Chapter-15 တန်ဖိုးကြီးစံအိမ်ထဲမှာ ဥက္ကဌမရှိရင် တုလိန်စစ်က ဘုရင်ပဲ

1.3K 199 15
                                    

Unicode

ဒီရက်ပိုင်းမှာ တုလိန်စစ် ညတိုင်းလိုလို အိမ်မက်ဆိုးတွေ မက်လို့နေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီရက်ပိုင်းမှာ တုလိန်စစ် ညတိုင်းလိုလို အိမ်မက်ဆိုးတွေ မက်လို့နေသည်

သူ့အိမ်မက်ထဲမှာ အမဲသားပြုတ်က အသက်ဝင်လာပြီး ခြေထောက်တွေ လက်တွေထွက်လာကာ သူ့မဆီလျှောက်လာပြီးတော့ လည်ပင်းကိုညှစ်ကာ အော်ဟစ်လာသည်

" ငါ့ကိုပြန်ချက်ပေး !ငါ့ကိုပြန်ချက်ပေး !!"

သူနိုးလာတိုင်းအချိန်မှာ ချွေးစေးတွေထွက်လို့နေခဲ့သည်

ဒီလိုဖြစ်ပျက်အပြီးမှာ တုလိန်စစ် စားပွဲခုံပေါ်ကအမဲသားကိုမြင်တာနဲ့ မေ့လဲကျမတတ်ဖြစ်သွားစေတဲ့ အားနည်းချက်ရှိလာတော့သည်

" အမဲသားဘုရင်ရေ နင့်ကို ချက်ပြုတ်ဖို့ ငါ့ကိုလှုံ့ဆော်ပေးနေတာ နင်လုံးဝမှားနေပြီ နင်တကယ်ငါ့ကိုမရှာပါနဲ့တော့ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးတော့..."

" ဘာတွေရေရွတ်နေတာလဲ?" မနက်စာထိုင်စားနေတဲ့လျန်ကျွင်းက မျက်မှောင်ကုတ်ရင်းမေးလာသည်

"ဘာမှမဟုတ်ပါဘူး ..ကျွန်မဆုတောင်းနေတာ"တုလိန်စစ် ပြန်ဖြေလိုက်သည်

" မင်း ဘုရားသခင် ကို ယုံကြည်လား?"

တုလိန်စစ် သူမခေါင်းကိုခါယမ်းလိုက်ပြီး

" ဟင့်အင်း ..ကျွန်မ အမဲသားကိုယုံကြည်တာ "

-_-|||

မနက်စာစားပြီးသွားတော့ အဘိုးယုက ဝတ်စုံယူလာပေးရင်း နိုင်ငံတကာစီးပွားရေးမှာ သက်ဝင်လှုပ်ရှားလာဖို့ အပြင်ထွက်ဖို့ လိုအပ်ကြောင်း အကြံဉာဏ်ပေးလိုက်သည် အဲဒီအချိန်မှာ တုလိန်စစ်ရဲ့ ခံစားချက်က အရမ်းကိုကောင်းမွန်သွားတော့သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now