မနက္လင္းေတာ့ ႏိုးႏိုးခ်င္းပင္ ေႏြးေထြးသည့္ရင္ခြင္တစ္ခုအား ထိေတြ႔လိုက္ရသည့္ ခံစားခ်က္တို႔ေၾကာင့္ အားခြၽမ္တစ္ေယာက္ မ်က္လံုးတ္ုိ႔ ျဖတ္ခနဲပြင့္သြားသည္။ ဘယ္လိုပဲ အေပ်ာ္မယ္ေကာင္ေလးျဖစ္ပါေစ ကိစၥၿပီးသည္ႏွင့္ ထြက္သြားေသာေၾကာင့္ တစ္ခါမွ တစ္ေယာက္ေယာက္ႏွင့္ မအိပ္ခဲ့ဖူးေခ်။
မဟုတ္မွ...
ျဖစ္တည္လာသည့္ သံသယစိတ္တို႔ေၾကာင့္ ေခါင္းေမာ့ကာအႏွီလူအားၾကည့္လိုက္ေတာ့ အားခြၽမ္မ်က္လံုးတို႔ျပဴးက်ယ္သြားသည္။ ထိုလူဟုထင္မွတ္ခဲ့ေပမယ့္လည္း ယခုလိုမ်ိဳးပံုစံမ်ိဳးျမင္ရမည္ဟု မထင္မွတ္ခဲ့။
ေဟာင္ရန္ဟာ သူ၏ဆံႏြယ္႐ွည္တ္ု႔္ိအား ေျဖခ်ထားလ်က္ ဆံႏြယ္အခ်ိဳ႕ဟာ မ်က္ႏွာထက္တြင္ က်ေနသည္။ ေယာက်ာ္းပီသေသာ မ်က္ႏွာဟာ ေသြးေၾကာစိမ္းမ်ားျဖင့္ ငယ္ရြယ္ႏုပ်ိဳမႈ၏ ဆုလာဒ္တစ္ခု။ သို႔ေပေသာ္လည္း အားခြၽမ္၏မ်က္လံုးတို႔မွာ ႐ုတ္ခ်ည္းပင္ အဝတ္မ႐ွိေသာ ေဟာင္ရန္၏ရင္ဘတ္ေပၚသို႔ က်ေရာက္သြားသည္။
က်ယ္ျပန္႔ေနေသာ ႂကြက္သားတို႔ထက္တြင္ လက္သည္းျဖင့္ ကုတ္ျခစ္ထားသေယာင္ ေသြးအခ်ိဳ႕ထြက္ေနသည္။ ဒါေတြဟာ ဘယ္ကရလာမွန္း အားခြၽမ္သိသြားမိသည္။
"ဒါက..."
အားခြၽမ္ဟာ သူ၏ပါးစပ္အား ပိတ္လိုက္ၿပီး စြံ႔အသြားသည္။ ယခုအေျခအေနဟာဆိုလ်ွင္ ဘယ္လိုအေျခအေနလဲဆိုတာ ၾကည့္ရံုႏွင့္တင္ သိသာေနသည္။
"မင္း..."
