ်... နောက်ကျ နေပြီ... "
ဝါးစင်မှာ ထိုင်နေသည့် ဒေါ်ခင်အေးမှ ထလာကာ..တံခါးဝ မှာ ကြောင်ရပ်နေသည့် သားဖြစ်သူရဲ့ လက် မောင်း ကို ရိုက်ကာ ပြော သည်မို့ သာယာအေး အသိဝင် သွားသည်။
"ဟုတ် သွား မယ်... သွားသွား အမေ ရှေ့က သွား.."
ဒေါ်ခင်အေးမှ အရှေ့က စထွက်သွားသည်။
ဒေါ်ခင်အေးရဲ့ နောက် ခြေလှမ်း ၅ လှမ်း အကွာတွင် မင်းရေစက်ထင် နဲ့သာယာအေး မှာ ဘေးချင်းယှဉ်လျှောက်လာ လိုက်လာသည်။
သာယာအေးမှာ လမ်းလျှောက်ရင်း မင်းရေစက်ထင်ရဲ့ ခြေထောက် က်ိုပဲ ကြည့် နေသည်။ ဒါကို မင်းရေစက်ထင် က သတိ ထား မိကာ.. မလုံမလဲ ဖြစ်ကာ မေး လိုက်သည်။
"သာယာ...မောင့် ခြေထောက်မှာ ဘာ ပေ နေ လို့ လဲ.. "
"ဘဘောကျ လို့... မောင်... အဲ့လေ.. ခများ ကတ္တီပါ ဖိနပ်လေး နဲ့ လိုက်တယ်... "
သာယာအေးရဲ့ မတုံ့မဆိုင်း ဖြေ လိုက်တဲ့ အဖြေကြောင့် မင်းရေစက်ထင် သဘောကျကာ ရယ် လိုက်သည်။
"ဟားဟား..သာယာရယ်... မောင့်မှာ ဘာများလဲ လို့... ဒါနဲ့ သာယာ...ပါးစပ်က မောင် လို့ ယောင်ပြီး ထွက်လိုက်တယ်မလား... "
"မထွက်ပါဘူး ဘယ်တုန်းကလဲ ခများ..မဟုတ်တာမပြောနဲ့... "
"မောင် နား နဲ့ ဆက်ဆက် ကြားလိုက်တာပါ...
မောင် များ နားကြား လွဲ သလား..."
"ဟုတ်မှာပေါ့ ဘယ်သိမလဲ.. "
သာယာအေးမှ နှုတ်ခမ်းလေးဆူကာ.. မသိချင်ယောင်ဆောင်ပြီး တဘက်ကို လှည့်ကာ လမ်းဆက်လျှောက်သည်။
ဘုန်းကြီးကျောင်း ကို ရောက်တော့... ဘုန်းကြီးကျောင်းဝိုင်း အတွင်း လူအများ ရှုပ်ယှက်ခက်နေသည်။
မန်းကျည်းပင် အကြီးကြီး ထက်က ဂေါ်လံဝင်း
ခေါ်.. လော် (ဟိုလော် မဟုတ်ဘူးနော် ဟဲ့) အကြီးကြီး ဆီကနေ ရွာဆော် ဉီးဘဆန်း ရဲ့ မိုက်နှင့်အော်သံ သည် ...တစ်ရွာလုံး လွှမ်းလေတော့သည်။
"ဟလို... ဟလို...စက်ဆရာရေ မိုက်သံ နဲနဲ တင်ပါအုန်းဟ... ဟလို... တဆီ..ဟလို..အေး ရပြီရပြီ..
