Chapter -30 ရှင့်ရဲ့ခေါင်းကိုရိုက်ပစ်မယ် !

1.2K 201 9
                                    

Unicode

မင်္ဂလာရှိတဲ့ညတစ်ညမှာ ချမ်းသာတဲ့ဇနီးတစ်ယောက်က မာကျောက်ကစားနေတဲ့စားပွဲဝိုင်းတစ်ခုနားမှာထိုင်လို့နေပြီး မြို့ငယ်လေးတစ်မြို့တစ်ခုမှာတောင် ခင်ပွန်းက ဇနီးကိုအသုံးမကျတဲ့ Obasan [1] လို့ခေါ်ပြီး ဆူပူလို့နေတယ် အဲဒီအချိန်မှာ မရေမတွက်နိုင်သည့် လူတွေက ဖရဲသီးစေ့ကိုစားကာ တီဗီရှေ့မှာထိုင်နေခဲ့ကြသည် ဥက္ကဋ္ဌရဲ့ တရားဝင်ဇနီးအဖြစ် အဆင့်တိုးမြှင့်ခံလိုက်ရသည့် တုလိန်စစ်မှ လွဲ၍ပေါ့ သူက အိပ်ရာပေါ်မှာ ခြေထောက်တွေကိုချိတ်ထိုင်ကာ အရေးမပါတဲ့လူကို ရိုက်နှက်လို့နေသည် [2]

[1] obasan ကဂျပန်လို အသက်ကြီးတဲ့အန်တီကြီးတွေကိုခေါ်တာပါ
[2] အရေးမပါတဲ့လူကို ရိုက်နှက်ဆိုတာကျ တရုတ်မှာ ရန်သူကိုကျိန်ဆဲတဲ​့ဘန်းစကားမျိုးပါ ဒီမှာကျ တုတုကအရုပ်ကိုရိုက်နေတာပါ
( အပေါ်ကဟာကျ ခိုင်းနှိုင်းထားတာတွေပါ)

" ရှင့်ရဲ့ခေါင်းကိုရိုက်ပစ်မယ် ! ဘယ်သူကငါ့ကိုလျစ်လျုရှုထားခိုင်းလို့လဲ !"

တုလိန်စစ်ထပ်မံရိုက်လိုက်သည် မနက်ကဟိုတယ်မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ပြီးကတည်းက ဥက္ကဋ္ဌက သူမကို လုံးဝလျစ်လျူရှုထားခဲ့တာဖြစ်သည် ဥက္ကဋ္ဌက သူမဘယ်သူလဲဆိုတာ မသိချင်ယောင်ဆောင်နေပြီး မနေ့ညက သူ သူမကို ဘယ်လိုပြုမူခဲ့လဲဆိုတာကိုပါ မေ့ထားခဲ့သည်! သေချာပေါက်ကို ကျူးယောင်ဖေးပြောတာမှန်တယ် ချမ်းသာတဲ့ယောကျာ်းတွေက ယုံကြည်စိတ်ချလို့မရဘူး!

"ရှင့်ရဲ့လက်တွေကိုလဲရိုက်ပစ်မယ် ! ဘယ်သူကရှင့်ကို ရှင့်ရဲ့ ဝမ်းကွဲစကားကိုပဲယုံပါလို့ပြောလို့လဲ!"

( တုတုက အရုပ်လေးကို လျန်ကျွင်းအနေနဲ့ရိုက်ရင်း စကားပြောနေတာပါ )

ဥက္ကဋ္ဌက သူမကို လျစ်လျူရှုထားရင်တောင်မှ အန္တရာယ် ရှိတဲ့မင်းသမီးဟောင်ကိုတော့ ပွေ့ဖက်ဆဲ ဖြစ်ကာ ဝမ်းကွဲအကိုကောင်းအနေနဲ့ သရုပ်ဖော်လို့နေသည် သူ့အနေနဲ့ မင်းသမီးဟောင်အပေါ်ထားရှိတဲ့အမြင်က အတော်လေးခြားနားသည် ဒီမကောင်းဆိုးဝါးသေးသေးလေးကပျော်ရွှင်ကျေနပ်လို့နေပြီး အမြီးတွေက ကောင်းကင်ပေါ်သို့တောင် တက်လုနီးနီးပင် သူမ တုလိန်စစ်ကိုစိုက်ကြည့်လာတာများ ဒီအခြေအနေမှာ သူမက သူတို့ကြားက တတိယလူကဲ့သို့ပင်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now