ep25 (18+)

1.1K 39 0
                                    

unicode

ယိမ်းတိုက်တဲ့ည ...

🎶နား အထက်က ဗွေမှာ သူပန်းပန်..နဗန်းဆံနဗန်ဆံ နထင်ဘေးမှာ တန်းချပြန်... လှမ်းကတဲ့ဟန်.
ဟောလာကွယ် မောင်ရို့..ဟေလာကွယ်မောင်ရို့
ဝမ်းစမို့ရော သောသောညံ... ရော့..ရော့..
ဟောလာကွယ် မောင်ရို့ ဟေလာကွယ်မောင်ရို့
ဝမ်းစမိုးရော သောသောညံ.. ရော့.ရော့...🎶

ကပ်စက် ကဖွင့်ထားသော..မေ ဆွိ၏နဗန်းဆံ သီချင်းနဲအတူ.. မိညာ ဉ တို့... ယိမ်းတိုက်နေကြသည်။

"အေး.. လက်ကို ညာချိုးပြီး ရှေ့တလှမ်းတ််ိုး..
ဟေ့...ဟေ့..ဟေ့...ဘယ်ခြေထောက်က်ိုရှေ့ထုတ်.
ခါး ကို ကော့.. ထား.”

မိန်းမပျို ၆ယောက်ရဲ့ ရှေ့ကနေ မိကြာဉ က ​ကပြသည်။ နောက်က မိန်းကလေးတွေကလည်း
ကြာဉ ၏ ကဟန်နှင့် ဟန်ချက်ညီညီ လိုက်ကသည်။

ကြာဉတို့ ယိမ်းနှမတွေ ယိမ်းတိုက်နေသည့် ဘေးမှာတော့.. ကြာဉအဖေ ဉီးဘဆန်းရယ် ၊ မစိန်ဉရယ် ၊ ဒေါ်ဂျင်းစိမ်းရယ် ၊ သာယာအေး ရယ်..
ရေနွေးကြမ်းသောက်ရင်း ယိမ်းကတာ ကြည့်နေကြသည်။သာယာအေးက ပဲ ဒေါ်ဂျင်းစိမ်း ကိုစကားစလိုက်သည်။

"ဒွေးဂျင်းစိမ်း... အကိုမင်းရေစက်ထင်ရော်..မပါဘူးလား...”

"အေးကွယ်...ညနေ နေစောင်းထဲက...ကိုရင်မောင်နဲ့ဖိုးလုံး လာခေါ်သွားတာပဲ.. ငါဒီလာတဲ့အထိတော့ အိမ်ပြန်မရောက်သေးဘူး..၇ နာရီပဲ ရှိပါသေးတယ် ..အခုမှ... ”

"ဟုတ်လား.. ”

လက်ဖက်ခွက်ထဲက လက်ဖက်ကိုဇွန်းနဲ့ခပ်ရင်းက
ကြာဉရဲ့အမေ မစိန်ဉက ဒေါ်ဂျင်းစိမ်းကို
မြို့သား အကြောင်း မေးပြန်သည်။

"ဒါနဲ့.. မဂျင်းစိမ်း.. သူဒီကိုရောက်တာ အတော်ကြာနေပြီနော်... အိမ်က ပြန်မခေါ်ဘူးလား.. ”

"ကိုတာတီးပြောပုံအရတော့...သူ့မှာ အမ တစ်ယောက်ရှိတယ်တဲ့ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကလေ.. ၊ ကိုတာတီးနဲ့ကျမတို့ရဲ့
ကျေးဇူးရှင်တွေပါ ၊ မမ ကြီးဆိုတဲ့ တယောက်က
အထက်စီး ဆန်ပေမဲ့ သူဋ္ဌေးလေးက စိတ်ထားကောင်းတယ်လေ ၊..ကျမတို့လည်း သားသမီးမရှိတော့.. သူ့ကိုပဲ.. ကိုယ့်သွေးသားလို သဘောထားနေရတယ်..ဟင်းဟင်း ..ပြန်ဖို့ကိစ္စကိုတော့.. ဘာမပြောသေးဘူးရယ်...”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now