ep27

515 29 0
                                    

unicode

"အခုတဖန် အလှည့် ကျရောက်လို့ လာတာကတော့... ပြည်သူချစ်..မင်းသမီးချောလေး
နန်းအိမွန် ရဲ့ ချစ်အာရုံ ဆိုတဲ့ တေးသီချင်းလေးပဲ  ဖြစ်ပါတယ်....အဲ့ဒီနောက်မှာ...နဗန်းဆံ ယိမ်းအဖွဲ့ ၊ အဲ့အနောက်မှာ..တောဂေါ်လီ ယိမ်းအဖွဲ့ စသည်ဖြင့် ဇာတ်စင် နောက်မှာ အသီးသီး နေရာယူ ပေး ထားကြပါ လို့ လေးစားစွာ ပန်ကြားရင်း မင်းသမီးချောလေးရဲ့.. ချစ်အာရုံ သီချင်းလေး ကို ခံစားနားဆင်ကြပါစို့လား ရွှေပွဲကြွလာ မိတ်သဟာ အပေါင်းတို့ ခများ...”

ဇာတ်ခုံ ထောင့်စွန်း မှာ ထိုင်ကာ စာရွက်တစ်ရွက်ကိုင်ပြီး နံပတ်စဉ် အော်ပေးနေရသူမှာ ကိုရင်မောင် ဖြစ်ပေသည်။

🎶🎵🎶🎶

"ကျမရဲ့ ဖြစ်ပုံ ဖြစ်ပုံ ဆန်းစုံ
ပွဲစျေးတန်း လျှောက်မိလို့
မောင်ကြီးနဲ့ ဆုံသလေတော့်...
မြင်မြင်ချင်းအသ်ိ မောင်ကြီးအကြည့် ကလိနေပုံ
ပျိုလေး မိရွှေဘဝင်.. တသိမ့်သိမ့်ရှိုက်လို့တုန်..
မြန်လှချည်ရဲ့...ချစ်မိ တဲ့ ချစ်အာရုံ ...

နုထွားပျိုမေလုံ ၊ သူ့အသည်းမှာစွဲနေပါသတဲ့
သဲလိုက်တဲ့ ဖြစ်ပုံ..

ဆုံချင်ကြုံချင် လိုက်ခဲ့ပါလား..ဖိတ်ခေါ်ပါရဲ့ယုံ
လူညိုရင်အကို.. လိုက်လို့လာမလား ကျမတို့ရွာမြစ်ဆုံ...

ဉပုလ်သီတင်း စောင့် ဖို့ ရွာလယ်မှာ ဓမ္မရုံ..
ပျိုလေးတို့ အိမ် ဉီး စံပယ်ဖူးတဲ့တစ်ရုံနှစ်ရုံ
မြောက်ဘက် တန်းခင်းက လုံလုံခြုံခြုံ....
မြန်းခဲ့ပါတော့ တောင်ဘက်မှာလည်း ဆပ်သဖူးရုံရှင့်....

စပါးရွှေဝါ..တောင်လိုပုံ..ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆေးရိုးမီးလှုံ
ဖိတ်လို့သာ ဖိတ်ရ..စိတ်ကတော့သိပ်မလုံပါရှင့်..
မောင်ကြီးလာမဲ့လမ်း မျှော်မှန်း ပျိုလေး
ချစ်အာရုံ ..🎶

ဇာတ်စင်ပေါ်က မင်း သမီးနှင့် အတူ သီချင်းကို
တိုးတိုးလေး လိုက်ဆိုနေသူက သာယာအေးပင်။

ခေါင်းလေးကို သာသာလေး ရမ်းရင်း သီချင်းကို ဟန်ချက်ညီညီ နဲ့ဆိုနေသော ကောင်လေးကို
မင်းရေစက်ထင်.. ခေါင်းစောင်းကာ ကြည့်နေမိသည်။ . .

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now