Chapter 3 ဥက္ကဌရဲ့ရုပ်ရည်

2.6K 384 19
                                    

Unicode

' ဥက္ကဌ  ' အဲဒီစကားလုံးက တုလိန်စစ်အတွက်တော့ ဘော့စ် အစ်ကိုကြီး ဆိုတဲ့ ပြည်တွင်းကလူဆိုးခေါင်းဆောင်တွေကို ခေါ်တာနဲ့ ပိုပြီးတူလို့နေသည်

သူမရဲ့စိတ်တွေပိုပြီးတင်းကျပ်လို့သွားပြီး

" ဟို...ကျ..ကျွန်မလုပ်စရာလေးရှိသေးလို့.."
သူမစကားဆုံးအောင်မပြောရသေးခင်ပဲ မျက်မှန်နဲ့လူကြီး ၂ ယောက်က သူမကို အသာအယာပဲ ကားထဲကို တွန်းထည့်လိုက်တော့သည်  နောက်တော့ ဘန်း ခနဲ ကားတံခါးပိတ်သံက ကျယ်လောင်စွာ ထွက်လာတော့သည်

အမှန်တိုင်းပြောရရင် အခုချိန်တုလိန်စစ် အရမ်းကိုကြောက်လို့နေပီး သူမရဲ့စိတ်တွေကို မနည်းထိန်းလို့ထားရသည် အရင်ကသတင်းသမားဖြစ်ခဲ့ဖူးတဲ့ သူမရဲ့ခေါင်းထဲမှာ မနက်ဖြန်ထွက်မဲ့ သတင်းစာမှာပါလာမဲ့ ခေါင်းစီး တွေနဲ့ ပြည့်လို့နေခဲ့သည်

[[[[[အမည်မသိ အမျိုးသမီး အလောင်းတစ်လောင်း အမှိုက်ပုံထဲတွင် တွေ့ရှိ ၊ သေဆုံးရသည့်အကြောင်းရင်းမှာ ပြစ်မှုဆိုင်ရာအဖွဲ့အစည်းများနှင့် ပတ်သက်နေမည်ဟုယူဆရ ]]]]]
ဒါမှမဟုတ်လဲ
[[[[မကောင်းမှုဒုစရိုက်များကို လုပ်ကိုင်သော မြေအောက်အဖွဲ့အစည်းများကို မလိုလားဆန့်ကျင်သော အမျိုးသမီး သတင်းသမားတစ်ဦး၏အလောင်းကို လမ်းမပေါ်တွင်တွေ့ရှိ ၊သူတို့ နှစ်ဦးကြားတွင် ပြောမပြနိုင်သော ဇာတ်လမ်းများရှိကြောင်းသိရ ]]]]]

အင်း ဒီခေါင်းစီးကပိုကြားလို့ကောင်းတယ်

တုလိန်စစ် ဘယ်လိုခေါင်းစီးမျိုးက လူတွေရဲ့အမြင်ကိုပိုဖမ်းစားနိုင်မလဲဆိုတာသေချာတွေးတောလို့နေခဲ့သည် အဲဒီအချိန် သူမရဲ့အတွေးတွေကို ချောင်းဆိုးသံတစ်သံက နှောင့်ယှက်လိုက်လေသည် သူမအခုမှသတိရသွားတာက
အဲဒီအမျိုးသမီးအလောင်းက သူကိုယ်တိုင်ပဲဖြစ်လာမယ်ဆိုတာကိုပါပဲ!!

တစ်ယောက်ယောက်ကများ မာဖီးယားရဲ့ နှိပ်စက်ညှင်းပန်းမှုကိုခံရရင် သူတို့ဘာလုပ်မလဲ? သူမ Young and dangerous series[1] ကိုရုတ်တရက်သတိရသွားပီး လက်၂ဖက်ကို ရင်ဘတ်မှာ ကန်တော့တဲ့ပုံစံမျိုးပူးကပ်လိုက်ပီး တုန်လှုပ်ကြောက်ရွံ့နေတဲ့အသံနဲ့ သူမကိုချမ်းသာပေးဖို့တောင်းပန်လိုက်သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now