ep2

1.4K 73 2
                                    

unicode

ရှေးဟောင်းကျွန်းတံခါးကြီးပေါ်တွင် ထုဆစ်ထားသော..ပန်းပုရုပ် ၊ ကနုတ်ပန်း အလှများ..
ကျွန်းသားဖြင့် ဆောက်လုပ်ထားသည့်..
ရှေးဟောင်း အဆောက်အဉီးပုံစံ ဘုန်းကြီး ကျောင်းတိုက်ကြီး ၏ အောက်ထပ်တွင်..

"မိကြာဉ... ဒွေးလေး ( အသက်၄၀-၅၀အထက် အဒေါ်)  ကို အဲ့ ဓာပေး..”

"ရော့... ဒွေးလေး..”

စားပွဲ တစ်ခုတွင် လူလေးယောက် မျက်နှာချင်းဆိုင်ထိုင်ကာ..ကြက်သွန် လှီးနေကြသည်။.. ဘေး စားပွဲတွင် ဟင်းရွက် သင် သည့် သူက သင် ၊ ကြက်သွန်းအဖြူ ခွာသူက ခွာ ၊
ဟင်းသီးဟင်းရွက်များလဲ ညှပ်သူက ညှပ် ၊ ကိုက်သူက ကိုက် နဲ့ ဘုန်းကြီးကျောင်း ၏ ဘောဇနဒါရီ ဆွမ်းစားကျောင်း ထဲတွင် လူစုံ တက်စုံ ရောက်နှင့်နေကြပြီ ။

"ကဲ.... ဒွေးဂျင်းစိမ်း တို့ ဟိုဘက် တိုး တော် ..
ကျုပ်တို့ သားအမိ လာပြီ... ”

ဒေါ်ခင်အေးမှ ပြောရင်းဆိုရင်း မိကြာဉ တို့ ကြက်သွန်းလှီးနေတဲ့ ဝိုင်းမှာ ဝင် တိုင် လိုက်သည်။
သားဖြစ်သူ သာယာအေး မှာ သူမ နောက်တွက် ကပ်ပါလာသည်။

ဒွေးလေးဂျင်းစိမ်း မှ ကြက်သွန်လှီးရင်း နေရာရွေ့ကာ..

"အမလေး...ညည်းတို့ သားအမိ နဲနဲနောက်ကျတယ်နော်..”

"ဟုတ်ပါ့ ဒွေးလေး ရေ...ဒွေးလေး ရဲ့ တူ ပေါ့
မျက်နှာသစ်ရင်း အတွေးက ဘယ်ကမ္ဘာရောက်နေလဲ မသိပါဘူး အကြာကြီး ထမင်းကြမ်းစားတော့လဲ သူမေးတာဖြေနေရတာနဲ့ ကြာနေတာ..”

"ဟုတ်လား သာယာအေး”

"ဟီး...ဟုတ်...ဒွေးလေး...”

"ရော့...ဓား....တဘက်ခါ နေ့လည်လောက်ကျရင်
ဒွေးလေး အိမ် လာခဲ့ပါအုန်း... မင်း ဉီးလေးရဲ့
အမျိုးတွေ... ရွာကို လာလည် မယ်ဆိုလို့ အိမ်သန့်ရှင်းရေးလေး...ကူ လုပ် ပါ ဉီး... ”

"ဟုတ် ဟုတ် ဒွေးလေး လာခဲ့ပါ့မယ်.. ”

ထိုအချိန်တွင် နေရာတကာ ဟိုပါဒီပါ နဲ့ အရမ်းစပ်စုသည့် မိကြာဉမှ ကြက်သွန်လှီးရင်း စကားစမြည်ထိုးတော့သည်။

"ဒွေးလေး..... မြို့က ဧည့်သည် တွေ ဆိုတော့
ကားကြီးတွေနဲ့ လာ ကြမှာ ပေါ့ နော်... ”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now