Chapter 4 လက်ထပ်ပြီးအမျိုးသမီးတုလိန်စစ်

2.7K 391 27
                                    

Unicode

2 မီလီယမ်က နည်းတဲ့ ပမာဏ မဟုတ်ပေမဲ့လဲ ဒီလိုမျိုး မေ့လဲသွားတာကြီးက နည်းနည်းတမျိုးဖြစ်မနေဖူးလား

ဒါပေမဲ့ တုလိန်စစ်ကျောင်းသူကတော့ ဒါကိုသတိမမူမိဘူး သူမ ၂ မီလီယမ် ရအောင်ဘယ်လိုရှာရမလဲဆိုတာပဲ သူတွေးနေမိသည် သူမလို ငယ်ငယ်ရွယ်ရွယ် နောက်ခံလဲမရှိ လှလဲမလှ အလုပ်မရှိအကိုင်မရှိ မိန်းကလေးတစ်ဦးအနေနဲ့ ၂ မီလီယမ်ဆိုတာ တွေးလို့တောင်မရတဲ့အနေအထားပါပဲ သူမခေါင်းကို ရိုက်ခွဲလိုက်ရင်တောင် သူမ ၂မီလီယမ်ရဖို့ နည်းလမ်းကို စဉ်းစားနိုင်မှာမဟုတ်ဖူး

သိသိသာသာကိုပဲ ဥက္ကဌလျန်ကလဲ သူမဒါကိုတွေးတောနေဖို့ အချိန်မပေးခဲ့ပါဖူး သူက သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့ မျက်ခုံးတွေကို ပင့်တင်လိုက်ပီး သာမန်ပဲပြောလိုက်သည်

" မစ္စတု ဒါကိုဘယ်လိုပေးဖို့ပြင်ထားလဲ ? ငွေသားနဲ့လား ချက်နဲ့လား?

တုလိန်စစ်အားနည်းစွာနဲ့ သူမခေါင်းကိုမော့လိုက်ပြီး

" ဒါ...ဒါက ကျွန်မမှာ ....ပိုက်ဆံတပြားမှမရှိပါဖူး..."

သူမထင်လိုက်တာက သူက အိမ်ရှင်အဒေါ်ကြီးလိုမျိုး မျက်နှာအမူအရာပြောင်းသွားပြီး အေးစက်စက်လေသံနဲ့

" ဒါဆိုလဲ တရားရုံး မှာတွေ့ကြတာပေါ့ .."

အဲလိုပြောလာမယ်ထင်ထားခဲ့တာ ..သို့သော်လည်း ဥက္ကဌလျန်က အဲလိုမပြောပဲ ခံစားချက်မဲ့စွာဖြင့် ပြောလာသည်

" မစ္စတု ပိုက်ဆံမဟုတ်လဲ တခြားဟာပေးလို့ရပါတယ် ...ဘာပဲဖြစ်ဖြစ်ပေါ့.."

သူက အဲဒီအချက်ကိုပဲပြောလာပြီး ဘာမှထပ်ပြောမလာတော့ဘူး

အဲဒီအချိန် တုလိန်စစ်တွေးတာက ဥက္ကဌ ကသူ့ကိုရွေးချယ်စရာ၂ခုပေးတာပဲလို့....တခုက လက်စွပ်ကိုပြန်ပေးဖို့ ... ဒါပေမဲ့ သေချာတာက သူမမှာလက်စွပ်မှမရှိတော့တာ အဲတော့ သူမကိုယ်သူမ ပေးဖို့ပဲရှိတော့လေသည်

သူမအရွယ်ရောက်ထဲက ဘဝမှာပထမဆုံး သူမကိုယ်သူမ ဒီလောက်တန်မှန်း သိလိုက်ရတာပဲ

ဒါပေမဲ့ ဘယ်မိန်းကလေးက ကိုယ့်ကိုကိုယ် အလျော်ပေးမှာတဲ့လဲ ဒီကိစ္စမှာ သူမအားတင်းပြီး ဖြည်းဖြည်းချင်းမေးလိုက်သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now