ep4

1K 65 0
                                    

unicode

"ကြာဉ...... ရေတစ်ခွက်သွားခပ်ပါအုန်းဟ..သူဋ္ဌေးလေးသောက်ဖို့...”

"ဟုတ်ဟုတ် ဉီးကြီး... ”

ဉီးတာတီး ရဲ့စကားဆုံးသည်နှင့် မိကြာဉ တစ်ယောက်ရေအိုးစင်ရှိရာ ပြာယာပြာယာနဲ့ အပြေးသွားကာ...ရေတစ်ခွက်သွားခပ်သည်။
သာယာအေးက တော့ စားပွဲဝိုင်းရဲ့ အနောက်ဘက်မှာ တောင့်တောင့်ကြီးရပ်ကာ...မြို့သားကို သေချာ အကဲ ခတ်နေသည်။

"ရေ... ရပါပြီ... အကိုလေး သောက်ပါအုန်း.. ”

"အော်... ဟုတ် ရပါတယ် ညမ ကျေးဇူးပဲ ”

ရေ လာပေးသော ကြာဉ ကို ပြုံးကာ ပြောဆိုနေသူမှာ.. မြို့သားရယ်ပါ..

"ကဲ... သူဋ္ဌေးလေး ကို ဒီမှာ ရှိတဲ့ လူတွေနဲ့ မိတ်ဆက်ပေးပါရစေ..”

"ဟုတ် ဉီးလေး..”

"ဒါက... ကျနော့်ဇနီး..မဂျင်းစိမ်း ၊ ဒါက ကြာဉ တဲ့၊ ဒါကတော့ သာယာအေး တဲ့...ဟို နွားစာတဲ ထဲမှာ နွားတွေကို ယုယနေတဲ့ တစ်ယောက်ကတော့ ကိုရင်မောင် တဲ့... သူဋ္ဌေးလေး တစ်ခုခုဆို သူတို့ကို ခိုင်း လို့ရတယ် သိလား... ”

"ဟုတ် ဉီးလေး... ဟို..အားလုံးပဲ ကျနော့်နာမည်က မင်းရေစက်ထင် လို့ခေါ်ပါတယ်ဗျ..”

သာယာအေး မိမိရှေ့မှာ ထိုင်နေတဲ့ မြို့သားရဲ့ နာမည်ကို ကြားမိတော့ တချက် ဆွံ့အသွားသည်ါ
အထက်စီး အရမ်းဆန်လွန်းနေသည်။
စိတ်ထဲမှာလည်း ထိုနာမည်ကို အကြိမ်ကြိမ်ရေ ရွတ်နေမိသည်။

"ကဲ... ဒါဆို...အားလုံး ပြန်ကြတော့...
အော် သာယာအေး အပြန်ကြ သူကြီး အိမ် ကိုဝင်​ပြောပေး ပါဉီး.. ဉီးတာတီးတို့ အိမ်မှာ မြို့က ဧည့်သည် ရောက်နေတယ်လို့... တော်ကြာ သူကြီး မသိဘူး ဖြစ်နေမစိုး လို့... ”

"ဟုတ်ကဲ့ ဉီးလေး ကျုပ် ဝင်ပြော လိုက်ပါ့မယ်.. ”

"အေးအေး သူဋ္ဌေးလေးလည်း နားတော့လေ.. အပေါ်ထပ်မှာ အခန်းပြင်ထား တယ် လာလာ...”

မင်းရေစက်ထင် ဉီးတာတီးခေါ်ရာနောက်ကိုယောင်လည်လည် လိုက်သွားတော့သည်။

တစ်ခါမှ မရောက်ဖူးတဲ့ အညာ ဒေသကို ပထမစရောက်ချင်းပဲ မလား...

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now