ep28

656 33 0
                                    

unicode

ဘုရားပွဲ ဒုတိယ ည

ပွဲထွက်ချိန်မို့. ဇာတ်စင်ထက်မှာ မင်းသမီး နှစ်လက် ကပြနေသည်။
မင်းရေစက်ထင်နဲ့ သာယာအေးကတော့ ပွဲခင်းထဲမှာ မရှိပေ။
မုန့်စျေးတန်းဘက် မှာ မုန့်စားဖို့.. လိုက်ကြည့်နေသည်။

"သာယာ...ဝက်သားတုတ်ထိုးစား မလား..”

"အင်း... မဆိုးဘူး စားမယ်..”

"လာ....”

နှစ်ယောက်သား ဝက်သားတုတ်ထိုးဆိုင်ရှေ့ လွတ်နေတဲ့နေရာလေးမှာ ထိုင် လိုက်သည်။
မင်းရေစက်ထင်က သာယာအေးထိုင်ဖို့ ခုံအသေးလေးကို နေရာ ချပေးသည်။

"အန်တီစု...အသည်းရယ် အသားရယ်.. လှီးပေးပါ”

သာယာအေးမှ ဆိုင်ရှင် အန်တီကြီး ကို သူစားချင်တာတွေ လက်ညိုးထိုးပြီး.. လှီးခိုင်းသည်။

"ခများရော်... ဘာစား မလဲ.. ”

"ရတယ် သာယာ ကိုယ်က ဒီမှာ ရှိတာ တွေနဲ့ လုံလောက်တယ်.. ”

အဆင့်သင့် လှီးထားသည့် သစ်သား ဗန်းပေါ် က တုတ်ထိုးတွေကို မင်းရေစက်ထင်က မေးငေါ့ ရင်းပြောသည်။

"ဒေါ်ကြီးစိုး... ကြာဇံကြော် နှစ်ပွဲ ပေးပါ..”

"ရမယ်..တော်..”

သာယာအေးမှ ဘေးဆိုင်ခန်းက ကြာဇံ၊ မုန့်တီ အစုံရောင်းတဲ့ ဆိုင်ဘက်ကို လှည့်ပြီး အော်ဒါမှာသည်။
ကြာဇံကြော်လည်း ရရော.. သူတစ်ပန်းကန်ယူပြီး
မင်းရေစက်ထက်ကို တစ်ပန်းကန်ချပေးသည်။
မင်းရေစက်ထင်ရဲ့.. ကြာဇံကြော်ပန်းကန်ထဲသို့
အချဉ်ရည် အနဲငယ် လောင်းထည့်ပြီး နံ့အောင် နယ်ပေး လိုက်သည်။

မင်းရေစက်ထင်ကတော့.. သူ့ချစ်သူလေး လုပ်သမျှ.. ထိုင်ခုံပိစိလေးပေါ်ထိုင်ရင်း လက်တံတောင်ကို ဒူးမှာထောက်ရင်း ကြည့်နေသည်။

"ရပြီ... စားကြည့်.. အရမ်းကောင်းတာ..”

"အိုခေ... ကျေးဇူးပဲနော် သာယာ...”

"မလိုပါဘူး..ဟွန့်..”

ဝက်သားတုတ်ထိုးလေး ယူစားလိုက်..
ကြာဇံကြော်လေး စား လိုက်နှင့် ပျော်နေသော သာယာအေးကို မင်းရေစက်ထင် အရည်ပျော်မတက် ငေးကြည့်နေမိသည်။

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now