ျပာသလဲလဲျဖင့္ အားခြၽမ္ ေဟာင္ရန္၏ ခႏၶာကိုယ္အား တြန္းဖယ္လိုက္၍ အေနာက္သ္ု႔ိ ဆုတ္လိုက္မိသည္။ အားခြၽမ္၏ တြန္းဖယ္လိုက္မႈေၾကာင့္ ေဟာင္ရန္၏ ႐ွည္လ်ားေသာ မ်က္ခံုးတို႔ဟာ တြန္႔က်ဴးသြားေလးကာ မ်က္လံုးတ္ို႔ပြင့္ဟလာသည္။
မ်က္လံုးပြင့္ပြင္းခ်င္းပင္ဝင္လာသည့္ အားခြၽမ္၏ စူး႐ွေသာအၾကည့္ေၾကာင့္ ေဟာင္ရန္အိပ္ခ်င္စိတ္တို႔ ေျပသြားေတာ့သည္။ လဲက်ေနရာမွ ထလိုက္ၿပီး ေဟာင္ရန္က အေ႐ွ႕မွ အားခြၽမ္က္ုိ ေသခ်ာၾကည့္မိသည္။
အရည္ၾကည္လဲ့ေနေသာ မ်က္လံုးေလးမ်ားဟာ မ်က္ရည္စေလးမ်ား စိမ့္ထြက္ေနသလို႐ွိၿပီး ဖိကိုက္ခံထားရ၍ ႏႈတ္ခမ္းတို႔ ေပါက္ေနကာ ခႏၶာကိုယ္အႏွ့ံတြင္ အနီေရာင္အမွတ္အသားတို႔ဟာ အျဖဴေရာင္အသားအရည္ေပၚတြင္ လိုက္ဖက္စြာ တည္႐ွိေနသည္။ ထို႔အတူသူထပ္မံၾကည့္လိုက္ေတာ့ အားခြၽမ္၏မေက်နပ္သလိုအၾကည့္ႏွင့္ ရင္ဆိုင္လိုက္ရေလသည္။
"မင္း အေတာ္ေအာက္တန္းက်တာပဲ"
ေစာင္က္ုိ ရင္ဘတ္အေပၚထိ ေရာက္ေအာင္ျခံဳလိုက္ၿပီး လက္ညိဳးေငါ့ေငါ့ထိုးကာေျပာေနေသာ အႏွီအားခြၽမ္ဟာ ညကကိစၥမ်ားအား ေသခ်ာသတိမရဘူး ထင္သည္။ သူ၏ႏႈတ္ခမ္းတို႔က တုန္ယင္ေနၿပီး စကားတို႔ျဖင့္ထပ္မံ စီးခ်င္းထိုးေလသည္။
"မင္းကိုယံုမိတာ မွားတာပဲ...မင္းကေနာက္ဆံုးေတာ့ သူတို႔လိုမ်ိဳး အခြင့္ေကာင္းယူတတ္တဲ့ လူပါပဲလား"
အားခြၽမ္၏မ်က္လံုးတို႔က ရြ႔ံ႐ွာေနေသာ မ်က္ဝန္းမ်ားအျဖစ္ ေျပာင္းလဲသြားသည္။ သူ၏ခႏၶာကိုယ္အား ေငြရရန္အတြက္သာ သံုးေလေသာ္လည္း အခုလိုမ်္ိဳးကေတာ့...။
ေနာက္ဆံုးေတာ့ မထူးဇာတ္ခင္းမည္ဟု ဆံုးျဖတ္လိုက္ကာ သက္ျပင္း႐ႈိက္လိုက္ၿပီး သူ၏လက္အားအေ႐ွ႕သို႔ ျဖန့္လိုက္ေလသည္။
ခြၽမ္အာ...မင္း မဟုတ္မွ...
ေဟာင္ရန္က မ်က္လံုးတို႔ဝိုင္းစက္သြားၿပီး သူ၏စိတ္တို႔က အနည္းငယ္ နာက်င္သြားသည္။
ဘာေတာင္းတာလဲဆိုတာကေတာ့ ေျပာစရာမလိုေအာင္ ႐ွင္းေနၿပီ။
"မင္းေက်နပ္ၿပီဆိုမွေတာ့ ငါ့က္ုိေငြေပးရမွာေပါ့။ ေလာကမွာ ဘယ္အရာမွအလကားမရဘူးေလ...တစ္ဆက္တည္း မင္းထြက္သြားပါေတာ့"
ထြက္သြားပါေတာ့ ဟူေသာစကားက ေဟာင္ရန္၏နားထဲတြင္ ဝင္ေရာက္လာေလသည္။ ဘယ္ျဖစ္ျဖစ္ တစ္ခုခုေတာ့မွားေနၿပီ။ သူအခြင့္ေကာင္းယူခဲ့သည္ မွန္ေပေသာ္လည္း အားခြၽမ္က သူ႔အားစိတ္ဆိုးသြားေလသည္။
