Forever More ( ထာဝရထက်ပို၍ )

Von Melinoe_Megami

337K 33.8K 1.5K

ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် ... Mehr

Our Fate
Our Fate
Our Fate
Our Fate
Our Fate
Our Fate
Our Fate
Our Fate
Our Fate
Our Fate
1.1
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
1.10
Space Home
2.1
Game Summary
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
2.10
2.11
2.12
2.13
2.14
2.15
Home Space
3.1
3.2
3.3
3.4
3.5
3.6
3.7
3.8
3.9
3.10
3.11
3.12
Space Home
4.1
4.2
4.3
4.4
4.5
4.6
4.7
4.8
4.9
4.10
4.11
4.12
Space Home
Initial Battle
5.1
5.2
5.3
5.4
5.5
5.6
5.7
5.8
Ads
5.9
5.10
5.11
5.12 🚨
5.13
5.14
5.15
5.16
5.17
5.18
Space Home
6.2
6.3
6.4
6.5
6.6
6.7
6.8
6.9
6.10
6.11
6.12 🚨
6.13
6.14
6.15
6.16
6.17
6.18
Home Space
7.1
7.2
7.3
7.4
7.5
7.6
7.7
7.8
7.9
7.10
7.11
7.12
7.13
7.14
7.15
Who is The System Creator?
8.1
8.2
8.3
8.4
8.5
8.6
8.7
8.8
8.9
8.10
8.11
8.12
8.13
8.14
Hello
8.15
8.16
Space Home 1 - The Past Life
Space Home 2 - Ben and Nolan
9.1
9.2
9.3
Hello
9.4
9.5
9.6
9.7
9.8
9.9
9.10
9.11
9.12
9.13
Ads
9.14
9.15
9.16
9.17
9.18
9.19
9.20 End
Space Home
10.1
10.2
10.3
10.4
10.5
10.6
Ads
10.7
10.8
10.9
10.10
10.11
10.12
10.13
10.14
10.15
10.16
10.17
10.18
10.19
10.20
Gu MingYu
Real World 1
Real World 2
Real World 3
Real World 4
Real World 5
Real World 6
Real World 7 End
Book ခွဲခြင်း၊ Book ခြဲျခင္း
Hello!

6.1

2K 200 15
Von Melinoe_Megami

Unicode

“မိုင်လေး …ဘာထိုင်လုပ်နေတာလဲ… နောက်ကမ္ဘာသွားမယ်လေ…”

ပြန်ရောက်ပြီးကတည်းက တခုခုကို အတွေးနက်နေဟန်တူသည့် မိုင်လေးရဲ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်… သူ့Guest က တနေ့တခြား ပိုရူးလာသလို့ပင်….

“အမလေး… ဘယ်သူက အောက်ကလဲ..”

“ဟမ်..???... ဘာတွေအော်နေတာလဲ မိုင်လေး..
မေးနေတာလဲ မဖြေဘူး..”

ထိုအခါမှ Ryan ၏ ဝိညဉ်အပိုင်းအစ သွားပို့ရင်းပြန်လာသည့် မိုင်လေး.. သူတွေ့ခဲ့သည့် မြင်ကွင်းကို ခေါင်းထဲမှ ခါထုတ်ပစ်လိုက်တော့သည်… သို့သော်ငြား ခုတင်ပေါ်မှာ တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာ ဖက်ပြီး အိပ်ပျော်နေသည့် လူနှစ်ယောက်ကို ပြန်မြင်ယောင်မိတော့ နှာခေါင်းသွေးများ လျှံထွက်တော့မလို ခံစားမိပြန်သည်…

“ငါစိုက်ထားတဲ့ မုန်လာဥလေးကို ဝက်တူးသွားပြီ… အဲ… မဟုတ်သေးဘူး… ငါမွေးထားတဲ့ကြောင်က တခြားအိမ်က ငါးကြော်ကို ခိုးစားတာလည်း ဖြစ်နိုင်တယ်… အာ… မသိတော့ဘူး.. “

“……???”

ဘာတွေလဲ မုန်လာဥတွေ ငါးကြော်တွေက… ထားလိုက်တော့…

“နောက်ကမ္ဘာကူးတော့မယ်… အသင့်ပြင်တော့…”

“Okay….”

မရိုးအီနိုင်သော နာကျင်မှုနှင့်အတူ အမှောင်ထုအတွင်းသို့ ကျရောက်သွားတော့သည်…..

