ep12

675 57 0
                                    

unicode

မနက်ခင်း နေအလင်းရောင် ဝါဝါက...
အခန်း ပြတင်းတင်ပေါက်မှတစ်ဆင့် အိပ်ခန်းအတွင်းဆီသ်ို့ ဖြည်းဖြည်းချင်း  ဖျာကျ လာသည်။
အိမ်ခေါင်းရင်းရှိ တမာပင်ပေါ်က စာကလေး တို့၏
တကျွိကျွိ အော်မြည်သံ တို့နှင့်အတူ..
ရွှေကြက်ဖ တို့ ၏ တွန်သံ သဲ့သဲ့ကို ကြားရပြန်သည်။

"ကျလိ..ကျလိ..ကျလိ..”

"အော်... အီ အီး အွတ်....”

ထိုအသံတွေကြောင့်.. သာယာအေး မျက်လုံးအစုံ ပွင့်လာပြီး ဘေးမှာ မိမိဘက်ကို မျက်နှာလှည့် အိပ်နေသည့် မင်းရေစက်ထင် ကို ကြည့်လိုက် သည်။ မင်းရေစက် ထင် က နဲနဲ အပေါ် ဘက် ရောက်နေပြီး သာယာအေး အိပ်နေရင်း မော့ကြည့်သလို အနေအထား ဖြစ်နေသည်။

မင်းရေစက်ထင်၏...မဲနက်နေတဲ့ မျက်ခုံးမွှေး အတန်း ​လေးများ၊ နှာတံ ချွန်ခွန်လေး ၊
နောက်ပြီး နှုတ်ခမ်း ထိပ်က မှဲ့နက်နက်လေး..
အို... အိပ်နေရင်း နဖူးပေါ်သို့ အနည်းငယ် ကျနေတဲ့ မီးခိုရောင် ဆံသားက အစ..သာယာအေး တစ်ယောက် အကုန် လိုက် ကြည့်နေမိသည်။
ပြီးလျှင် စိတ်ထဲကနေလည်း...
-ဒီလို အဘက်ဘက်က ပြည့်စုံတဲ့ ဉစ္စာပေါ ၊ရုပ်ချော သူဋ္ဌေးသား တစ်ယောက်က ငါ့လို အညာတရ ကို ချစ်တယ်တဲ့..
နောက်ပြီး သူ့ကိုယ်သူ မောင် တဲ့လေ...
ငါ့ထက် အသက်ကြီး တဲ့သူက... သူ့ကိုယ်သူ မောင် တဲ့ ၊ သူ စစ ချင်း သူ့ကိုယ်သူ မောင် လို့သုံးနှုန်း တုန်းက နဲနဲ နားဝင် ကန့်လန့် ဖြစ်ပေမဲ့..
ကျုပ် ပျော်ပါတယ်... ၊ ကျုပ်လဲ မောင့် ကို ချစ်ပါတယ် ၊ မောင် ရွာ ကို စရောက်တဲ့နေ့ ထဲက
မောင့်ကို မြင်ပီး ကျုပ်နှလုံးသားက ကြိမ်ဖန်များစွာ ခုန် ခဲ့တယ် ဆိုတာ... ကျုပ် မငြင်းပါဘူး...မောင်...... ဒါပေမဲ့... -

မင်းရေစက် ထင် ရဲ့ မျက်နှာ ကို အချိန်အတော် ကြာ ငေးကြည့်နေတုန်းမှာ ပင်..
မင်းရေစက်ထင်ရဲ့ မျက်လုံးနှစ်လုံး ပွင့် လာ တော့ သာယာအေးခမျာ ငေါက် ခနဲ ထ ထိုင် လိုက်သည်။ သူခိုးလူမိ ဖြစ်သွား တာပေါ့.. ။
မင်းရေစက်ထင်ကလည်း အလျော့မပေးပဲ..
ပြုံးစိစိမျက်နှာ ဖြင့်..

"မောင့် ကို ခိုး ကြည့်နေတာလား.. သာယာ..”

"အို... မဟုတ်တာ... ဘာ မောင်လဲ.. ဘယ်က မောင် ကို ကြည့်ရမှာလဲ ကျုပ်က...”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now