Ep13

668 42 0
                                    

တနေကုန် ကျစ်ကျစ်တောက်ပူနေသည့်
ဖခင်နေလုံးကြီးဟာ.. အနောက်အရပ်သို့ တဖြည်းဖြည်း သိမ်ဝင်သွား သည်။
ညနေ နေဝင်ဆည်းဆား နှင့်အတူ ရွာလည် လမ်းတွင် ရွာက သက်ကြီးပိုင်း ရှိသူ အိမ်များထံ သို့ တအိမ်ဝင်တအိမ်ထွက်.. စာရွက်တစ်ဆောင် ကိုင်ကာ.. လိုက်လံဆော်သြနေသော ကာလသား
ခေါင်းဆောင် တစ်ယောက်..

"ဗျိို့....ဉီးဘဆန်း... ”

"အေး... ဘာလဲကွ ကိုရင်မောင်ရ..လာလေ ဝင်ခဲ့”

ခြံပေါက်ဝ ကနေ လှမ်းအော် နေသော ကိုရင်မောင် ကို ဉီးဘဆန်းက အိမ်ထဲဝင်လာရန်ခေါ်သည်။

"ထိုင်ပါဉီး ကိုရင်မောင်ရဲ့ လက်ထဲ က စာရွက်ကြီးနဲ့ ဘာကိစ္စတုန်းဟ..”

"ကိုသောင်းစိန် နဲ့ မ ကြေးမုံ တို့ အလှူတိုင်ပင် တဲ့ဗျာ အဲ့တာ..ရွာထဲက လူကြီးပိုင်းတွေ လိုက် ဖိတ် ခိုင်း လို့ အဲ့တာ.. ဉီးဘဆန်းလဲ ပါတယ်... ”

"ဟုတ်လား...အေးအေး ဘယ်နေ့လဲ အလှူတိုင်ပင်က”

"မနက်ဖြန် ည တဲ့ ဗျို့...ဒါဆို ကျုပ်သွား အုန်းမယ် ကိုသာဒင်နဲ့ ဉီးမုန်း တို့ နှစ်ယောက် ကျန်သေးတယ် သွား ဖိတ်ရအုန်းမယ်..”

"အေးအေး မောင်ရင် ”

ကိုရင်မောင်လဲ စားပွဲတန်းလျားမှာ ထိုင်ရာကနေ ထကာ လှည့် ထွက်မည် အလုပ် ဉီးဘဆန်း ဘက်ကို တဖန်ပြန်လှည့်ကာ..

"ဒါနဲ့ ဉီးလေး...ဉီးလေးသမီး ကြာဉရော..ဟဲဟဲ..”

ပြုံးစိစိ မျက်နှာဘေး ဖြင့် သမီးကို လာမေးနေသော ရှေ့က ငနှဲသားကို ဉီးဘဆန်းက ခေါင်းစောင်း၍ကြည့်ကာ..

"ရေခပ်သွားတယ်.. မင်း ငါ့သမီးကို လိုက်နေတာ အခုထိ မရသေးဘူးလား... ဟမ်...ဟိုး ကလေးပိစိညောှက်တောက်ထဲက.. ပိုး တာ.. အခုထိ မရသေးတာ ငါ့အံသြတယ်... ကိုရင်မောင် ရာ...”

"ဟာ...ဉီးလေးသမီးက မူနေတာကိုး..ကျုပ်က
ချစ်တာမှ ချစ်ချစ်ချစ်နဲ့တောင် မြည်နေသေးး”

"တော်ပါကွာ...ကိုယ့်ဖာသာ အဖြစ်မရှိပဲ သွားသွား ကိုမုန်းတို့ကိုသာ သွား ဖိတ်ချေ... ”

"သွား ပြီဗျာ.....ယောက္ခမကြီး”

"ဟာ...ဒီကောင်... ”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now