EP32

440 27 6
                                    

unicode

"ကိုကို...ဒါလေး..လှလား"

မင်းရေစက်ထင်ရဲ့အရှေ့ကနေရပ်ကာ..
အင်္ကျီဝတ်စုံများကို ကိုယ်နဲ့ကပ်လိုက်ခွာလိုက်လုပ်ကာ.မေးနေသောကြောင့်..မင်းရေစက်ထင်သူမကိုကြည့်မိသည်။
အလုပ်ကိစ္စနဲ့ခရီးဝေးသွားရမဲ့လူနောက်ကို..
၁ပတ်လောက်ပဲ ကြာမှာပါဆိုပြီး အခုတော့
၃လနီးပါကြာနေပြီ၊ပြန်လွှတ်ရင်လဲ..ဘာဖြစ်လို၊ညာဖြစ်လို့နဲ့အကြောင်းပြချက်တွေပေးပြီး မပြန်နိုင်သေး။

သူမအပေါ် ဘာစိတ်ခံစားချက်မှမရှိ။
ညီမလေး တစ်ယောက်ထက်မပို။အနေနီးသော်ညား...ခံစားချက်အပြောင်းအလဲမဖြစ်ပေါ်ဖူးပါ။

အခုလည်း အလုပ်ပိတ်ရက် အပြင်ထွက်လည်မည်ဟု ဂျီကျနေသဖြင့် မလိုက်ချင်၊လိုက်ချင်နဲ့
လိုက်လာရခြင်းဖြစ်သည်။

"ကိုကို..ဒါလေးနဲ့လိုက်လားလို့..."

"အင်း..မဆိုးဘူး.."

"ဒါဆို ဒါလေးပဲ ယူလိုက်မယ်သိလား.."

မင်းရေစက်ထင်ခေါင်းပဲညိမ့်ပြလိုက်သည်။

"ဒါပြီးရင် Times Square ဘက်သွားကြမလား
ကိုကို."

"အင်း..အ့ကနေပြီးရင် ပြန်ကြတာပေါ့..ကိုယ်နားချင်ပြီ"

"ဟုတ်ကဲ့ ကိုကို.."

Time Square မှာ နောရာအနံလျှောက်ပတ်၊အလှဓာတ်ပုံတွေ ရိုက်ပြီးပြန်လာခဲ့ကြသည်။
တနေကုန် သူမနဲ့လျှောက်သွားနေရပေမဲ့
စိတ်ကတော့ ချစ်ရသူဆီမှာ...

တနေ့တော့ မောင်တို့အတူတူလျှောက်လည်ကြရမယ်။
လွမ်းလိုက်တယ်...မောင့်ချစ်သူရယ်..
ဒီအချိန်ဆို မင်းဘာတွေများလုပ်နေမလဲ...
မောင့်ကိုရော...လွမ်းနေမယ်မလား...

...............................

မြို့ကပြန်လာပြီးထဲက.. သာယာအေးအရမ်းစကားနည်းသွားသည်။
အမြဲတမ်း သူ့ကိုကြည့်ရင် တမိုင်မိုင်တထွေထွေနဲ့
အဝေးကိုငေးငေး နေတတ်သည်။

ပြန်ရောက်စကတော့...အစားပုံမှန်မစား၊အအိပ်ပုံမှန်မအိပ်ပဲ....တရှုံ့ရှုံ့ ငိုနေတတ်ပေမဲ့..
ဒေါ်ခင်အေးက ဒီလိုသာ..ဆက်ဖြစ်နေရင်..
ဗိုက်ထဲက ကလေး ကိုထိခိုက်လိမ့်မယ်ဟု..
အကြိမ်ကြိမ်ဆူထားသည့်အတွက်ကြောင့်
ခုရက်ပိုင်း အစားပုံမှန်စားသလို ၊ အိပ်ချိန်လည်းမှန်လာသည်။
တခါခါ တစ်ခုခုကို အကြာကြီးကြည့်ပြီးငေးနေတတ်တာကလွဲရင်..သူ့အတွက်အဆင်ပြေလာသည်။

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now