………………

မိုင်လေး၏ဝိဉာဉ်က ခန္ဓာကိုယ်တစ်ခုအတွင်းသို့ ဆွဲငင်ခံရပြီးနောက် ဝိဉာဉ်ကူးသည့် နာကျင်မှုနှင့်အတူ ဘယ်ဘက်ရင်အုံထက်မှ ပြောမနိုင်သည့် နာကျင်မှုတစ်ခုကိုပါ ထပ်တိုး ခံစားလိုက်ရသည်…အမည်မသိနေရာတစ်ခုမှာ လဲလျောင်းနေပြီး သူမ လက်ကို လှုပ်ရှားချင်ပေမယ့် လှုပ်ရှား၍မရ… ခန္ဓာတစ်ခုလုံးက ရေဓာတ်ကင်းမဲ့နေသလို ခြောက်ကပ်နေသည့် ခံစားမှုမျိုးကို ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်…

‘ဒီခန္ဓာကိုယ်ကလည်း အရင်ကမ္ဘာလို Coma ရောဂါဖြစ်နေတာများလားဟ…’

“Coal…  ငါဘယ်ရောက်နေပြန်တာလဲ…”

“ခနလေးစောင့်… ပို့လိုက်တာ စောသွားလို့… အဟီး..”

စပ်ဖြဲဖြဲလုပ်နေသည့် Coal ကို ပြန်ရန်တွေ့မည့်အချိန် နှုတ်ခမ်းထက်၌ အေးစက်စက်အထိအတွေ့တစ်ခုကို ခံစားမိလိုက်ရ၏.. စေးကပ်ကပ်အရည်တွေ… သူမနှုတ်ခမ်းပေါ်သို့ တစ်စက်ချင်းကျနေပြီး သူမ မငြင်းဆန်နိုင်ခင်မှာပဲ နှုတ်ခမ်းကြားမှ လည်ချောင်းတစ်လျှောက် စီးဝင်သွားတော့သည်…

‘ဒီခန္ဓာကိုယ်က တစ်ခုခုပဲ…’

သူမ ထူးဆန်းသည်ဟု ထင်ရလောက်အောင်ပင်.. ထိုအရည်များက လည်ပင်းမှသည်.. နှလုံးအိမ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် လက်ဖျားလေးတွေပါ မကျန် ခန္ဓာကိုယ်နေရာအနှံ့သို့ အေးစက်စက် စွမ်းအားတစ်မျိုး စီးဆင်းသွားလေသည်…

သို့သော် နှလုံးနေရာမှ နာကျင်မှုက ကျန်ရှိနေဆဲ… တစ်စုံတစ်ခုက စူးဝင်နေသလို နာကျင်မှုမျိုးက သာမာန်လူတို့ သည်းခံနိုင်ရန် ခက်ခဲလှသည်…

သေလောက်အောင်ပဲ.. ငါဘယ်သူ့ကို နှိပ်စက်ခဲ့မိလို့ ဒီကို ခံစားနေရတာလဲ???... တစ်ယောက်ယောက်သိရင် ပြောပြကြစမ်းပါ... TT

ခနအကြာမှာ​တော့ သူမရဲ့တောင့်တင်းနေသည့် လက်ချောင်းများသည်လည်း အနည်းငယ် ကွေ့ဆန့်၍ ရလာခဲ့၏.. မျက်လုံးအိမ်ကို အရင်ဆုံး ဖွင့်ကြည့်လိုက်ပြီးသည်နောက် မြင်လိုက်ရသည်က အမှောင်ထု… အလင်းအစက်အပျောက်လေး တစ်ခုတောင် တည်ရှိမနေသည့် သိပ်သည်းသော အမှောင်ထု….. မျက်လုံးအိမ်ကို ဟိုဘက်သည်ဘက် လှုပ်ရှားကြည့်လိုက်လည်း နေရာတိုင်းက မှောင်မိုက်နေသည်…

‘ငါက ဒီကမ္ဘာမှာ အကန်းများလားဟ… (^_-)”

လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ဘေးဘက်ကို လိုက်စမ်းကြည့်လိုက်တော့ အေးစက်စက် မာကျောသော နံရံမျက်နှာပြင်…  စမ်းမိလိုက်သည့် အရပ်ရှစ်မျက်နှာတိုင်းက အေးစက်စက်နံရံတစ်ခုသာ ကာထားသည်ကို တွေ့လိုက်ရတယ်…

သူမ ခေါင်းတလားလို သေတ္တာတစ်ခုထဲကို ရောက်နေခဲ့တာလား…???

