Chapter-33 part 1 ယောကျာ်းတွေက သူတို့ရဲ့ဂုဏ်သိက္ခာကိုအမြဲတမ်းလိုချင်နေတာ!

1K 184 0
                                    

Unicode

အတိုချုပ် မိတ်ဆက်ပြီးသွားတဲ့နောက် တုလိန်စစ် သူတို့ဘယ်သူလဲဆိုတာ သိသွားခဲ့သည်။

သူတို့တွေက လျန်ကျွင်း၏ ကျောင်းတုန်းကသူငယ်ချင်းများဖြစ်ကြသည်။ လိမ္မော်ရောင်အင်္ကျီဝတ်ထားပြီး သူတို့ဆီအရင်ဆုံးရောက်လာခဲ့သည့် သူ​က ဟော့ရှောင်ခိုင်ဖြစ်သည်။ ထို့နောက် အင်္ကျီအဖြူရောင်ဝတ်ထားပြီး မျက်မှန်တပ်ထားသည့်သူက လော့ကျန်း ဖြစ်သည်။ လော့ကျန်း နှင့်အတူ ထိုင်နေသည့် သူက လော့ဟောင် ဖြစ်ပြီး လော့ကျန်း၏အမြွှာညီ ဖြစ်သည်။

တကယ်တော့ အမြွှာတွေအကြောင်းက ဘာမှထူးဆန်းတာမရှိပေ ၊ သို့သော် ထိုအမြွှာတွေရဲ့ ချစ်သူတွေကလည်း အမြွှာတွေပဲဖြစ်သည်။ တစ်ယောက်ကို တာ့မီလို့ခေါ်ပြီး နောက်တစ်ယောက်ကို ရှောင်မီလို့ခေါ်သည်။ သူတို့က တကယ့်ကိုမှထူးဆန်းလှသည်။

သူမ ဒီစုံတွဲနှစ်တွဲက တစ်ယောက်ကိုတစ်ယောက်ဘယ်လို ခွဲခြားကြလဲဆိုတာကို အရမ်းပဲသိချင်မိသည်။ ( ဒါမှမဟုတ် ဘာမှကွဲပြားမှုမရှိဘူးလို့ သူမပြောသင့်လား ? -_-|||)

ထို့နောက် ဟော့ရှောင်ခိုင်ကပါ သူ့ညီမ ဟော့ယွီကျီး(စကားကိုကြမ်းကြမ်းတမ်းတမ်းပြောသည့် ရင်သားကြီးကြီးနဲ့တစ်ယောက်)ကိုခေါ်လာခဲ့သေးသည်။ သူမနာ့မည်ရဲ့အသံထွက်ကတော့ တကယ့်ကိုကောင်းမွန်သည့်နာမည်ပေ။

ထပ်ပေါင်းပြောရရင်, ဟော့ယွီကျီးက သူ့သူငယ်ချင်းအနည်းငယ်ကိုပါ ထပ်ခေါ်လာခဲ့သည်။ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါစုံလို့နေပြီး တုလိန်စစ် ဘယ်သူကဘယ်သူဆိုတာ မမှတ်မိနိုင်ပေ။

ဒီလူအုပ်ကြီးထဲမှာ တုလိန်စစ်၏အာရုံကို ဆွဲဆောင်နိုင်သည့်သူ တစ်ယောက်သာရှိသည်။ ထိူလူက sky blue ရောင် ရှပ်အင်္ကျီကို အဖြူအမည်းကြား နက်ကတိုင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်မှာ ကြည့်ရတာ အလွန့်ကို ဖက်ရှင်ကျလို့နေသည်။ သူက မြက်ခင်းပြင်ပေါ်မှာထိုင်နေပြီး စကားဝိုင်းထဲကို တခါမှတောင်ဝင်မလာခဲ့ပေ။

တုလိန်စစ် ဒီလူကို အာရုံစိုက်မိသည့် တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ရိုးရိုးရှင်းရှင်းကို သူ၏ မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းများကြောင့်ဖြစ်သည်။ ထိုမျက်ဝန်းများကအနည်းငယ်မှေးလို့ထားပြီး အနည်းငယ် ထင်တိုင်းကြဲသည့်ပုံ အနည်းငယ် ပျင်းရိသည့်ပုံပေါ်လို့နေသည်။ သို့သော်လည်း သူမရောက်လာသည့်အချိန်ကတည်းက ထိုမျက်ဝန်းများက စိုက်ကြည့်နေခြင်းကို တစ်ကြိမ်မျှ ရပ်နားခြင်းမရှိခဲ့ပေ။

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Wo Geschichten leben. Entdecke jetzt