ep8

748 56 3
                                    

unicode

လပြည့်ကျော် ၄ရက်နေ့...တစ်ခုသော..မနက်ခင်း

သာယာအေး တို့ ရွာ နှင့်...၄ မိုင်ခန့် ကွာဝေးသော
ရွာ ဘက်တွင်... နှမ်းစိုက် ရန် လူမရှိ၍ ထို နှမ်းခင်းပိုင်ရှင်က ဒေါ်အေးကြည်တို့ အဖွဲ့ကို လာ ငှား သည်။ ဒေါ်အေးကြည်တို့ အဖွဲ့ ၌ သာယာအေးလည်း ပါ လာ သည်။.. အ့လိုနှင့် တဖက်ရွာ က နှမ်းခင်းတွင် နှမ်းစိုက်သွားရန်... ရွာ လည် ရေစင် ရှေ့တွင့် ဒေါ်အေးကြည်တို့ လူစု နေသည်။

လူအင်အားက ၇ယောက် ခန့် ရှိမည်။ ထုံးစံ အတိုင်း ကိုရင်မောင်ရဲ့ နွားလှည်းနဲ့ သွားရန် စီ စဉ် ထား သည်။

"သာယာအေး နဲ့ သိန်းဆွေ ပဲ ကျန်တော့တာ မမိစန်းရေ...ဟော...ဟိုမှာ လာ ပြီ.. ”

ရွာ လည် ရေစင် ရှိရာသို့ သာယာအေးနဲ့ သိန်းဆွေ
ထမင်း ချိုင့် ကိုယ်စီ ဆွဲကာ..
လျှောက်လာကြသည် ။

"သားလေး တို့ နောက် ကျ လိုက်တာ.. ဟိုဘက်ရွာက အခင်းရှင်က... ပြောဆိုနေတော့မှာပဲ ..”

"ဟုတ်တယ် ဒေါ်အေးကြည်ရာ ကျုပ်တို့ နဲနဲနောက်ကျသွား တယ်... ဟဲဟဲ..”

သာယာအေးက စပ်ဖြဲဖြဲ နဲ့သာ ပြန်ဖြေသည်။
အကုန် လှည်းပေါ်တက်ပြီး စ ထွက်တော့ မည် အလုပ်..တစ်စုံတစ်ယောက် ပြေးရင်း အော်ပြောဟန် အသံ တစ်စုံကို ကြား လိုက်ရသည်။
လှည်းပေါ်က တစ်ဖွဲ့ လုံး အသံလာရာ ကြည့် လိုက်တော့...

"နေအုန်းဗျို့....ကျနော်လည်း လိုက် ​ချင် လို့... ”

ထမင်း ချိုင့် ၅ ဆင့် ချိုင့် ကြီးကို ဆွဲက ကမန်းကတန်း ပြေးလာသူကတော့ မြို့ကြီးသား မင်းရေစက်ထင် ပါ ။ ပြေးရင် ပုဆိုးက ကျွတ်ကျ တော့မည် ။ လက် တစ်ဖက်က ပုဆိုးကိိိုင်ထားသည်၊ ကျန်တစ်ဖက်က ထမင်းချိုင့်ကိုင်ထားသည်။
သူလည်း လှည်းနားရောက်လာ တော့ ဒေါ်အေးကြည်ကပဲ အစပြုကာ...

"မြို့သား ဘာလိုက်လုပ်မှာတုန်း... ဒေါ်ကြီးတို့က နဲနဲဝေးတဲ့ ရွာ ကို သွား ရမှာ... မဖြစ်ပါဘူး မင်းနဲ့”

"ဖြစ်ပါတယ် ဒေါ်အေးကြည်ရာ... ဒီလို သွားကြမယ်ဆိုတာ... မိုးလင်းမှ သိလို့... နို့မို့ဆို ကြိုပြောထားပါတယ်...ဟဲဟဲ ”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now