လှုပ်ရှားလိုက်တိုင်း နာကျင်နေရတာကြောင့် ရင်ဘတ်ကို စမ်းကြည့်လိုက်တော့ ရှည်မျောမျောအရာတစ်ခုက နှလုံးတည်ရှိရာ နေရာ၌ စိုက်ဝင်နေလေရဲ့…

“Oh…My…God… မမေးလည်း သိနေပြီ.. ဒီခန္ဓာကိုယ်က ဗန်ပိုင်းယား မဟုတ်လား…”

“Wow… ဖြောင်း…ဖြောင်း…ဖြောင်း…
မိုင်လေးက အရမ်းတော်တာပဲ ချက်ချင်းကို ခန့်မှန်းနိုင်တယ်…”

ရင်ဘတ်အတွင်း စိုက်ဝင်နေသည့် ထိုအရာကို မနှုတ်ရဲသေးတာကြောင့် အသာဆုပ်ကိုင်ထားလိုက်ပြီး သက်ပျင်းချလိုက်တယ်…

“တော်စမ်းပါ…Coal ရယ်.... ဒီကဘယ်လိုထွက်ရမလဲ အရင်လုပ်ဦးဟ…. အသက်ရှူကြပ်လာသလိုပဲ..”

“Vampire တွေက အသက်မရှူဘူးလေ.... မနောက်နဲ့..မနောက်နဲ့... ဇာတ်ကြောင်း အရင်ကြည့်လိုက်ဦး … လွှဲပြောင်းပြီနော် .. အဆင်သင့်ပြင်ထားတော့…”

“Ok.. မြန်မြန်လုပ်…”

‘ဘာကို အသင့်ပြင်ရမှာလဲ… အချောင်းကြီးတစ်ခုလုံး နှလုံးထဲ စိုက်ဝင်နေတာ ဘယ်အရာက အဲ့ထက်နာကျင်ဦးမှာလဲ.. Pff..’

…………………………..

ဒီကမ္ဘာကြီးက မိုင်လေး ထင်ထားသည့်အတိုင်း Vampire, Hunter နှင့် လူသားတို့ရောနှောနေသည့် ကမ္ဘာမျိုးဖြစ်သည်… မိုင်လေး ဝင်ရောက်လာသည့် ခန္ဓာပိုင်ရှင်ရဲ့ အမည်က Diana.. မူလVampire ၏ မျိုးဆက်အစစ်ဖြစ်သည့် သားသမီး ၇ ယောက်ထဲမှ အငယ်ဆုံးသမီးဖြစ်သည်…

Vampire နှင့် Hunter များအကြား ရက်စက်သော တိုက်ပွဲများ နှစ်ရာစုချီအောင် ဖြစ်ပေါ်ခဲ့ပြီးနောက် မူလ Vampire ၏မျိုးဆက်မျိုးဆက်များ ပျောက်ကွယ်သွားခဲ့ရသည်…

Diana ၏ဖခင်ဖြစ်သူ မူလ Vampire က အပျော်အပါးမက်သူတစ်ဦးဖြစ်ပြီး Pure Hunter တစ်ဦးနှင့် မှားယွင်းခဲ့ပြီးနောက် သမီးလေးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့တယ်… ထိုသွေးရောမိန်းကလေးက Vampire လည်းမဟုတ်၊ Hunter လည်းမဟုတ်၊ သာမာန်လူသားများကဲ့သို့ ထင်ခဲ့ရပေမယ့် နောင်တချိန်မှာ မူလ Vampire မျိုးဆက်ကို ပျက်သုန်းစေခဲ့သည့် တရားခံဖြစ်လာခဲ့သည်…

Diana ရဲ့မိဘနှစ်ပါးက အသတ်ခံလိုက်ရပြီး သူမရဲ့ မောင်နှမသားချင်းတွေအကုန်လုံးဟာလည်း သွေးရောမိန်းကလေးရဲ့ သွေးစက်များဖြင့် စီရင်ထားသည့် သစ်သားများဖြင့် နှလုံးသားကို ထိုးစိုက်ခံလိုက်ကြရပြီး မြေကြီးအောက်မှာ ထာဝရမြုပ်နှံထားခံလိုက်ရတယ်….

အမျိုးသားဇာတ်လိုက်က Wilson .. သူကိုယ်သူတောင် မသိသေးတဲ့ ရှားပါးသွေးနှောမျိုးဆက်..

