ep10

712 56 0
                                    

unicode

မြှောက်တက်သွားသည့် မောင်းတံ အရှိန်ကြောင့်
အနောက်က နေရာယူသည့် မင်းရေစက်ထင် ရဲ့ ခန္ဓာကိုယ် က သာယာအေး ရဲ့ ကျောပြင်ဆီသို့
ထိကပ်လာသည်။ ထိုမျှမက... ခန္ဓာကိုယ် အောက်ဖက်ပိုင်း တစ်နေရာ သို့.. တစ်ခုခု လာလာ ထောက် နေသည်ကို လဲ သာယာအေး ခံစားမိနေသည်။

ကြာဉ မကြားအောင် အသံ တိုး တိုး လေး ထွက်ကာ မင်းရေစက်ထင် ကိုစကား ဆို လိုက်သည်။

"ခများ ဘယ်လို ဖြစ်နေတာလဲ.. ”

"ကိုယ် ဘာ လုပ် မိ လို့ လဲ... ”

"ခများ ဟာ ကြီး လာလာ ထောက် နေတယ် ”

"အာ.... ပုဆိုး ခပုံ စ ပါ... ဒီမှာ အထုံးက ကြီးနေလို့..”

မင်းရေစက်ထင်က ခပုံစ ကို လက်နဲ့ ကိုင်ပြီး ပြသည်။ သာယာအေးက သူပြတာကို တစ်ချက် ကြည့်ပြီး ရှေ့ကို ပြန် လှည့် သွားသည်။
ဒီတစ်ကြိမ်လည်း အနောက်က မင်းရေစက်ထင် က ခါးလေး ကိုင်းကာ..သာယာအေးရဲ့ နား နားကို ကပ်ပြီး..

"ဘာတွေတွေးနေတာလဲ သာယာ... အထောက်ခံ ချင် လို့လား... ”

"ဟာ...ခများ နော် ” ဟု စိတ်ဆိုးသံ နဲနဲ ပါကာ..
သာယာအေး က မင်းရေစက်ထင် ကို မောင်း ပေါ် ကနေ တွန်းချမိသည်။
မောင်းက မြေကြီးနဲ့ နီးသည်မို့ မင်းရေစက်ထင် ယိုင်ရုံသာ ယိုင်ကျ သွားသည်။
သူတို့နှစ်ယောက် လုပ်လုပ်ခပ်ခပ် ဖြစ်မှ
ကြာဉ က သတိထား မိကာ...

"အဲအဲ... ဘာဖြစ်ကြတာ တုန်း... ပြုတ်ကျကုန်ပြီ”

သာယာအေးက နှုတ်ဆိတ်နေသည်။
မင်းရေစက်ထင်က အရှက်ပြေလေး ဝင်ဖြေသည်

"အာ..ဟိုဟာ..ရေ...ရေ သောက်ချင်လို့ ခုန်ဆင်း လိုက်တာ ဟဲဟဲ.. ”

"ရေအိုးစင်က ဟိုးမှာ...တွေ့လား..အိမ်ရှေ့ တံခါးပေါက် မှာ.. ”

"တွေ့ပြီ... ကိုယ်ရေသွားသောက်အုန်းမယ်နော်.. ”
ဟု ဆိုကာ သာယာအေးကို မျက်စိ တစ်ဖက် မှိတ်ပြလိုက်တော့ သာယာအေးက မျက်စောင်း လေး ထိုးသည်။

မင်းရေ စက်ထင် လည်း ရေအိုးစင်မှာ ရေသောက်ပြီး အပြန်.. ခွေးဟောင်သံ နဲ့ အတူ
ခွေးမဲမဲ ကြီး တစ်ကောင် မိမိဆီသို့ ပြေး လာနေသည်ကို သတိထား မိသွားသည်။

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now