အားခြၽမ္က သူ၏လက္အားျပန္႐ုတ္လိုက္ကာ ေဟာင္ရန္၏အေျခအေနကို ေစာင့္ေန၏။
အတန္ၾကာႏွစ္ဦးသားမွာ တိတ္ဆိတ္ေနၿပီး ဘာစကားတစ္ခြန္းမွမေျပာေခ်။ ထိုအခါမွ အားခြၽမ္ဟာ သူတစ္ခုေမ့ေနသည္ကို သတိရသြားသည္။ ဟုတ္ေပသားပဲ ေဟာင္ရန္ကမွ စကားမေျပာႏိုင္တာ။
"ျမန္ျမန္လုပ္ပါ...ငါမင္းမ်က္ႏွာကို ဆက္မျမင္ခ်င္ေတာ့ဘူး"
ေျပာလိုက္ၿပီး အားခြၽမ္က အေနာက္လွည့္လိုက္ေလသည္။ အားခြၽမ္သည္ကား သူ၏ဆံုးျဖတ္ခ်က္တို႔ မျပင္မည့္ပံုပင္။
ေနာက္ဆံုးေတာ့ ေဟာင္ရန္က ဆံုးျဖတ္ခ်က္ ခ်လိုက္ေတာ့သည္။ ထို႔ေနာက္ သူ၏အဝတ္တို႔ကို ျပန္ဝတ္ကာ သူ၏ေငြထုပ္ကိုယူလိုက္ၿပီး အားခြၽမ္၏ေဘးနားသို႔ ခ်ထားလိုက္သည္။
ေဘးတြင္ခ်ထားေသာေငြထုပ္အား တစ္ခ်က္ၾကည့္လိုက္ကာ ေခတၱၾကာမွအားခြၽမ္က စကားဆိုလာသည္။
"မင္းသြားလို႔ရၿပီ"
ဟူေသာစကားအားဆ္ိုလိုက္ၿပီး သူ၏မ်က္လံုးတို႔ကို ပိတ္ခ်လိုက္သည့္အားခြၽမ္။ သို႔ေပေသာ္လည္း သူမ်က္လံုးထက္မွ မ်က္ရည္စကိုေတာ့ မည္သူမွမျမင္ႏိုင္ပါ။
အားခြၽမ္ဘက္မွ ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ့ သူလည္းလိုက္နာရမွာေပါ့ ပစၥည္းအိတ္အား ထုပ္ၿပီးသည္အထိ အားခြၽမ္ကျပန္လွည့္မလာ။ ေနာက္ဆံုးသူတကယ္ႀကီးစြန္႔ခြာရေတာ့မည္။ စြန္႔ခြာသည္ဟုဆိုေသာ္လည္း အားခြၽမ္စိတ္ေျပသည့္အခ်ိန္ေရာက္တာ နဲ႔သူျပန္လာေတာ့မွာမို႔ စြန္႔ခြာျခင္းမမည္ပါ။
'(ႏႈတ္ဆက္ပါတယ္)'
သူ႔ကိုမၾကည့္ေနမွန္းသိေပမယ့္ လက္အမူအရာျဖင့္ေဟာင္ရန္ကဆ္ုိလိုက္ၿပီးမွ ေနာက္ေက်ာေပးကာ ထြက္ခြာသြားေလေတာ့သည္။ အဆံုးအထိ အားခြၽမ္ဟာ လံုးဝလွည့္မၾကည့္ခဲ့ေပ။
********************************
Uni
မနက်လင်းတော့ နိုးနိုးချင်းပင် နွေးထွေးသည့်ရင်ခွင်တစ်ခုအား ထိတွေ့လိုက်ရသည့် ခံစားချက်တို့ကြောင့် အားချွမ်တစ်ယောက် မျက်လုံးတ်ို့ ဖြတ်ခနဲပွင့်သွားသည်။ ဘယ္လိုပဲ အပျော်မယ်ကောင်လေးဖြစ်ပါစေ ကိစ္စပြီးသည်နှင့် ထွက်သွားသောကြောင့် တစ်ခါမှ တစ်ယောက်ယောက်နှင့် မအိပ်ခဲ့ဖူးချေ။
မဟုတ်မှ...