Vampire နှင့် Hunter များကြီးစိုးသည့် ထိုခေတ်အခါမှာ သူက သာမာန်လူသားတစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် Vampire များ၏အစေခံအဖြစ် အလုပ်ကြမ်းများ လုပ်ရသည့် အစေခံတစ်ဦးဖြစ်သည်…

သူ့ရဲ့တာဝန်အရ ရှေးဟောင်း Vampire သင်္ချိုင်းကို သန့်ရှင်းရေးလုပ်ရင်း ဒဏ်ရာရခဲ့ပြီး သွေးစက်တစ်ချို့က မြေကြီးအတွင်း စိမ့်ဝင်ကာ Diana ရဲ့အခေါင်းပေါ်က အစီအရင်ကို လှုံ့နှိုးလိုက်မိတော့တယ်…

သူရဲ့သွေးထဲမှာ သွေးနှောလူသားမျိုးဆက်သွေးတွေ စီးဆင်းနေတာကြောင့် Diana လည်း ပြန်လည်ရှင်သန်ထမြောက်လာခဲ့တော့သည်… မူလ Vampire မျိုးဆက်ဖြစ်သည့် သူမက စွမ်းအင်ကြီးမားသည်မှာ ပုံမှန်ပင်…

အမျိုးသားဇာတ်လိုက်ကို သူမရဲ့အသက်သခင်ကျေးဇူးရှင်အဖြစ် သတ်မှတ်လိုက်ပြီး လက်ရှိ Vampire ဘုရင်ကို ထိန်းချုပ်ကာ Wilson ရဲ့အဆင့်အတန်းကို မြင့်မားစေတော့တယ်.. သူမက အကောင်းဆုံးဆိုသည့် အရာများကို Wilson အတွက် ရည်ရွယ်ကာ ပေးခဲ့ပေမယ့် ထိုအရာတိုင်းက Wilson အတွက်တော့ ရွံ့မုန်းစရာများ ဖြစ်နေခဲ့တော့၏...

Vampire တွေရဲ့အစေခံအဖြစ်နေလာခဲ့ရတဲ့ အမျိုးသားဇာတ်လိုက်က Vampire တွေကို မုန်းတီးနေသည်မှာ မဆန်းကြယ်သည့် အမှန်တရားတစ်ခုဖြစ်သည်… ထို့ကြောင့် သိပ်မကြာခင်မှာပဲ သူက အမျိုးသမီးဇာတ်လိုက်ဖြစ်သည့် အတော်ဆုံး Hunter Layla နှင့် တွေ့ဆုံမိကာ ချစ်ကျွမ်းဝင်သွားတော့တယ်..

အဲ့နောက်မှာတော့ အကြောင်းတိုက်ဆိုင်မှု တချို့အရ Wilson က သူ့ကိုယ်သူ သွေးနှောမျိုးဆက်မှန်း သိလိုက်ရပြီး Vampire မျိုးနွယ်တစ်ခုလုံးကို Layla နှင့် ပူးပေါင်းကြံစည်ကာ လုပ်ကြံတော့သည်… ပြန်လည် နိုးထလာပြီးကတည်းက အချစ်မျက်ကန်းဖြစ်ခဲ့ရသည့် Diana လည်း ဒီတစ်ခေါက်တော့ ဝိဉာဉ်ကြွေလွင့်သည်အထိ သေဆုံးသွားခဲ့ရတော့တယ်….

“( - _ - )”

လာပြန်ပြီ… သောက်ကျိုးနည်း အချစ်ရူး… ငါ့ကို ထပ်ပြီး မြူဆွယ်ခိုင်းဦးမှာလား…  ကြာပန်းဖြူဖြစ်ရတာ လူရိုက်ရတာထက် ပိုပင်ပန်းတယ်ဟ….

“Coal.. ရေ.. အခုငါက ဘာလုပ်ရမှာလဲ..”

“Mission တွေမပြောခင် မိုင်လေးကို သတိပေးချင်တယ်…
အခုဟာက Diana ရဲ့မှတ်ဉာဏ်ဖြစ်တာကြောင့် Diana မသိလိုက်ရတဲ့ ရှုပ်ထွေးမှုတွေ အများကြီးရှိနိုင်ပါတယ်.. ဒါက စေတနာနဲ့ အကြံပေးတာ…”

‘Coal ပြောတာ ဟုတ်သားပဲ… ဇာတ်ကြောင်းက အရမ်းရိုးရှင်းလွန်းနေတယ်…’

“Mission က…”

“ဒုန်း… ဒုန်း…”

“……..” ဘာသံတွေလဲဟ

…………………………………

Zawgyi

“မိုင္ေလး …ဘာထိုင္လုပ္ေနတာလဲ… ေနာက္ကမာၻသြားမယ္ေလ…”

ျပန္ေရာက္ၿပီးကတည္းက တခုခုကို အေတြးနက္ေနဟန္တူသည့္ မိုင္ေလးရဲ႕ပုခုံးကို ပုတ္ကာ ေျပာလိုက္သည္… သူ႔Guest က တေန႔တျခား ပို႐ူးလာသလို႔ပင္….

