ep21 (18+)

1.2K 44 3
                                    

unicode

(သတိ အသက်မပြည့်သေးသူများ မဖတ်ရ
18 +အခန်းများပါသည် )

...........................

မိုးကောင်းကင်ယံက... လမင်းဝါဝါထိန်ထိန်သာနေသော... ည ဖြစ် သည်။
မှောင်ရီပျိုးစ အချိန်မို့... ခြုံနွယ်ပိတ်ပေါင်းများဆီက...အကောင်လေးတွေရဲ့ အသံများ၊ လယ်တွင်းမှ ပုရစ်နှင့် ဖားတို့၏အော်သံများ ဆူညံနေသည်။
ယာပြင်က လယ်စောင့်တဲ ငယ်လေးရဲ့..
ဝါးလုံးများကို ကြမ်းအဖြစ်ခင်းထားသည်။ထို စင်ပေါ်ရှိ ကြိမ်ဖျား ရှည်ရှည်ပေါ်တွင်... လူသုံးယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
အလယ်တွင်... ထန်းရည်အိုး နှစ်အိုးနှင့်.. လယ်ကြွက်ကင် နှစ်ကောင် ၊ ထန်းရည်ခွက် သုံးခွက်က နေရာ ယူ နေသည်။

မင်းရေစက်ထင်နှင့် ကိုရင်မောင်က ထန်းရည်တစ်ခွက်ပြီးတစ်ခွက်မော့ နေသော်လည်း သာယာအေးမှာမူ..ကြွက်ကင်ကိုသာ..ဖဲ့စားနေသည်။

ကိုရင်မောင်မှ... ထန်းရည်တစ်ခွက်မော့သောက်ပြီး..

"အား...အေ့.. သာယာအေး... မင်း ကြွက်ကင်ပဲစားနေတော့မှာလား...ဟမ်...တစ်ခွက်နှစ်ခွက် ချပါအုန်းရော့... "

ကိုရင်မောင်က ထန်းရည်အိုးထဲက ထန်းရည်ကို ခပ်ကာ သာယာအေးရဲ့ရှေ့သို့ ထိုးပေးသည်။

သာယာအေးက အလျင်အမြန်ခေါင်းခါကာ..

"မသောက်ချင်ဘူး...ခါးတယ်.. "

"ရော့..ပါ...သောက်ကြည့်ပါအုန်းကွ.. "

"မခါးပါဘူး သာယာရဲ့ သောက်ကြည့်... ချိုနေရောပဲ... "

မင်းရေစက်ထင် ကလည်း... တစ်ခွက်မော့ရင်း
သာယာအေးကိုပါ သောက်ဖို့ တိုက်တွန်းသည်။
သာယာအေးလည်း မောင် က သောက်ဖို့ပြောတော့... မငြင်းတော့ပဲ.. ..ကိုရင်မောင် ကမ်းသည့်
ထန်းရည်ခွက်ကို ယူ လိုက်သည် ။ ပြီးလျှင် နှာခေါင်းနားကို ကပ်ပြီး အနံရှူကြည့်လိုက်သည်။

"အော့... အော့...အာ..မရဘူး နံတယ်.. "

"နှာခေါင်း ပိတ်သောက်... "

"မရပါဘူး... ကျုပ်က ထန်းရည်အချိုသာ..သောက်နိုင်တာ..အခါးရည်မသောက်နိုင်ဘူး"

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now