ဖြစ်တည်လာသည့် သံသယစိတ်တို့ကြောင့် ခေါင်းမော့ကာအနှီလူအားကြည့်လိုက်တော့ အားချွမ်မျက်လုံးတို့ပြူးကျယ်သွားသည်။ ထိုလူဟုထင်မှတ်ခဲ့ပေမယ့်လည်း ယခုလိုမျိုးပုံစံမျိုးမြင်ရမည်ဟု မထင်မှတ်ခဲ့။
ဟောင်ရန်ဟာ သူ၏ဆံနွယ်ရှည်တ်ု့်ိအား ဖြေချထားလျက် ဆံနွယ်အချို့ဟာ မျက်နှာထက်တွင် ကျနေသည်။ ယောကျာ်းပီသသော မျက်နှာဟာ သွေးကြောစိမ်းများဖြင့် ငယ်ရွယ်နုပျိုမှု၏ ဆုလာဒ္တစ္ခု။ သို့ပေသော်လည်း အားချွမ်၏မျက်လုံးတို့မှာ ရုတ်ချည်းပင် အဝတ်မရှိသော ဟောင်ရန်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
ကျယ်ပြန့်နေသော ကြွက်သားတို့ထက်တွင် လက်သည်းဖြင့် ကုတ်ခြစ်ထားသယောင် သွေးအချို့ထွက်နေသည်။ ဒါတွေဟာ ဘယ်ကရလာမှန်း အားချွမ်သိသွားမိသည်။
"ဒါက..."
အားချွမ်ဟာ သူ၏ပါးစပ်အား ပိတ်လိုက်ပြီး စွံ့အသွားသည်။ ယခုအခြေအနေဟာဆိုလျှင် ဘယ်လိုအခြေအနေလဲဆိုတာ ကြည့်ရုံနှင့်တင် သိသာနေသည်။
"မင်း..."
ပြာသလဲလဲဖြင့် အားချွမ် ဟောင်ရန်၏ ခန္ဓာကိုယ်အား တွန်းဖယ်လိုက်၍ အနောက်သ်ု့ိ ဆုတ်လိုက်မိသည်။ အားချွမ်၏ တွန်းဖယ်လိုက်မှုကြောင့် ဟောင်ရန်၏ ရှည်လျားသော မျက်ခုံးတို့ဟာ တွန့်ကျူးသွားလေးကာ မျက်လုံးတ်ို့ပွင့်ဟလာသည်။
မျက်လုံးပွင့်ပွင်းချင်းပင်ဝင်လာသည့် အားချွမ်၏ စူးရှသောအကြည့်ကြောင့် ဟောင်ရန်အိပ်ချင်စိတ်တို့ ပြေသွားတော့သည်။ လဲကျနေရာမှ ထလိုက်ပြီး ဟောင်ရန်က အရှေ့မှ အားချွမ်က်ို သေချာကြည့်မိသည်။
အရည်ကြည်လဲ့နေသော မျက်လုံးလေးများဟာ မျက်ရည်စလေးများ စိမ့်ထွက်နေသလိုရှိပြီး ဖိကိုက်ခံထားရ၍ နှုတ်ခမ်းတို့ ပေါက်နေကာ ခန္ဓာကိုယ်အန့ှံတွင် အနီရောင်အမှတ်အသားတို့ဟာ အဖြူရောင်အသားအရည်ပေါ်တွင် လိုက္ဖက္စြာ တည်ရှိနေသည်။ ထို့အတူသူထပ်မံကြည့်လိုက်တော့ အားချွမ်၏မကျေနပ်သလိုအကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။
"မင်း အတော်အောက်တန်းကျတာပဲ"
စောင်က်ို ရင်ဘတ်အပေါ်ထိ ရောက်အောင်ခြုံလိုက်ပြီး လက်ညိုးငေါ့ငေါ့ထိုးကာပြောနေသော အနှီအားချွမ်ဟာ ညကကိစ္စများအား သေချာသတိမရဘူး ထင်သည်။ သူ၏နှုတ်ခမ်းတို့က တုန်ယင်နေပြီး စကားတို့ဖြင့်ထပ်မံ စီးချင်းထိုးလေသည်။
"မင်းကိုယုံမိတာ မွားတာပဲ...မင်းကနောက်ဆုံးတော့ သူတို့လိုမျိုး အခွင့်ကောင်းယူတတ်တဲ့ လူပါပဲလား"
အားချွမ်၏မျက်လုံးတို့က ရွ့ံရှာနေသော မျက်ဝန်းများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်အား ငွေရရန်အတွက်သာ သုံးလေသော်လည်း အခုလိုမျ်ိုးကတော့...။
နောက်ဆုံးတော့ မထူးဇာတ်ခင်းမည်ဟု ဆုံးဖြတ်လိုက်ကာ သက်ပြင်းရှိုက်လိုက်ပြီး သူ၏လက်အားအရှေ့သို့ ဖြန့်လိုက်လေသည်။
ချွမ်အာ...မင်း မဟုတ်မှ...