“အမေလး… ဘယ္သူက ေအာက္ကလဲ..”

“ဟမ္..???... ဘာေတြေအာ္ေနတာလဲ မိုင္ေလး..
ေမးေနတာလဲ မေျဖဘူး..”

ထိုအခါမွ Ryan ၏ ဝိညဥ္အပိုင္းအစ သြားပို႔ရင္းျပန္လာသည့္ မိုင္ေလး.. သူေတြ႕ခဲ့သည့္ ျမင္ကြင္းကို ေခါင္းထဲမွ ခါထုတ္ပစ္လိုက္ေတာ့သည္… သို႔ေသာ္ျငား ခုတင္ေပၚမွာ တစ္ဦးႏွင့္တစ္ဦး တင္းက်ပ္စြာ ဖက္ၿပီး အိပ္ေပ်ာ္ေနသည့္ လူႏွစ္ေယာက္ကို ျပန္ျမင္ေယာင္မိေတာ့ ႏွာေခါင္းေသြးမ်ား လွ်ံထြက္ေတာ့မလို ခံစားမိျပန္သည္…

“ငါစိုက္ထားတဲ့ မုန္လာဥေလးကို ဝက္တူးသြားၿပီ… အဲ… မဟုတ္ေသးဘူး… ငါေမြးထားတဲ့ေၾကာင္က တျခားအိမ္က ငါးေၾကာ္ကို ခိုးစားတာလည္း ျဖစ္ႏိုင္တယ္… အာ… မသိေတာ့ဘူး.. “

“……???”

ဘာေတြလဲ မုန္လာဥေတြ ငါးေၾကာ္ေတြက… ထားလိုက္ေတာ့…

“ေနာက္ကမာၻကူးေတာ့မယ္… အသင့္ျပင္ေတာ့…”

“Okay….”

မ႐ိုးအီႏိုင္ေသာ နာက်င္မႈႏွင့္အတူ အေမွာင္ထုအတြင္းသို႔ က်ေရာက္သြားေတာ့သည္…..

………………

မိုင္ေလး၏ဝိဉာဥ္က ခႏၶာကိုယ္တစ္ခုအတြင္းသို႔ ဆြဲငင္ခံရၿပီးေနာက္ ဝိဉာဥ္ကူးသည့္ နာက်င္မႈႏွင့္အတူ ဘယ္ဘက္ရင္အုံထက္မွ ေျပာမႏိုင္သည့္ နာက်င္မႈတစ္ခုကိုပါ ထပ္တိုး ခံစားလိုက္ရသည္…အမည္မသိေနရာတစ္ခုမွာ လဲေလ်ာင္းေနၿပီး သူမ လက္ကို လႈပ္ရွားခ်င္ေပမယ့္ လႈပ္ရွား၍မရ… ခႏၶာတစ္ခုလုံးက ေရဓာတ္ကင္းမဲ့ေနသလို ေျခာက္ကပ္ေနသည့္ ခံစားမႈမ်ိဳးကို ထူးထူးဆန္းဆန္း ခံစားလိုက္ရတယ္…

‘ဒီခႏၶာကိုယ္ကလည္း အရင္ကမာၻလို Coma ေရာဂါျဖစ္ေနတာမ်ားလားဟ…’

“Coal…  ငါဘယ္ေရာက္ေနျပန္တာလဲ…”

“ခနေလးေစာင့္… ပို႔လိုက္တာ ေစာသြားလို႔… အဟီး..”

စပ္ၿဖဲၿဖဲလုပ္ေနသည့္ Coal ကို ျပန္ရန္ေတြ႕မည့္အခ်ိန္ ႏႈတ္ခမ္းထက္၌ ေအးစက္စက္အထိအေတြ႕တစ္ခုကို ခံစားမိလိုက္ရ၏.. ေစးကပ္ကပ္အရည္ေတြ… သူမႏႈတ္ခမ္းေပၚသို႔ တစ္စက္ခ်င္းက်ေနၿပီး သူမ မျငင္းဆန္ႏိုင္ခင္မွာပဲ ႏႈတ္ခမ္းၾကားမွ လည္ေခ်ာင္းတစ္ေလွ်ာက္ စီးဝင္သြားေတာ့သည္…

