Ep34

481 30 2
                                    

သတိရတိုင်း ကောင်းကင်ပြာကိုမော့ကြည့်မိတယ်.. တမိုးအောက်ထဲမှာ အတူရှိပါတယ်ဆိုတဲ့အတွေးနဲ့ နှလုံးသားကိုဖြေသိမ့်န်ိုင်ဖို့......

unicode

၁ နှစ်ခန့်ကြာပြီးနောက်

အရာရာဟာတနေ့ထက်တနေ့ပြောင်းလဲလျှက်ရှိသည်။
ရာသီတွေအလီလီပြောင်းလဲပြီး အခြေအနေတွေကလည်း အရင်ကလိုမဟုတ်တော့ ။
အခုဆို သာယာအေးလည်း ကလေးလေးကို အောင်မြင်စွာ မွေးဖွား ပြီးလေပြီ။
ကိုထက်မြတ်ထွဋ်ခေါင်ရဲ့ ကျေးဇူးတွေအများကြီးပါသည်။ သူ့ကြောင့်သာ ကလေးရော ၊ဖခင်ရော ကျန်းမာတာဖြစ်သည်။
ကိုထက်က သူအားတဲ့ရက်တိုင်း ရွာကိုလာလည်သည်။ သူမွေးပေးတဲ့ကျနော့်ကလေးကို ခဏခဏလာလာကြည့်ခြင်းဖြစ်သည်။
မလာနဲ့လို့တားလို့လည်းမရ သူ့ကျေးဇူးတွေပါနေတော့ အားနာရသည်။ ပိုဆိုးတာက ရွာကိုတခါလာလည်ရင် ကလေးအတွက် လိုအပ်တဲ့အသုံးအဆောင်တွေက အစဝယ်လာသည်၊တခါတခါ ကျနော်နဲ့အမေ့အတွက်ပါ ပါသေးသည်။ထိုအခါမျိုးဆို ပိုအားနာရသည်။
နောက်တော့ ကိုထက်က အခုဆို ကျနော်တို့
တောင်ကိုင်း ကျေးရွာ တစ်ရွာလုံးနဲ့ပင် ခင်မင်ရင်းနှီးနေပြန်သည်။

ရွာမှာ ဆေးခန်းမရှိတော့ ဆေးခန်းလေးတစ်ခုဆောက်ပြီး ရွာမှာ တောင် လာပြီးအခြေချနေချင်သေးတယ်ဟု အမေ့ကို ရွတ်နောက်နောက်စတတ်သေးသည်။
ကျနော်ကတော့ သူသည် ပါရဂူဘွဲ့ရ ခွဲစိတ်ဆရာဝန်မို့ ဒီလို တောရွာဇံနပုဒ် မှာ လာမနေစေချင်ပါ ၊ သူ့အဆင့်နဲ့ဆို နိုင်ငံခြားက ထိပ်တန်းဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်ရမဲ့အဆင့်ဖြစ်သည်။
သူက ဒီလို အေးချမ်းတဲ့တောရွာလေးတွေမှာ
ပရဟိတ ဆေးခန်းလေးဖွင့်ပြီး သူအိုသူနာနဲ့နာမကျန်းတဲ့သူတွေကို ကုသိုလ်ယူ ကုသပေးချင်ခဲ့တာဟုလည်း တဖွဖွပြောသေးသည်။

တစ်စုံတစ်ယောက် ကတော့ အခုထိ စာမလာ၊သတင်းမကြားရပေ။

နာကျင်ခဲ့ရတာပေါ့
ဒါပေမဲ့ မနာကျည်းရက်ပါဘူး..
ကိုယ်တကယ်ချစ်လို့ ရွေးချယ်ခဲ့တဲ့သူပဲ..

တချို့အရာတွေက မေ့ပြစ်လိုက်မှ
ပိုပြီး သတိရလာစေတာမျိုး...
ဉပမာ သူနဲ့အတူရှိခဲ့တဲ့ နေရာတွေရောက်တိုင်း..

ပန်းမြိုင်လယ်က မောင့်ချစ်သူNơi câu chuyện tồn tại. Hãy khám phá bây giờ