ep15

635 53 0
                                    

unicode

တောင်သလင်းလဆန်း ၅ ရက်နေ့ ည

မနက်ဖြန်သည် အလှူဝင် မဏ္ဍပ်စမ်း တဲ့နေ မို့
ဒီနေ့မနက် မဏ္ဍပ် အတွင်း ဘုရားပင့်ကာ..
မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ကြသည်။

မဏ္ဍပ်အလယ်က ဖျာပေါ်တွင် လူအနဲစု ထိုင်နေကြသည်။

ဗလာစာအုပ် တစ်အုပ်မှာ အမှတ်စဉ်နဲ့ ရေးမှတ်နေသူက ကျောင်းထိုင်ဘုန်းကြီး၏ တပည့်
ဉီးဇင်းပညာဝံသ ဖြစ်သည်။

ယင်း ဉီးဇင်း မှာ ရွာထဲ ရပ်ထဲ မဂ်လာဆောင်၊ရှင်ပြုနားသ ၊ဘုရားပွဲ၊ တရားပွဲ များ စသည်ဖြင့် လိုက်ဉီးစီးဆောင်ရွက်ပေးသော ဉီးဇင်းတစ်ပါးဖြစ်သည်။

"ကွမ်းတောင် ၊ ပန်းတောင် ကိုင်မဲ့ မိန်းကလေးတွေ၊ ဖျာ လိပ်ကိုင် ၊ ကွမ်းအုပ်ကိုင်မဲ့ ကလေးမ တွေလဲ ပြီးပြီ.. ကြေးမုံ.... ငွေဖလား ကိုင်မဲ့ ယောက်ျားလေး စာရင်းပြောအုန်း... ”

"တင်ပါ့ ဉီးဇင်း... ”

မကြေးမုံက လက်အုပ်ချီရင်း ဉီးဇင်းအနား တိုးလာကာ..

"ငွေဖလား ကိုင်မဲ့ သူတွေက ဖိုးချိုတို့ အဖွဲ့ပဲ ထည့် လိုက်မယ်.. ၊ ဒါနဲ့ ဉီးဇင်း.. ဘုရားကား ရဲ့ ရှေ့က ပေါက်ပေါက်ကျဲမဲ့ ကာလ သား နှစ်ယောက် မှတ်ပြီးသွားပြီလား ဘုရား..”

"အေး ဟုတ်သား မမှတ်ရသေးဘူး.. ”

မကြေးမုံမှ ဉီးဇင်းဘက် လှည့်နေရင်းက
ဘေးမှာ ခေါင်းလျှော်ရည် အထုပ်များကို ရေနေသည့် ဒေါ်ဂျင်းစိမ်း ဘက်ကို လှည့်ကာဖြင့်

"ဒွေးဂျင်းစိမ်း.... ပေါက်ပေါက်ကျဲ ကို မြို့သားနဲ့ ကိုရင်မောင် ထည့် လိုက်ရမလား... ”

"သောင်းစိန် ပြောတော့ က််ိုရင်မောင်က ညည့်သား ကို ​ထီးဆောင်းပေးရမှာဆို... ”

"ဒါဆို ပေါက်ပေါက်ကျဲ တစ်ယောက် လို နေမှာပေါ့.. ”

"သာယာအေး ရော်... သူရှိသားပဲ.... သူဋ္ဌေးလေး နဲ့ လည်း အတော်ခင်နေတာ သူတို့နှစ်ယောက်ဆို ကွက်တိ ပဲ... ”

"ဟုတ်သားပဲ... ဒါဆို သာယာအေးနဲ့ပဲ တွဲ လိုက်တော့မယ်....အရှင်ဘုရား... ပေါက်ပေါက်ကျဲ က
မင်း...မင်းဘယ်သူရယ်... ဒွေးဂျင်းစိမ်း ”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now