‘ဒီခႏၶာကိုယ္က တစ္ခုခုပဲ…’

သူမ ထူးဆန္းသည္ဟု ထင္ရေလာက္ေအာင္ပင္.. ထိုအရည္မ်ားက လည္ပင္းမွသည္.. ႏွလုံးအိမ္အတြင္းသို႔ ဝင္ေရာက္သြားၿပီးေနာက္ လက္ဖ်ားေလးေတြပါ မက်န္ ခႏၶာကိုယ္ေနရာအႏွံ႔သို႔ ေအးစက္စက္ စြမ္းအားတစ္မ်ိဳး စီးဆင္းသြားေလသည္…

သို႔ေသာ္ ႏွလုံးေနရာမွ နာက်င္မႈက က်န္ရွိေနဆဲ… တစ္စုံတစ္ခုက စူးဝင္ေနသလို နာက်င္မႈမ်ိဳးက သာမာန္လူတို႔ သည္းခံႏိုင္ရန္ ခက္ခဲလွသည္…

ေသေလာက္ေအာင္ပဲ.. ငါဘယ္သူ႔ကို ႏွိပ္စက္ခဲ့မိလို႔ ဒီကို ခံစားေနရတာလဲ???... တစ္ေယာက္ေယာက္သိရင္ ေျပာျပၾကစမ္းပါ... TT

ခနအၾကာမွာ​ေတာ့ သူမရဲ႕ေတာင့္တင္းေနသည့္ လက္ေခ်ာင္းမ်ားသည္လည္း အနည္းငယ္ ေကြ႕ဆန႔္၍ ရလာခဲ့၏.. မ်က္လုံးအိမ္ကို အရင္ဆုံး ဖြင့္ၾကည့္လိုက္ၿပီးသည္ေနာက္ ျမင္လိုက္ရသည္က အေမွာင္ထု… အလင္းအစက္အေပ်ာက္ေလး တစ္ခုေတာင္ တည္ရွိမေနသည့္ သိပ္သည္းေသာ အေမွာင္ထု….. မ်က္လုံးအိမ္ကို ဟိုဘက္သည္ဘက္ လႈပ္ရွားၾကည့္လိုက္လည္း ေနရာတိုင္းက ေမွာင္မိုက္ေနသည္…

‘ငါက ဒီကမာၻမွာ အကန္းမ်ားလားဟ… (^_-)”

လက္ႏွစ္ဖက္ကို ဆန႔္လိုက္ၿပီး ေဘးဘက္ကို လိုက္စမ္းၾကည့္လိုက္ေတာ့ ေအးစက္စက္ မာေက်ာေသာ နံရံမ်က္ႏွာျပင္…  စမ္းမိလိုက္သည့္ အရပ္ရွစ္မ်က္ႏွာတိုင္းက ေအးစက္စက္နံရံတစ္ခုသာ ကာထားသည္ကို ေတြ႕လိုက္ရတယ္…

သူမ ေခါင္းတလားလို ေသတၱာတစ္ခုထဲကို ေရာက္ေနခဲ့တာလား…???

လႈပ္ရွားလိုက္တိုင္း နာက်င္ေနရတာေၾကာင့္ ရင္ဘတ္ကို စမ္းၾကည့္လိုက္ေတာ့ ရွည္ေမ်ာေမ်ာအရာတစ္ခုက ႏွလုံးတည္ရွိရာ ေနရာ၌ စိုက္ဝင္ေနေလရဲ႕…

“Oh…My…God… မေမးလည္း သိေနၿပီ.. ဒီခႏၶာကိုယ္က ဗန္ပိုင္းယား မဟုတ္လား…”

“Wow… ေျဖာင္း…ေျဖာင္း…ေျဖာင္း…
မိုင္ေလးက အရမ္းေတာ္တာပဲ ခ်က္ခ်င္းကို ခန႔္မွန္းႏိုင္တယ္…”

ရင္ဘတ္အတြင္း စိုက္ဝင္ေနသည့္ ထိုအရာကို မႏႈတ္ရဲေသးတာေၾကာင့္ အသာဆုပ္ကိုင္ထားလိုက္ၿပီး သက္ပ်င္းခ်လိုက္တယ္…

“ေတာ္စမ္းပါ…Coal ရယ္.... ဒီကဘယ္လိုထြက္ရမလဲ အရင္လုပ္ဦးဟ…. အသက္ရႉၾကပ္လာသလိုပဲ..”

