Ep33

506 35 13
                                    

unicode

"ဘာဗျ?!"

"ဟုတ်ပါတယ် ကိုမင်းရေစက်ထင် လုပ်ငန်းကနှစ်ရှည်စီမံကိန်းဖြစ်တဲ့အတွက် နောက်တနှစ်လောက်ထပ်နေပေးဖို့ တောင်းဆိုပါရစေ.."

"ဟာ မဖြစ်နိုင်တာ ကျတော့် လုပ်ငန်းတွေကို
ကျနော့် MD နဲ့ လက်လွဲခဲ့လို့ရနေတာပဲ နောက်ပြီး ကျနော် မြန်မာပြည်က လုပ်ငန်းတွေလည်းပြန်ကြည့်ရအုန်းမယ် "

"ဟုတ်ပါတယ် အခုကိစ္စက ဒီစီမံကိန်းမပြီးခင်
ကိုမင်းရေစက်ထင် ပြန်သွားရင် ရှယ်ယာတွေထိုးကျသွားလိမ့်မယ် နောက်ပြီးရှယ်ယာရှင်တွေအကုန်လုံးက လည်း ဒီစီမံကိန်းကိုသူတို့ကိုယ်တိုင် ပါဝင်တာပါ မည်သူမှ သူတို့လူယုံတွေကို မလွဲထားပါဘူးဗျ"

"အဓိပ္ပါယ်မရှိတာ ဗျာ.. "

"ဟုတ်ပါတယ် ကျနော်တို့လည်းမတတ်နိုင်ပါဘူး.. mr.alex ကိုယ်တိုင်ပါဝင်တာဆိုတော့ ပိုဆိုးပါတယ် နောက်ပြီး ဒီစီမံကိန်းအတွက် ရှယ်ယာစာချုပ်ချုပ်ထဲက စာချုပ်ထဲမှာ
လုပ်ငန်းရှင်ကိုယ်တိုင် ပါဝင်ရမှာဖြစ်ပြီး ရှယ်ယာကနှုတ်ထွက်မယ်ဆိုရင် ဝင်ထားတဲ့ရှယ်ယာ ရဲ့ အဆ ၂၀ပြန်လျော်ရပါ့မယ် "

"ဘာ... ဒီအကြောင်းတွေ ကျနော်လည်းမသိရပါလား "

"အော် ကိုမင်းရေစက်ထင် မသိဘူးကိုး..
ကျနော်က ဒေါ်ပုလဲရေစက်ခင် ပြောပြထားတယ်မှတ်လို့.. "

"သူ မပြောဘူး ကျနော့်ကို နှစ်ရှည်စီမံကိန်းကို
ခနပဲ သွားကြည့်ပြီးပြန်လာလို့ မှာလိုက်တာ.."

"ဒါက ကိုမင်းရေစက်ထင်တို့ မောင်နှမကြားက
စကားတွေပေါ့နော် အခု ဒီစီမံကိန်းအတွက် စာချုပ်က ကိုမင်းရေစက်ထင် နာမည်နဲ့ချုပ်ထားခဲ့တာ အ့တာကြောင့် ကိုမင်းရေစက်ထင် မြန်မာပြည်ကိုပြန်လို့မရပါဘူး ခင်မျာ
ကျနော်ကို့သွားခွင့်ပြုပါအုန်း.. "

"ကောင်းပြီ ဉီးကျော်စွာ"

ဉီးကျော်စွာ ထွက် သွားမှ မင်းရေစက်ထင် စားပွဲခုံကို လက်သီးဖြင့် အားပါပါ ထုချလိုက်သည်။

"ဒုန်းး"

"တောက် ....မမ မမ မောင်နှမချင်းကို ဒါမျိုးလုပ်ရက်တယ် အမြဲတမ်း ငါ့စိတ်ကိုမကြည့်ဘူး သူ့ဖြစ်ချင်ရာချည်ပဲ လုပ်တယ် ကဲကွာ.."

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now