ဟောင်ရန်က မျက်လုံးတို့ဝိုင်းစက်သွားပြီး သူ၏စိတ်တို့က အနည်းငယ် နာကျင်သွားသည်။
ဘာတောင်းတာလဲဆိုတာကတော့ ပြောစရာမလိုအောင် ရှင်းနေပြီ။
"မင်းကျေနပ်ပြီဆိုမှတော့ ငါ့က်ိုငွေပေးရမှာပေါ့။ လောကမှာ ဘယ်အရာမှအလကားမရဘူးလေ...တစ်ဆက်တည်း မင်းထွက်သွားပါတော့"
ထွက်သွားပါတော့ ဟူသောစကားက ဟောင်ရန်၏နားထဲတွင် ဝင်ရောက်လာလေသည်။ ဘယ်ဖြစ်ဖြစ် တစ်ခုခုတော့မှားနေပြီ။ သူအခွင့်ကောင်းယူခဲ့သည် မှန်ပေသော်လည်း အားချွမ်က သူ့အားစိတ်ဆိုးသွားလေသည်။
အားချွမ်က သူ၏လက်အားပြန်ရုတ်လိုက်ကာ ဟောင်ရန်၏အခြေအနေကို စောင့်နေ၏။
အတန်ကြာနှစ်ဦးသားမှာ တိတ်ဆိတ်နေပြီး ဘာစကားတစ်ခွန်းမှမပြောချေ။ ထိုအခါမွ အားချွမ်ဟာ သူတစ်ခုမေ့နေသည်ကို သတိရသွားသည်။ ဟုတ်ပေသားပဲ ဟောင်ရန်ကမှ စကားမပြောနိုင်တာ။
"မြန်မြန်လုပ်ပါ...ငါမင်းမျက်နှာကို ဆက်မမြင်ချင်တော့ဘူး"
ပြောလိုက်ပြီး အားချွမ်က အနောက်လှည့်လိုက်လေသည်။ အားချွမ်သည်ကား သူ၏ဆုံးဖြတ်ချက်တို့ မပြင်မည့်ပုံပင်။
နောက်ဆုံးတော့ ဟောင်ရန်က ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့နောက် သူ၏အဝတ်တို့ကို ပြန်ဝတ်ကာ သူ၏ငွေထုပ်ကိုယူလိုက်ပြီး အားချွမ်၏ဘေးနားသို့ ချထားလိုက်သည်။
ဘေးတွင်ချထားသောငွေထုပ်အား တစ်ချက်ကြည့်လိုက်ကာ ခေတ္တကြာမှအားချွမ်က စကားဆိုလာသည်။
"မင်းသွားလို့ရပြီ"
ဟူသောစကားအားဆ်ိုလိုက်ပြီး သူ၏မျက်လုံးတို့ကို ပိတ်ချလိုက်သည့်အားချွမ်။ သို့ပေသော်လည်း သူမျက်လုံးထက်မှ မျက်ရည်စကိုတော့ မည်သူမှမမြင်နိုင်ပါ။
အားချွမ်ဘက်မှ ဆုံးဖြတ်ချက်ချလိုက်တော့ သူလည်းလိုက်နာရမှာပေါ့ ပစ္စည်းအိတ်အား ထုပ်ပြီးသည်အထိ အားချွမ်ကပြန်လှည့်မလာ။ နောက်ဆုံးသူတကယ်ကြီးစွန့်ခွာရတော့မည်။ စွန့်ခွာသည်ဟုဆိုသော်လည်း အားချွမ်စိတ်ပြေသည့်အချိန်ရောက်တာ နဲ့သူပြန်လာတော့မှာမို့ စွန့်ခွာခြင်းမမည်ပါ။
'(နှုတ်ဆက်ပါတယ်)'
သူ့ကိုမကြည့်နေမှန်းသိပေမယ့် လက်အမူအရာဖြင့်ဟောင်ရန်ကဆ်ိုလိုက်ပြီးမှ နောက်ကျောပေးကာ ထွက်ခွာသွားလေတော့သည်။ အဆုံးအထိ အားချွမ်ဟာ လုံးဝလှည့်မကြည့်ခဲ့ပေ။
********************************