Ep37

546 34 7
                                    

unicode

ဉီးတာတီးတို့အိမ်သို့သွားရာလမ်းတွင်..

"ကြာဉ အကို့ကို ရှင်းပြပါဉီးကွာ..
ကိုယ်နားမလည်တော့ဘူး"

"အင်းပါ ညမပြောပြပါ့မယ် အခုတော့
စိတ်လေးအေးအေးလေးထား ဒွေးဂျင်းစိမ်းတို့အိမ်ရောက်ရင် ဇာတ်လမ်းအစ အဆုံး ပြောပြပါ့မယ်... "

"....."

မင်းရေစက်ထင် လည်း ဘာမှနားမလည်သည့်ဟန်ဖြင့် ဉီးတာတီးတို့အိမ်ရောက်အောင်သာ
လေးပင်နေတဲ့ခြေလှမ်းများကို မြန်မြန်လှမ်းလိုက်သည်။

at ဉီးတာတီးအိမ်

"ဟယ်....သူဋ္ဌေးလေး ပြန်လာတယ်.. ကိုတာတီးရေ သူဋ္ဌေးလေးပြန်လာတယ်တော့ "

ခြံပေါက်ဝမှ အိမ်ဆီသို့လှမ်းလာနေသည့် ကြာဉနှင့် မင်းရေစက်ထင် အား အိမ်ရှေ့ကွစ်ပစ်ပေါ်တွင် ဆန်ပြာနေသည့် ဒေါ်ဂျင်းစိမ်းက မြင်သောကြောင့် နွားစာတဲတွင် နွားစာကျွေးနေသော ဉီးတာတီးကို လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။ ဒေါ်ဂျင်းစိမ်းလည်း ဆန်ဇကော ကိုဘေးမှာ ချကာ မင်းရေစက်ထင် တို့လာနေရာဆီအပြေးသွားတော့သည်။အနားရောက်တော့
ငိုသံပါဖြင့်..

"သူဋ္ဌေးလေး..ပြန်လာတယ်.. အဟင့်
မျက်နှာမှာလည်း ဒဏ်ရာတွေ၊သွေးတွေလည်းထွက်သို့ ဘာဖြစ်လာကြတာလဲ ကွယ် "

ဉီးတာတီးလည်း အနားရောက်လာပြီး

"ဟာ... ဘာဖြစ်လာကြတာလဲ ကြာဉ ငါတို့ကိုပြောပြပါအုန်း ဟ "

"အင်းပါ ကျုပ်ပြောပြပါ့မယ်တော့် အခုတော့
စားပွဲမှာအရင်ထိုင်ရအောင် အကို့မျက်နှာက ဒဏ်ရာတွေ ဆေးထည့်ပေးရအောင်လို့"

"သူဋ္ဌေးလေး အထုပ်တွေပေးပေး"

ဉီးတာတီးမှ မင်းရေစက်ထင် ရဲ့လက်ထဲကအထုပ်များအား ဆွဲယူသည်။

"အေး အေးပါကွယ် လာ လာ "

ဒေါ်ဂျင်းစိမ်းမှဉီးဆောင်ကာ အားလုံးကို
ဧည့်စားပွဲရှိ ရာသို့ခေါ်သွားသည်။
ထို့နောက် ဒေါ်ဂျင်းစိမ်းက ပဲ ဆေးသေတ္တာသွားယူကာ ကြာဉကို ပေးသည်။
ကြာဉ လည်း မင်းရေစက်ထင် ရဲ့ မျက်နှာက
ဒဏ်ရာတွေကိုဆေးထည့်ပေးရင်း..

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now