Ep39

588 39 3
                                    

unicode

"မောင်လေ အချိန်တိုင်းလွမ်းနေခဲ့တာပါ
ဂရုစိုက်မှုတွေ ပျက်ကွက်ခဲ့တဲ့အတွက် မောင်မှားမှန်းသိပါတယ် အ့အပြစ်တွေအတွက်လေ
မောင် ပြန်ပေးဆပ်ပါ့မယ် ဒါပေမဲ့မုန်းတယ်ဆိုတဲ့စကားကိုတော့မပြောပါနဲ့ နော် သာယာနော်

".......''

"မောင် နိုင်ငံခြားက ပြန်ရောက်ရောက်ခြင်း
မမကြီးနဲ့အတိုက်အခံလုပ်၊အမွေဖြတ်စွန့်လွတ်ခံပြီးသာယာနဲ့နေဖို့ မောင်ဝမ်းသာယာအားရအပြီးလာခဲ့တာ..ဒီကိုရောက်တော့ ဒီဖြစ်ရပ်တွေက မောင့်ရင်ဘက်ကိုစောင့်ကန်လိုက်သလိုပဲ သာယာရယ်.. မောင်လည်း ဒီလိုတွေဖြစ်မှန်းတကယ်မသိခဲ့ပါဘူး နောက်ပြီး မောင် မောင့်သမီးလေးနဲ့တွေ့ချင်တယ် သာယာ မောင့်ကိုတွေ့ခွင့်ပေးပါနော် "

မင်းရေစက်ထင် ရဲ့စကားတွေက လုံးထွေးနေသည်။ မူးကမူးမျက်ရည်ပါကျနေသည့်ငိုသံပါကြောင့် အခြေအနေပိုဆိုးနေသည်။
သာယာအေးလည်း မျက်ရည်စများအား
လက်ဖြင့်ပင့်သုတ်လိုက်ပြီး

"ကျုပ်လည်း ဒီလိုတွေမဖြစ်ချင်ပါဘူး....
ခင်များမရှိတဲ့နောက် ခများကိုလွမ်းတဲ့စိတ်နဲ့
မျက်ရည်တွေနဲ့အိပ်စက်ခဲ့ရတဲ့ညတွေ၊မျက်ရည်တွေနဲ့နိုးထခဲ့ရတဲ့မနက်ခင်းတွေ၊မျက်ရည်တွေနဲ့ပဲ နေ့စဉ်ကျော်ဖြတ်ခဲ့ရတာ ၊
ခင်များကတော့ စာမလာ၊သတင်းမကြားရပဲ
နေနိုင်ခဲ့တယ် ၊မဖြစ်တဲ့အခြေအနေမို့လိုက်သွားပြန်တော့လည်း ခင်များအမက ရစရာိရှိအောငျခြိုးနှိမျပွီးမောငျးထုတျတယျ အဲ့ဒီကာလမှာကျနော် ရွေးချယ်ချင်တဲ့လမ်းက သေလမ်းပဲ
ဒါပေမဲ့ ဗိုက်ထဲက သမီးလေးကိုငှဲ့ပြီးဒီနေ့ဒီချိန်ထိ အားတင်းပြီးအရာရာရင်ဆိုင်ကျော်ဖြတ်နေလာတာ..ဒဏ်ရာတွေအနာကျက်တော့မှ ခင်များက ရုတ်တရက်ပြန်ပေါ်လာတယ်... ကျုပ်လည်း... အရမ်းလွမ်းနေခဲ့တာ ပဲဗျ..အဟင့်.."

သာယာအေးလည်းမျက်ရည်များအားထိန်းမနိုင်၊ငိုချင်စိတ်ကိုမမြိုသိပ်နိုင်ပဲ ငိုချပါတော့သည်။

မင်းရေစက်ထင်က ဒူးထောက်နေရာမှကုန်းရုံးထကာ မိမိရှေ့မှချစ်ရသူလေးအားရင်ခွင်ထဲဆွဲထည့်လိုက်သည်။

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now