unicode
ရွာအနောက်ဘက် အထွက်..ထန်းတောကို ရောက်သည်နှင့်... နေဝင်ဆဲဆဲ ဆည်းဆာ နှင့်အတူ..
ကျေးငှက်လေးများ ကောင်းကင်ယံ၌ပျံဝဲနေကြသည်။ဖခင်နေလုံးကြီး၏ အရှိန်အဝါ ကလည်း
တဖြည်းဖြည်း မှေးမိန် လာသည်။လယ်ခစင်း ဘော် ပေါ်ရှိ လမ်းသွယ်သွယ်လေး
ပေါ်သို့ ရောက်သောအခါ.. လေပြေညှင်းက..တိုးဝှေ့လာသည်။..
မင်းရေစက်ထင်မှာ...သာယာအေးရဲ့ လက်ဖဝါးကြား..သူ့လက်ကို လျှိလိုက်သည်။
သာယာအေးလည်း ရုတ်တရက်မို့ ဘေး မှာ ကပ်လျှောက်သော..မိမိထက် အရပ် ၁ပေ ခွဲကျော် မြင့်သည့် မင်းရေစက်ထင်ကို ခေါင်းမော့ ကြည့်လိုက်သည်။..
မင်းရေစက်ထင်ကမူ ဘာမှမသိသလို ဟန်ဆောင်ကာ..ရှေ့ကိုသာ..လျှောက်နေသည်။..လမ်းလျှောက်ရင်း တစ်ယောက်လက်ကို တစ်ယောက် ဆုပ် ကိုင်ထားပေမဲ့ စကားသံကတော့ သိပ်နေသည်။.. လျှောက်ရင်းနဲ့ပင် ကိုဘချစ်နဲ့ မမြငွေတို့ တဲ ( အိမ်) နှင့် ထန်းတော ကို ရောက်ချေပြီ ။..
ထန်းတောမှာ တော့ ထန်းရည်သောက်နေတဲ့..
သူနှင့် အမြည်းစားတဲ့သူနှင့်....
ကိုဘချစ်တို့ တဲနား ရောက်တော့..တွဲထား တဲ့ လက်ကို အရင်စဖြုတ်သူက...သာယာအေးပင်။
အဘယ့်ကြောင့်ဆိုသော်.... လယ်ကွင်းတစ်ခုရဲ့..
အစပ်က ရေအိုင်တစ်ခုမှာ ပေါက်နေသော.. ကြာနီ တစ်ပွင့်ကို သွား ခူးဖို့ ပြင်လိုက်သည်ကြောင့်ပင်။.."ဟိုမှာ... ကြာနီ တစ်ပွင့်..”ဟု ဆိုကာ.. မင်းရေစက်ထင်ရဲ့ လက်ကိုဖြုတ်ချခဲ့ပြီး.. လယ်စပ်က.. ကြာနီလေးကို သွား ခူးသည်။..
မင်းရေစက်ထင်ကတော့... လမ်းပေါ်ကနေပဲ ရပ်ကြည့်နေသည်။..
ကြာနီလေးအား ခူးပြီးသည်နှင့်... အရှေ့ကို ဆက်လျှောက်လာ တော့... ထန်းရည်အိုး ( မြေအိုး) တစ်ဖက် ငါးလုံးဆီ ထမ်းကာ.. ပြန်လာသော ကိုဘချစ်နှင့်တိုးသည်။
YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