ep18

629 43 0
                                    

unicode

ကိုသောင်းစိန်တို့ အလှူပြီးသည်နှင့်
များအကြာမှီ..သီတင်းကျွတ် လ ကို ရောက်တော့သည်။
ဆောင်းမဝင်ခင်... အချိန်ပေမို့ ဆန်စပါးနှင့်ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ကျလေပြီ... ။

မခင်အေး တစ်ယောက် အိမ်ရှေ့ ဝါးစင်ပေါ်တွင်
ဆန် ပျာနေရင်း ခြေသံ လျှပ်လျှပ် ကြောင့်
ကြည့် မိတော့...ကြာဉ ဖြစ်နေလေ သည်။ ယ

"ဒေါ်လေး ခင်အေးး...”

"အေး... ကြာဉ ဘာကိစ္စ ရှိလို့လဲ ”

"တဘက်ခါ ကျရင် ဒေါ်လေး မြအေး တို့ စံပါးခင်း တခါထဲရိတ်ပြီး တခါထဲ စပါး ရိုက်မယ် တဲ့ ”

"ဘယ်လိုကြီးတုန်း မြအေး တို့ကလဲ... ရိတ်ပြီးမှ အေးဆေး မရိုက်ဘူး... ”

"မသိတော့ပါဘူး ဒေါ်လေး ခင်အေးရယ်.အဲ့တာ
သာယာအေး ကို လာပြော တာ... အ့ကောင်စုတ်ရော...”

"ဟွန်း.. ဟိုမှာပါတော်... ဘုရားစင်ရှေ့မှာ စက်တော်ခေါ်နေတယ်... ညနေစောင်းတော့မယ် မထသေးဘူး..”

သာယာအေးရှိရာကို မေးငေါ့ ပြ ပြီး ဆန်ထည့်ထားသည့် ဇကော ကို မြှောက်ခါ ပျာ လိုက်သည်။

"ဒါ ဆို သူနိုးရင် ပြော လိုက်ပါအုန်းနော် ဒေါ်လေး
ကျုပ်... တခြားသူတွေရော သွား ပြောရအုန်းမှာ ”

"အမလေး... ယောက္ခမကြီးက ခိုင်းတော့..
အပြေးလေး လုပ်ပေးရတယ်ပေါ့... ”

"အာ..ဒေါ်လေးကလဲ ကျုပ်နဲ့ ကိုရင်မောင်က သမီးရည်းစားမဟုတ်သေးပါဘူးတော့်.....ဒီနှစ်ရွာဘုရားပွဲမှ သူ့ကို အဖြေ ပေးမှာ.... ”

"အမလေး မိကြာဉရယ်... အဖြေတစ်ခုပေးဖို့အရေး... ဟိုမှဒီမှ လုပ်မနေနဲ့ ကိုရင်မောင်က လူရည်မွန်လေးပါ...”

"ဟုတ်ကဲ့ပါ...ဒေါ်လေးရဲ့... သမီးသွား ပြီ”

"အေး...အေး... ”

...........

ကြာဉလည်း သာယာအေး တို့အိမ်ကအပြန်
သိန်းဆွေတို့ အိမ်ကို ဆက်သွားသည်။
လက်တဝက်ရောက်တော့... မင်းရေစက်ထင် နှင့်တွေ့လေ သည်။

"ဟော...ကြာဉ ဘယ်က ပြန်လာတာလဲ... ”

"အော်... အကိုပါလား...ဟီးးဟီး..ဟိုဟာလေ..
တဘက်ခါ ကျရက်.. ကိုရင်မောင်တို့ စပါးခင်း
ရိတ်မှာမို့ သာယာအေးကို သွားပြောတာ...”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now