အဟမ်း... ကျေးရွာ အတွင်း ရှိ အမျိုးသား၊ အမျိုးသမီး များ ရှင်လောင်း လှည့် ဖို့ အချိန် နရီ ကျ လာပါ ပြီ ခများ... အလှူ့ဒကာ ၊ အလှူ့အမ နဲ့ သပိတ်လွယ်မဲ့ ရှင်လောင်းရဲ့ မိဘတွေလည်း စုံလင်နေပါပြီ ..အဲ့တာကြောင့် မို့ သိမ် ထဲ သို့ မြန်ဆုံး ကြွရောက်ကြပါရန်.. ကျုပ် ရွာဆော်ကြီးမှ နှိုးဆော်ပါတယ်... ခများ.. "
ရှင်လောင်း မလှည့် ခင် တရား နာရအုန်း မည် မို့
သိမ် ထဲတွင် လူစု နေရခြင်း ဖြစ်သည်။ တရား နာ ပြီး မှ အစင် လိုက် အတိုင်း ရှင်လောင်း လှည့် မည် ဖြစ်သည်။
သိမ်ထဲတွင် ..သံဃာစင် ရှေ့၌ လှူဖွယ်ပစ္စည်းများနှင့် ရှင်လောင်းလှည့်တွင် ပါဝင်မည့် ပစ္စည်းများ ခင်းကျင်း ထားသည်။ ထိုအရာ များ ရှေ့တွင့် မောင်ရှင်လောင်း ၅ပါး ၊ နားသ ၆ပါး နှင့် အလှူရှင် ဒါယိကာ၊ဒါယိကာမများ၊ သပိတ်လွယ်များ အတန်းလိုက် ထိုင်ကာ..ကျောင်း ထိုင်ဘုန်းဘုန်း ကြွလာမည်ကို စောင့်နေ ကြ သည်။
သာယာအေးနှင့် မင်းရေစက်ထင် တို့ကတော့
ကွမ်းတောင်ပန်းတောင် ကိုင်မည့် အပျိုလေးများရဲ့ နောက်မှာ ထိုင်သည်။
ဘုန်းဘုန်း ကြွ လာပြီး တရားနာ ပြီး သည်နှင့်
ရှင်လောင်း လှည့် စရန် ဉီးဇင်း ပညာ မှ မိုက်နဲ့ကြေညာ ပါတော့ သည်။
"ဟလို.. ဟလို...အလှူ့ဒါယိကာ ဉီးသောင်းစိန် ၊ အလှူ့ဒါယိကာမ ဒေါ်ကြေးမုံး ၊ သား မောင် သောင်းဘွဲ့ တို့၏သား ရှင်ပြု အလှူ စတင်တော့ပါမည်..
ရှင်လောင်း လှည့် စထွက်တော့မည် ဖြစ်၍ ဉီးဇင်း နာမည် ခေါ်တဲ့သူတွေ့က စင်ဝင်ရှေ့မှာ ရပ်ပြီး မုဒ်ပေါက် ဆီကိုသွားပေးပါ ...ပထမဆုံး ဘုရားကား ရှေ့ မှ ပေါက်ပေါက်ကျဲမဲ့ မင်းရေစက်ထင် နဲ့ သာယာအေး နေရာယူပေးပါ..၊ အ့နောက်က
ဘုရားကား ဝင်ပေး ပါ.. ၊ အဲ့နောက်က..ပန်းအိုးကိုင်မဲ့ အမျိုးသမီးကြီးများ အဖွဲ့..၊ အ့နောက်က မောင်ရင်လောင်းများ ၊ အဲ့နောက်က
အလှူ့ရှင် ကိုသောင်းစိန်နဲ့ မကြေးမုံ လိုက်ပေးပါ။
ပြီးရင် သပိတ်လွဲများ၊ သူ့နောက်က.. နားသ များ
အဲ့နောက်က ဖက်စိမ်းကွမ်းထောင်ကိုင်မဲ့ ကြာဉ တို့အဖွဲ့ ၊ အဲ့နောက်ကဖျာ လိပ်ကိုင်များ ၊ ငွေဖလား ကိုင်များ အသီးသီးနေရာယူပေးကြပါ၊ နောက်ပြီး.. သက်န်းပန်းအိုး ကိုင်မဲ့ သူများ ၊ သူတို့အနောက်မှာ ရွှဲတိုက်မဲ့ နွားလှည်း ၊ နောက်ပြီး ဆိုင်း လှည်း လိုက်မယ်.... ဖြည်းဖြည်း ချင်း စထွက်ပါနော်... "
ဉီးဇင်း မိန့်ညားပြီးသည်နှင့် ဆိုင်းသံ တစ်ညံ ညံ နဲ့ ရှင်လောင်းလှည့် သီချင်းသံ ထွက်ပေါ်လာပါ သည်။
ရှင်လောင်း လှည့် အရှေ့ ဆုံးမှာတော့..
"သာယာ... ပေါက်ပေါက် ကမစား နဲ့လေ.. ကျဲဖို့ပေးထားတာကို.."
"ဘာဖြစ်လည်း... နဲနဲ စားတော့.. "
"လူတွေ ကြည့်နေတယ်လေ.. သာယာရဲ့.. "
"ဂရုမစိုက်ပါဘူး... ရွာကလူတွေ မြင်ဖူးသားပဲ.."
"မောင့် စကား ကို နား မထောင်ဘူးပေါ့... "
"ဘာမောင်လဲ... အဖြေက မပေးရသေးဘူး..
သူ့ကိုယ်သူ တမောင်မောင်နဲ့ အံ့သြဘ..."
"မင်း ပြန်ချစ််မယ် ထင် လို့ ပေါ့... "
"ရှေ့မှာ နွားချေးပုံ..."