“Vampire ေတြက အသက္မရႉဘူးေလ.... မေနာက္နဲ႔..မေနာက္နဲ႔... ဇာတ္ေၾကာင္း အရင္ၾကည့္လိုက္ဦး … လႊဲေျပာင္းၿပီေနာ္ .. အဆင္သင့္ျပင္ထားေတာ့…”

“Ok.. ျမန္ျမန္လုပ္…”

‘ဘာကို အသင့္ျပင္ရမွာလဲ… အေခ်ာင္းႀကီးတစ္ခုလုံး ႏွလုံးထဲ စိုက္ဝင္ေနတာ ဘယ္အရာက အဲ့ထက္နာက်င္ဦးမွာလဲ.. Pff..’

…………………………..

ဒီကမာၻႀကီးက မိုင္ေလး ထင္ထားသည့္အတိုင္း Vampire, Hunter ႏွင့္ လူသားတို႔ေရာေႏွာေနသည့္ ကမာၻမ်ိဳးျဖစ္သည္… မိုင္ေလး ဝင္ေရာက္လာသည့္ ခႏၶာပိုင္ရွင္ရဲ႕ အမည္က Diana.. မူလVampire ၏ မ်ိဳးဆက္အစစ္ျဖစ္သည့္ သားသမီး ၇ ေယာက္ထဲမွ အငယ္ဆုံးသမီးျဖစ္သည္…

Vampire ႏွင့္ Hunter မ်ားအၾကား ရက္စက္ေသာ တိုက္ပြဲမ်ား ႏွစ္ရာစုခ်ီေအာင္ ျဖစ္ေပၚခဲ့ၿပီးေနာက္ မူလ Vampire ၏မ်ိဳးဆက္မ်ိဳးဆက္မ်ား ေပ်ာက္ကြယ္သြားခဲ့ရသည္…

Diana ၏ဖခင္ျဖစ္သူ မူလ Vampire က အေပ်ာ္အပါးမက္သူတစ္ဦးျဖစ္ၿပီး Pure Hunter တစ္ဦးႏွင့္ မွားယြင္းခဲ့ၿပီးေနာက္ သမီးေလးတစ္ေယာက္ကို ထပ္မံေမြးဖြားခဲ့တယ္… ထိုေသြးေရာမိန္းကေလးက Vampire လည္းမဟုတ္၊ Hunter လည္းမဟုတ္၊ သာမာန္လူသားမ်ားကဲ့သို႔ ထင္ခဲ့ရေပမယ့္ ေနာင္တခ်ိန္မွာ မူလ Vampire မ်ိဳးဆက္ကို ပ်က္သုန္းေစခဲ့သည့္ တရားခံျဖစ္လာခဲ့သည္…

Diana ရဲ႕မိဘႏွစ္ပါးက အသတ္ခံလိုက္ရၿပီး သူမရဲ႕ ေမာင္ႏွမသားခ်င္းေတြအကုန္လုံးဟာလည္း ေသြးေရာမိန္းကေလးရဲ႕ ေသြးစက္မ်ားျဖင့္ စီရင္ထားသည့္ သစ္သားမ်ားျဖင့္ ႏွလုံးသားကို ထိုးစိုက္ခံလိုက္ၾကရၿပီး ေျမႀကီးေအာက္မွာ ထာဝရျမဳပ္ႏွံထားခံလိုက္ရတယ္….

အမ်ိဳးသားဇာတ္လိုက္က Wilson .. သူကိုယ္သူေတာင္ မသိေသးတဲ့ ရွားပါးေသြးေႏွာမ်ိဳးဆက္..

Vampire ႏွင့္ Hunter မ်ားႀကီးစိုးသည့္ ထိုေခတ္အခါမွာ သူက သာမာန္လူသားတစ္ေယာက္လို ျဖစ္ေနခဲ့တာေၾကာင့္ Vampire မ်ား၏အေစခံအျဖစ္ အလုပ္ၾကမ္းမ်ား လုပ္ရသည့္ အေစခံတစ္ဦးျဖစ္သည္…

သူ႔ရဲ႕တာဝန္အရ ေရွးေဟာင္း Vampire သခ်ႋဳင္းကို သန႔္ရွင္းေရးလုပ္ရင္း ဒဏ္ရာရခဲ့ၿပီး ေသြးစက္တစ္ခ်ိဳ႕က ေျမႀကီးအတြင္း စိမ့္ဝင္ကာ Diana ရဲ႕အေခါင္းေပၚက အစီအရင္ကို လႈံ႕ႏႈိးလိုက္မိေတာ့တယ္…

