Chapter 7 အဖေနဲ့အမေရဲ့ ဘက်ပြောင်းခြင်း

1.9K 331 7
                                    

Unicode

ဥက္ကဌလျန်က ကိုယ့်ကိုကိုယ်အထင်ကြီးနေတာပဲ သူက တုလိန်စစ်ရဲ့ အမြင်ကို နည်းနည်းမှတောင် မမေးဘဲ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်! ဒါက သူမကို အတော်လေး မကျေမနပ်ဖြစ်စေသည်

သူမ လက်ထပ်လို့ရပါတယ် ဒါပေမဲ့ ကိုယ့်ကိုကိုယ်တောင် မရောင်းစားနိုင်ဘူး သူမမှာ ပြန်ပြောဖို့အခွင့်အရေးဆိုတာလဲရှိမှမရှိတာ

ဒါကြောင့် သူမ ဥက္ကဌကို ကန့်ကွက်ဖို့ဆုံးဖြတ်လိုက်သည်

ဥက္ကဌရဲ့ စာကြည့်ခန်းမှာပဲ ကန့်ကွက်မဲ့အကြောင်းပြောရမယ် ဘာလို့ဆို အဲဒီအချိန် ဥက္ကဌနားမှာ ဘယ်သူမှမရှိဘူး အဲဒါက သူမစပြောဖို့အတွက် လွယ်ကူလိမ့်မည်

အဲဒီနေ့ ဥက္ကဌ ကုမ္ပဏီကပြန်လာပြီး စာကြည့်ခန်းထဲဝင်သွားတဲ့အချိန်မှာ တုလိန်စစ် လဲနောက်ကနေတိတ်တိတ်လေး သူမသိအောင် လိုက်ဝင်သွားလိုက်သည်

" မင်းဘာလုပ်နေတာလဲ?"

လျန်ကျွင်း လျင်မြန်စွာပဲ သူ့နောက်ကနေ တိတ်တိတိလေးလိုက်လာတဲ့သူကို ရှာတွေ့သွားခဲ့သည်

တုလိန်စစ်ပြောဖို့ ပြင်ဆင်ထားတဲ့ တစ်ကြောင်းထဲသော စာသားလေးက လေထုထဲမှာ တိုးညှင်းစွာ ပေါ်ထွက်လာသည်

" ဒါက ကျ..ကျွန်မ ..မလုပ်နိုင်...."

"မင်း ကိုယ်ကိုတစ်ခုခုပြောစရာရှိလို့လား ရှိရင်လဲမြန်မြန်ပြော"

ဥက္ကဌရဲ့ စူးရှတဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်မှာတော့ တုလိန်စစ်ရဲ့နှလုံးသားလေးက ခိုင်မာသွားတော့သည်

" ကျွန်မမှာ ရှင့်ကိုပြောစရာရှိတယ်..!"

"Oh!"
လျန်ကျွင်း မျက်လုံးတွေကိုမှေးကြည့်လိုက်ပြီး

" အထဲဝင်လာခဲ့"

တုလိန်စစ် ဥက္ကဌနောက်ကနေ အခန်းထဲဝင်လာခဲ့လိုက်သည် သူမအခုရောက်နေတဲ့အခန်းနဲ့ပတ်သတ်ပြီး အလွန်အမင်းစိတ်လှုပ်ရှားလို့နေသည် ဒါကိုဘယ်လိုလုပ် စာကြည့်ခန်းလို့ခေါ်မှာလဲ?ဒီမှာ TV လဲရှိတဲ့အပြင် gym  တောင်မှရှိသေးတယ် ဒါက ဒီအတိုင်း အမျိုးမျိုးသုံးဖို့လုပ်ထားတဲ့ အိပ်ခန်းလိုမျိုးနဲ့တူတူပဲဟာ

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now