Ep40(the end)

1.1K 46 11
                                    

unicode

အိမ်ရောက်တော့.....

မင်းရေစက်ထင် က ပစ္စည်းများထည့်ပြီး ကိုင်လာသည့်တောင်းအား အလျင်မြန်ချကာ
ခုတင်ပေါ်မှာ ကလေးအားပွေ့ကာ ထိုင်နေသည့်ဒေါ်ခင်အေးရဲ့အနားသို့ ပြေးသွားသည်။
ခုတင်ပေါ်မှာ ထပ်၍ဒူးထောက်ကာလက်အုပ်လေးချီပြီး ဒေါခင်အေးအား တောင်းပန်ပါတော့သည်။

"ဒေါ်လေး ကျနော်တောင်းပန်ပါတယ်ဗျာ
ကျနော် အရာအားလုံးအတွက် ရှိခိုးပြီးတောင်းပန်ပါတယ် နော် "

ကန်တော့်ရင်း မျက်ရည်စက်လက်ဖြစ်နေသော မင်းရေစက်ထင် ကို ဒေါ်ခင်အေးက

"ရပါတယ်ကွယ် ဒေါ်လေးတို့စိတ်ထဲဘာမှမထားတော့ပါဘူး.. အခုကစပြီး အဒေါ့်သားလေးနဲ့မြေးလေးကို စောင့်ရှောက်ပေးပါလို့ပဲ တောင်းဆိုပါရစေ.."
ဒေါ်ခင်အေးသည်လည်းငိုသံပါနေသည်။

"စိတ်ချပါ ဒေါ်လေး ကျနော် ကတိပေးပါတယ်
ဒါ ကျနော့်သမီးလေး မလား ကျနော့်ကိုပေးချီပါလား "

မင်းရေစက်ထင် ကအသနားခံသည့်အသံလေးဖြင့် တောင်းဆိုတော့ ဒေါ်ခင်အေး လည်းမြေးဖြစ်သူကို သူ့အဖေလက်ထဲထည့်ပေးလိုက်သည်။ မင်းရေစက်ထင် လက်ထဲရောက်လာသည့် ၁နှစ်အရွယ်သူ့သမီးလေးအား မျက်ရည်စများတွဲခိုနေသည့်မျက်ဝန်းတွေနဲ့အတူ ပြုံးကာကြည့်မိသည်။ ကလေးလေးက ရီပြပါတော့သည်။

"ဖေ့ဖေ့ သမီးလေး.. ၊ဖေဖေ့ကို ခွန့်လွတ်ပါကွယ်...နော်၊ နောက်ထပ် သမီးလေးကိုထပ်ပစ်မထားတော့ဘူး "

မင်းရေစက်ထင် ကလေးကိုတဝနမ်းရှုံ့လိုက်သည်။ ထိုအခါ ကလေးလေး ကသူ့ရဲ့လက်သေးသေးလေးနဲ့ မင်းရေစက်ထင် ရဲ့ပါးအား
လာကိုင်သည်။

"မငိုပါနဲ့ တော့ မောင်ရယ်.. အခု သာယာတို့ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် နော် "

မင်းရေစက်ထင် မျက်ရည်များနဲ့ခေါင်းကိုဆက်တိုက်ညှိိမ့်လိုက်ပြီး သာယာအေးရဲ့ပါးလေးကိုပါ နမ်းလိုက်သည်။

"ကဲ ဒါဆို မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်သွားပြီဆိုတော့ အားလုံးချစ်ချစ်ခင်ခင်နေသွားကြမယ်....ဖြောင်း..ဖြောင်းး..ဖြောင်း"

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now