သူရဲ႕ေသြးထဲမွာ ေသြးေႏွာလူသားမ်ိဳးဆက္ေသြးေတြ စီးဆင္းေနတာေၾကာင့္ Diana လည္း ျပန္လည္ရွင္သန္ထေျမာက္လာခဲ့ေတာ့သည္… မူလ Vampire မ်ိဳးဆက္ျဖစ္သည့္ သူမက စြမ္းအင္ႀကီးမားသည္မွာ ပုံမွန္ပင္…

အမ်ိဳးသားဇာတ္လိုက္ကို သူမရဲ႕အသက္သခင္ေက်းဇူးရွင္အျဖစ္ သတ္မွတ္လိုက္ၿပီး လက္ရွိ Vampire ဘုရင္ကို ထိန္းခ်ဳပ္ကာ Wilson ရဲ႕အဆင့္အတန္းကို ျမင့္မားေစေတာ့တယ္.. သူမက အေကာင္းဆုံးဆိုသည့္ အရာမ်ားကို Wilson အတြက္ ရည္႐ြယ္ကာ ေပးခဲ့ေပမယ့္ ထိုအရာတိုင္းက Wilson အတြက္ေတာ့ ႐ြံ႕မုန္းစရာမ်ား ျဖစ္ေနခဲ့ေတာ့၏...

Vampire ေတြရဲ႕အေစခံအျဖစ္ေနလာခဲ့ရတဲ့ အမ်ိဳးသားဇာတ္လိုက္က Vampire ေတြကို မုန္းတီးေနသည္မွာ မဆန္းၾကယ္သည့္ အမွန္တရားတစ္ခုျဖစ္သည္… ထို႔ေၾကာင့္ သိပ္မၾကာခင္မွာပဲ သူက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္သည့္ အေတာ္ဆုံး Hunter Layla ႏွင့္ ေတြ႕ဆုံမိကာ ခ်စ္ကြၽမ္းဝင္သြားေတာ့တယ္..

အဲ့ေနာက္မွာေတာ့ အေၾကာင္းတိုက္ဆိုင္မႈ တခ်ိဳ႕အရ Wilson က သူ႔ကိုယ္သူ ေသြးေႏွာမ်ိဳးဆက္မွန္း သိလိုက္ရၿပီး Vampire မ်ိဳးႏြယ္တစ္ခုလုံးကို Layla ႏွင့္ ပူးေပါင္းႀကံစည္ကာ လုပ္ႀကံေတာ့သည္… ျပန္လည္ ႏိုးထလာၿပီးကတည္းက အခ်စ္မ်က္ကန္းျဖစ္ခဲ့ရသည့္ Diana လည္း ဒီတစ္ေခါက္ေတာ့ ဝိဉာဥ္ေႂကြလြင့္သည္အထိ ေသဆုံးသြားခဲ့ရေတာ့တယ္….

“( - _ - )”

လာျပန္ၿပီ… ေသာက္က်ိဳးနည္း အခ်စ္႐ူး… ငါ့ကို ထပ္ၿပီး ျမဴဆြယ္ခိုင္းဦးမွာလား…  ၾကာပန္းျဖဴျဖစ္ရတာ လူ႐ိုက္ရတာထက္ ပိုပင္ပန္းတယ္ဟ….

“Coal.. ေရ.. အခုငါက ဘာလုပ္ရမွာလဲ..”

“Mission ေတြမေျပာခင္ မိုင္ေလးကို သတိေပးခ်င္တယ္…
အခုဟာက Diana ရဲ႕မွတ္ဉာဏ္ျဖစ္တာေၾကာင့္ Diana မသိလိုက္ရတဲ့ ရႈပ္ေထြးမႈေတြ အမ်ားႀကီးရွိႏိုင္ပါတယ္.. ဒါက ေစတနာနဲ႔ အႀကံေပးတာ…”

‘Coal ေျပာတာ ဟုတ္သားပဲ… ဇာတ္ေၾကာင္းက အရမ္း႐ိုးရွင္းလြန္းေနတယ္…’

“Mission က…”

“ဒုန္း… ဒုန္း…”

“……..” ဘာသံေတြလဲဟ

…………………………………

Weiterlesen

Das wird dir gefallen

57.1K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
19.1K 1.1K 20
ကင်းမွန်လေး ဆိုပြီး နာမည်တွင်သွားသေးတဲ့ ကားလေး ထဲမှာပါတဲ့ go go squid ထဲမှ မင်းသမီး zhang zi လည်း ဒီ manga ရဲ့ မူရင်း ဝတ္ထု ကို ပြန်ရိုက်တဲ့ lost you...
199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင္းဝတၳဳက Chi...
115K 15.8K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...