Chapter 8 Ah နှာခေါင်းသွေး နှာခေါင်းသွေး , ဘာကြောင့်လဲ?

1.9K 299 8
                                    

Unicode

တုမားမားနဲ့ တုပါးပါး ရောက်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ သားမက်လေးကို အလွန့်ကို သဘောကျကျေနပ်လို့နေသည်

အထူးသဖြင့် တုမားမား ,သူမက သားမက်လေးကို သဘောကျရုံသာမက သားမက်လေးရဲ့ အိမ်တည်ဆောက်ပုံကိုပါအလွန့်ကို အားရကျေနပ်နေလေသည်

တုမားမားက

" အဘိုးကြီး ဟိုမှာကြည့်စမ်း ပန်းပုရုပ်တွေထုထားတာ လှလိုက်တာတော် ...ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့ကြက်ကလေးလဲ...!"

တုပါးပါးက တုမားမားရဲ့ အကျီလက်ကို ဆောင့်ဆွဲလိုက်ပြီးတော့

" မိန်းမ ...အဲဒါ အမောက်ပါတဲ့တရုတ်ခွေးကွ.."

တုမားမားက သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပြီးတော့

" အို..ခွေးဖြစ်ဖြစ်ကြက်ဖြစ်ုဖစ် ဘယ်သူကဂရုစိုက်မှာလဲ..အဲဒါက အရမ်းချစ်စရာကောင်းတာပဲဟာ သူ့ပုံစံကိုကြည့်လိုက် ကျွန်မတို့ တုတုလေးနဲ့ အရမ်းကို တူတာပဲ..!"

ဘေးကတုလိန်စစ်တယောက် သတိတောင်လစ်ချင်သွားတော့သည်

အမေ ! အမေက သမီးရဲ့ အမေရင်းမဟုတ်ဘူးလား?

သူမရဲ့ မိဘတွေက ဥက္ကဌကို အရမ်းတွေသဘောကျနေတာကိုကြည့်ပြီး သူမမတတ်နိုင်စွာပဲ ဥက္ကဌကို သူတို့မသိအောင် မေးလိုက်သည်

" ရှင် ..ကျွန်မအဖေနဲ့အမေကိုဘာတွေပြောထားတာလဲ?"

သူမအမေရဲ့ အကျင့်အရဆို သံသယဖြစ်စရာကိုမလိုပဲ သူ့သမီးက သရုပ်ဆောင်နေတယ်ဆိုတာကို အရင်သိပြီးသတင်းပို့မှာ [1] သူမဒေါသူပုန်ထပြီး ပြသာနာရှာမှာ အသေအချာပဲ ဒါပေမဲ့ အခုတော့ သူမကအရမ်းကိုအေးဆေးနေတာပဲ ဒါကြောင့် ဥက္ကဌ ကသူတို့ကို တခုခု ပြောထားတာ ဖြစ်ရမယ်လို့ တုလိန်စစ် ခံစားနေရသည်

[1] xiān zhân hòu zòu - ခေါင်းအရင်ဖြတ်ပြီးဆုအဖြစ်ယူ ( idiom ) ပါ မြန်မာမာဆို လူသတ်ပြီးကြိုးစင်တက်တဲ့သဘောမျိုးထင်ပါတယ် ]

" ကိုယ်တို့ လက်ထပ်ထားတယ်လို့ပြောလိုက်တာလေ "

" ပြီးတော့ရော?"

" ဒါပဲလေ ."

"ဒါပဲ..?!"

တုလိန်စစ်ငိုချင်သွားသည် , အဲတစ်ကြောင်းလေးထဲနဲ့ သူမမိဘတွေက သူတို့ရဲ့သမီးအရင်းကို ရောင်းစားဖို့သဘောတူလိုက်တယ်ပေါ့လေ? ဒါကလုံးဝကို တရားမျှတမှုမရှိဘူး!

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now