Chapter -12 part 1 အရမ်းရှက်ရွံ အရမ်းအေးစက်

1.5K 248 4
                                    

Unicode

တုလိန်စစ်က သူမအနေနဲ့ သန်မာပြီးအဖိုးတန်လွန်းလှတဲ့ လိပ်ကြီးကို ဖမ်းထားနိုင်တယ်ဆိုတာ နားလည်သွားပြီးတဲ့နောက်တော့ ထူးထူးခြားခြားကို ခံစားလာရတော့သည်

သူတို့ က အယောင်ဆောင်လက်ထပ်ထားတယ်ဆိုတာကိုလဲ မမေ့လေဘူး သူတို့ရဲ့ လက်ထပ်စာချုပ်က စစ်မှန်နေရင်တောင်မှ , သူတို့ရဲ့ မင်္ဂလာပွဲက စစ်မှန်နေရင်တောင်မှ , သူတို့ရဲ့ hui men က စစ်မှန်နေရင်တောင်မှ သူတို့၂ယောက်လုံးရဲ့ ခံစားချက်တွေအားလုံးက အစစ်အမှန်တွေမှမဟုတ်ကြဘဲ....

မရေတွက်နိုင်တဲ့ သွေးထွက်အောင်မှန်တဲ့ အချက်အလက်တွေက အဆက်မပြတ် သူမကို သတိပေးလာတော့သည် : ခံစားချက်မပါတဲ့ မင်္ဂလာပွဲက သူမကို မမေ့သွားစေဖို့ စည်းနှောင်ထားတယ် တစ်နေ့မှာ သူနဲ့ ဥက္ကဌ ကွာရှင်းကြလိမ့်မယ် သူတို့က ဘာမှမသက်ဆိုင်တဲ့ သူစိမ်းတွေ ဖြစ်လာကြလိမ့်မယ်

သူမအဲဒါကိုတွေးကြည့်ရုံနဲ့ မတတ်နိုင်ဘဲ လျှိ့ဝှက်စွာနဲ့ ဗိုလ်ကျတတ်တဲ့ အာဃာတတွေထားတတ်တဲ့ ကြမ်းတမ်းတဲ့ စိတ်ရှည်တဲ့ ဥက္ကဌကို ကြည့်လိုက်မိသည်

တစ်နေ့မှာ ဒီလူက သူမကို ထားသွားလိမ့်မယ် , အဲဒါက အရမ်းကိုပျော်သင့်တဲ့အရာမလား ဒါပေမဲ့ ဘာလို့ သူမမပျော်နိုင်ရတာလဲ ? အဲဒါက ဘာလို့လဲဆိုတော့.......

တစ်နေ့မှာ ဒီလူက သူမကို ထားသွားလိမ့်မယ် , အဲဒါက အရမ်းကိုပျော်သင့်တဲ့အရာမလား ဒါပေမဲ့ ဘာလို့ သူမမပျော်နိုင်ရတာလဲ ?  အဲဒါက ဘာလို့လဲဆိုတော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

S*it! တုလိန်စစ် စိတ်ထဲ အတွေးတစ်ခုဝင်လာတော့သည် သူမမှန်တယ်!

သူမသေချာတယ် အဲဒါကဘာဖြစ်လို့လဲဆိုတော့ သူမက ဥက္ကဌကို အင်အားကြီးပြီးသန်မာတယ်လို့တွေးထားတာကြောင့်ပဲ ...သူမဟာသူမရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ဇွဲလုံ့လကို လျစ်လျူရှုထားတဲ့ အချိန်မှာ မထင်မှတ်ပဲအရှုံးကိုလက်မခံနိုင်ဖြစ်သွားတဲ့ ခေတ်သစ်ရဲ့ အမျိုးသမီးငယ်လေးမို့လို့နေမှာပါ

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now