Chapter-25 ဥက္ကဋ္ဌနှင့်အတူ သီးသန့်နေထိုင်ရသည့်နေရက်များ (2)

1.2K 188 8
                                    

Unicode

ဥက္ကဋ္ဌရဲ့ တို့ဖူး ကို စားမယ့်အကြံက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းသလို စွဲမက်ဖို့လည်းကောင်းသည် ဒါပေမဲ့ အတော်လေးလည်း ခက်ခဲလိမ့်မည်

တုလိန်စစ် ဖုန်းချပြီးသွားတဲ့အချိန်မှာ ရေချိုးခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး ရေချိုးခန်းဝတ်စုံသာ ဝတ်ထားတဲ့ ဥက္ကဋ္ဌထွက်လာခဲ့သည် အခုလက်ရှိသူ့ပုံစံက မကြာသေးခင်ကမှမြင်ထားတဲ့ အပေါ်ပိုင်းကျွတ် နတ်ဘုရားသွင်ပြင်နဲ့ ပုံရိပ်ကို ပြန်အမှတ်ရလာစေသည် ထို့ကြောင့် တုလိန်စစ်ရဲ့မျက်နှာတစ်ခုလုံး တည်သီးမှည့်လို့ နီရဲလာတော့သည်

သူမဖုန်းကို ခပ်မြနိမြန်အဝေးကိုပို့လိုက်ပြီး ကိုးရိုးကားရားဖြင့် လက်ကိုဘယ်နားထားရမှန်း မသိဖြစ်လို့နေသည်

အဲဒီအချိန်မှာ လျန်ကျွင်းကသူမနားကိုလျှောက်လာပြီး သူ့ကိုစိုက်ကြည့်လာသည်

" မင်း ..ကိုယ်ရေချိုးနေတာကို ချောင်းကြည့်နေတာလား ?"

သူမရဲ့တည်သီးမှည့်လို မျက်နှာကနေ တည်သီးပုပ်အဖြစ်သို့ပြောင်းသွားတော့သည် နီရဲနေရာမှမည်းမှောင်သွားပြီး

" ဘယ်သူက...ရှင်..ရေချိုးတာကို ချောင်းကြည့်နေလို့လဲ ?"

" ဒါဆို...ဘာလို့ မင်းရဲ့မျက်နှာကနီနေတာလဲ?"

"ကျွန်.....ကျွန်မ.."

တုလိန်စစ် အခက်တွေ့လို့နေကာ ဘာပြောရမှန်းမသိဖြစ်နေခဲ့၏ သူမက ဥက္ကဋ္ဌရဲ့တို့ဖူးကိုစားဖို့ကြံစည်နေတယ်ဆိုတာ ဘာလို့ ပြောပြရမှာလဲ ဟုတ်တယ်မလား?

" ကျွန်မ....နည်းနည်းပူနေသလို ခံစားရလို့ !"

ဒါသူမစဉ်းစားနိုင်တဲ့အကောင်းဆုံးအကြောင်းပြချက်ပဲ

ပူလို့? လျန်ကျွင်း မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်ပြီး သူမ၏ ရှက်သွေးဖြာနေတဲ့ပါးရဲရဲလေးတွေနဲ့ မသေချာမရေရာမှုတွေကြောင့် အောက်ချထားတဲ့မျက်လွှာလေးတွေကို သေချာကြည့်လိုက်သည် ပူလို့ပေါ့? haha သေချာပေါက်ကို သူမဒါကလွဲပြီးတခြားအကြောင်းပြချက်မတွေးနိုင်လောက်ပေ ..သူမတတ်သာပဲ ရှက်ပြုံးလေးကသူ့မျက်နှာပေါ်နေရာယူသွားတော့သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now