ep20

664 44 3
                                    

unicode

သီတင်းကျွတ် လထဲ ရောက်ပြီမို့...
တောင်သူဉီးကြီး အချို့တဝက်၏ စပါးရိတ်သိမ်းချိန် စ လေ ပြီ.. တစ်ချို့ကတော့ နောက်ကျမှ စိုက်လျှင် နတ်တော် လ လောက်မှ ရိတ်သိမ်း ကျ သည်။
ဒီနေ့ကတော့ ကိုရင်မောင်တို့ စပါးခင်း မှာ နေ့တဝက်ရိတ်ပြီး နေ့တစ်ဝက် စပါးရိုက်ကြမည်။
စပါးရိတ်စက် မရှိသည်မို့... လယ်သမ အား လုံး
တံစဉ် ကိုသာ အသုံးပြုကြရသည်။
နံနက်ခင်း... နေရောင်ခြည် လွှမ်းခြုံကာ စ အချိန်မှာပင် စပါးခင်းဘေးက လယ်စောင့် တဲ မှာ အသေးလေးရှေ့မှာ လူစုံနေလေပြီ.....

"မမြအေး... ကျုပ်ကို... ဝါးခမောက်လေး ကမ်းပါအုန်း.. "

မမြအေး ( ကိုရင်မောင်အမေ) လည်း သူမ နောက်ဘက်က ဝါးခမောက်လေး ကို ဒေါ်အေးကြည်ဆီကို ကမ်းပေး လိုက်သည်။

နောက်ပြီးလျှင် အသံအားကောင်း သည့် ဒေါ်အေးကြည်ရဲ့ အသံက ယာတစ်ခင်းလုံး လွှမ်းသွားသည်။

"ကဲ... လုပ်ငန်းဝင်ကြမယ်ဟေ့... "

လယ်စောင့်တဲ ထဲမှာ ကွမ်းရွက်ကို ကိုင်ကာ..ကွမ်းယာ ယာ နေတဲ့ ကိုရင်မောင်က..
စနောက် စကား ဆိုသည်။

"အာ... ဒေါ်အေးကြည်ကလဲ.. အ့လို မအော်နဲ့လေ
တောင်တွင်းရှင်ငြိမ်းမယ်လို... သူငယ်ချင်းကောင်းယောင်းမ တို့ရေ အော်ပြီး မှ လုပ်ငန်းစကြမယ်ဟေ့ လို့အော်မှ ပေါ့... "

"အေးဟေ့... သူငယ်ချင်းကောင်းယောင်းမ တို့
လုပ်ငန်းစကြမယ်ဟေ့ "

ဒေါ်အေးကြည်က ရုပ်တည် ကြီး နဲ့ အော်တော့..
စပါးရိတ်မဲ့ အဖွဲ့ တစ်ဖွဲ့ လုံး တဟားဟားဖြင့် ရယ်မောကြသည်။

အားလုံး တံစဉ် ကိုယ် စီ ကိုယ်ကာ.. စပါးခင်းထဲသို့ ဆင်း လာ သည် ။စပါးခင်းထဲ မဆင်း နိုင်သေးတဲ့ လူနှစ်ယောက်ကတော့.. မင်းရေစက်ထင်နှင့်.. သာယာအေးပင် ။..

လယ်ခစင်း ဘောင်ပေါ်မှာ နှစ်ယောက်သား ရပ်ရင်း သာယာအေးက မင်းရေစက်ထင် အပေါ်ကဝတ်ထားတဲ့ အကျီ လက်ရှည် လက်ကောက်ဝတ်က ကြယ်စေ့ တွေကို ကျကျနန တွယ်ပေးနေသည်။

တော်တော်ကြာတော့ စပါးခင်း ထဲက.. ကြာဉ မက.. လှမ်းအော်ပြောသည်။

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now