ပေါက်ပေါက်ကျဲရင်း စကားပြောကာ လျှောက်နေသည်မို့ သာယာအေးက ရှေ့ ကြည့်လျှောက်ပေမဲ့ ၊ မင်းရေစက်ထင်က သာယာအေး ဘက်ကိုသာ ကြည့် နေသည်မို့ လမ်းပေါ်က အရာတွေကို မမြင်နိုင်ပါ.... ။
မိမ်တို့နောက်က ဘုရား ကား ( ရှေးဟောင်း ဂျစ်ကား ကို အလှဆင်ထားပြီး အရှေ့အဖုံးပေါ်တွင် ပန်းအလှများဖြင့် ပင့်ဆောင်ထားသော ဘုရားဆင်းတု ပါသည်) က အသံချဲ့စက်နဲ့ ရှင်လောင်းလှည့် သီချင်း ဖွင့်ထားသည် မို့..
မင်းရေစက်ထင်နဲ့ သာယာအေးမှာ လူချင်း အနည်းငယ် ကပ်ခါ... စကား ပြော ရသည်။
ရွာလည် လမ်း မပေါ်လည်း ရောက်ရော..
သာယာအေးက မင်းရေစက်ထင်ရဲ့ ခြေထောက်ကို ကြည့်ပြန်သည်။
ပေါက်ပေါက် တစ်ဆုပ်ကျဲ လိုက် ခြေ ထောက်ကို ကြည့် လိုက် လုပ် ပြန်တော့ သာယာအေးကို အရိပ်တကြည့်ကြည့် ကြည့် နေတဲ့ မင်းရေစက်ထင် က မြင်သွားပြန်သည်။
"သာယာ..မောင့်ခြေထောက်ကို ကြည့်ပြန်ပြီလား..မောင် ခြေထောက်တောင် မလုံတော့ဘူး..
မနေတတ်တော့ဘူး..."
မင်းရေစက်ထင်ရဲ့ စကားကြောင့် သာယာအေးမှာ မျက်စောင်းတစ်ချက် ထိုးကာ.
"မကြည့်စေ ချင် ဘူးလား..ဒီက သဘောကျ လို့ကို"
"မဟုတ်ပါဘူး ....ကြည့်ပါ.. မောင့်ကို သာယာ ပိုင်တာ မို့ မောင့်ရဲ့ ဆံချည်တစ်မျှင်ကအစ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး သာယာ ကြည့်နိုင်တယ်.. "
မင်းရေစက်ထင်က သာယာအေးကို မျက်စိတစ်ဖက်မှိတ်ကာ စနောက် လိုက်သည်မို့.. သာယာအေးက အထာ ပေါက်သွားကာ..
ပေါက်ပေါက် အနည်း ငယ် နဲ့ ပစ်ပေါက် လိုက်သည်။
"အာ..ခများ..ဘာတွေ ပြောနေတာလဲ.. "
"မောင် က ရိုးရိုးပဲ ပြောတာပါ...ဟားဟား.."
....
🎵🎶
အလှူ့ဒါယိကာ ကြီးရယ် ကြည့်လိုက်စမ်းပါ..
ကျမတို့ အလှူကြီး အားကျစရာ...
တမြို့လုံးတနယ်လုံး အားလုံး ပီတိဖြစ်လိုက်တာ
လှူရတာ..ပျော်စရာကြီးပါ...
ရဟန်းခံ - ရှင်ပြု နားသ သိက္ခာထပ်တဲ့ အလှူမဂ်လာ ....မဏ္ဍပ် ကြီးက ခမ်းနားထည်ဝါ..
ဘိသိတ်ကြီးနဲ့ ဆိုင်းတော်မဂ်လာ..
အိုးစည်ဒိုးပတ် အဆိုအက စုံစွာ..
ဉီးရွှေရိုးနဲ့ ဒေါ်မိုးလည်းပါ..
ရပ်သူရွာသား..ဝိုင်းဝန်းလို့ကူညီကာ..ပေါင်းစည်ယကြညီညီညာ..
ပီတိ ဖြစ်တဲ့ ဒီ အလှူမဂ်လာ.....
..........
zawgyi
"သာယာ ရေ...သာယာ...
"အေး ရှိတယ်ဟေ့ ဝင်ခဲ့..
..
"အေး ကွယ် ၃နာရီ လှည့်မယ် ပြော တာ အခု
"ဟားဟား..ဟုတ်လား...
"ဟုတ်မှာပေါ့ ဘယ်သိမလဲ..
"မင်း ပြန်ချစ်မယ် ထင် လို့ ပေါ့...
"ရှေ့မှာ နွားချေးပုံ...
မနေတတ်တော့ဘူး...
....
Continue Reading
You'll Also Like
209K 11.8K 54
ကိုယ့်ဘ၀ရဲ့ ခက်ဆစ်အဖွင့်က မင်းတဲ့....
10.9K 262 14
Slow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤
39.8K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...
385K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."