ep 22

787 43 0
                                    

unicode

မနက်မိုးလင်း... ၈နာရီ ကျော်နေလေပြီ..
လယ်စောင့်တဲ ထဲက...ဝါးခင်းကြမ်းပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာဖွေ့ဖက်ရင်း အိပ်မောကျနေ သည့်..လူနှစ်ယောက်ရှိသည်။

နေအနည်းငယ်မြင့်နေတဲ့အထိ.. မနိုးသေးပေ
( ညက တော်တော် ကြာ သွားတယ်လေ.. ခ်ခ်)

"လျှပ်...လျှပ်... ”

ဖိနပ်ကို လျှပ်တိုက်စီးလာသည့် ခြေသံနှင့်အတူ
လက်မှာလဲ.. အထုပ်နှစ်ထုပ် ဆွဲလာပြီး..
လယ်စောင့်တဲ ထဲ ဝင်လာတဲ့.. သူကတော့
ကိုရင်မောင် ဖြစ်သည်။

ကိုရင်မောင် တစ်ယောက် တဲ ထဲကို ဝင်ဝင်ခြင်း
မြင်လိုက်ရသည့် မြင်ကွင်းကြောင့်..မှင်သက် သွရသည်။

ဒါကြောင့်... မင်းရေစက်ထင်နဲ့ သာယာအေး တို့ အိပ်နေသည့်.. ​ဝါးစင်ရှေ့၌ ခြေစုံရပ်ကာ...

"ဟာ...ဟာ....မြို့သား နဲ့ သာယာအေး..
ဘယ်လိုတွေ ဖြစ်ကြတာလဲ... ဖျာပေါ်မှာလဲ...
ထန်းရည်အိုးတွေ မှောက်လို့... ပန်းကန်ပြားတွေလဲ ပြား လို့... ဟမ်...ဟိုမှာ... ခြင်ထောင် ကိုလဲ ကြည့်အုန်း ကြိုးတွေပျက် လို့...ဘယ်လို ဖြစ်ကြတာလဲ... ထကြတော့ဟ...ဟေ့... ”

ကိုရင်မောင်က... မင်းရေစက်ထင် နဲ့ သာယာအေးတို့၏ ခြေထောက်များကို ပုတ်ကာ.. နိုးသည်။
ထိုအခါမှ.. အိပ်နေသည့် နှစ်​ယောက် လုံး.. လှုပ်လှုပ်ခက်ခက် ဖြင့် နိုး လာ သည်။..

သာယာအေးကတော့..ငုတ်တုတ်လေးထ ထိုင်ကာ..မျက်လုံး နှစ်ဖက်ကို ပွတ်သည်။
ခန္ဓာကိုယ် လေး လုပ်မိတော့.. မနေ့ညက ဟိုဟာပြုခံထားရသည်ဖို့.. အောက်ပိုင်းက.. နာနေသည်။နာသော်လည်း ကိုရင်မောင် ရိပ်မိမည်စိုး၍ ကြိတ်ကာ..ခါးလေးကို မသိမသာ ကိုင်လိုက်သည်။

မင်းရေစက်ထင်ကတော့ မတ်တက်ကြီး ထရပ်ကာ ဝိုင်း ခနဲ သန်း ပြီး... ပုဆိုး ပြင် ဝတ်သည်။
ပုဆိုးဖြန့်ဝတ်တော့... ပုဆိုးမှာ..အကွက်ကြီး ထင်းနေသည်။ ကိုရင်မောင်မမြင်အောင်.. တဖက်ကို ဖျက်ကနဲ လှည့်ကာ.. ပုဆိုးကိုအမြန်ဝတ်လိုက်သည်။

"ဘယ်လို ဖြစ်ကြတာတုန်း... ညက မူးပြီး ရန်များ ဖြစ်ကြသလား... ဟမ်..အကုန် ပွစာ တက် လို့...”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now