Chapter -32 ချမ်းသာတဲ့လူတွေက ရင်ဖိုစရာကောင်းတဲ့အချစ်နဲ့တူတယ်!

1.2K 205 12
                                    

Unicode

တုလိန်စစ်၏ဘဝသည် ခြစ်ကုပ်ပြီးနေရသည်ဆိုသော်ငြားလည်း သူမအလုပ်ထုတ်မခံရမီက သူမသည် ဝင်ငွေရှိနေဆဲ အကြွေးဝယ်ကတ်ရှိနေဆဲ လူများအားညစာစားဖို့ခေါ်ရန်ငွေရှိနေဆဲဖြစ်သည် တခါတရံ သူမ အသက်ငယ်သူများနှင့်လဲ အပြင်သွားလေ့ရှိသည် ထမင်းစားရန်အပြင်သွားခြင်းသည် ပြသာနာကြီးကြီးမားမားမဟုတ်ပေ သို့သော် သူမနှင့်ညစာအတူစားမည့်သူသည် သူမရှင်သန်ခဲ့သော နှစ်ပေါင်း၂၀ အတွင်း တခါမှမမြင်ဖူးခဲ့သော ' ဥက္ကဋ္ဌ ' ဖြစ်သည်!

အထူးသဖြင့် အန်တီဝူက လျန်ကျွင်းလုပ်ခဲ့သောကောင်းတဲ့အရာများကို ပုံကြီးချဲ့ကာထပ်ပေါင်းပြောခဲ့ခြင်းကြောင့် သူမစိတ်ဖိစီးကာ ရှက်ရွံလို့နေသည်

သူမအဝတ်လဲဖို့ အပေါ်ထပ်သို့တက်ကာ ဂါဝန်တစ်ထည် လဲဝတ်လိုက်သည် ထို့နောက် ခြေလှမ်းကျဲကြီးများနှင့် အောက်မဆင်းခင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဆွဲထုတ်လိုက်သည်

အဲဒီအချိန်မှာ လျန်ကျွင်းက သူ့ရဲ့ဝတ်စုံပြည့်ကိုလဲကာ ဆွယ်တာအပြာလေးဝတ်ထားပြီး တံခါးနားတွင် ရပ်စောင့်နေသည်

ဥက္ကဋ္ဌ အဲလိုဝတ်ထားတာ မြင်လိုက်ရတော့ တုလိန်စစ် နည်းနည်း နားမလည်နိုင်ဖြစ်သွားသည်

'TV ဒရမ်မာတွေထဲမှာ ဒီလိုပြတာမဟုတ်ဘူးလား ? မင်းသားက ဝတ်စုံပြည့်ဝတ်ပြီး မင်းသမီးကို ကြည်နူးဖို့ကောင်းတဲ့စားသောက်ဆိုင်တစ်ခုကိုခေါ်သွားမယ် စားသောက်ဆိုင်မီနူးကိုဖွင့်လိုက်ရင် *ငှက်တွေအများကြီးပြန်သွားပြီး ငှက်အုပ်ကြီးနောက်မှာ သုညတွေအများကြီးပါသွားလိမ့်မယ် ..'
*idiom သုံးတာမျိုးပေါ့ ဈေးကြီးတဲ့ဟင်းပွဲတွေဆိုတာမျိုး

မှားတယ်! မှားတယ် ! လုံးဝမှားတယ် !

ဘဝသည် ရုပ်ရှင်မဟုတ်ပေ ဒါပေမဲ့လည်း တခါတလေတော့ အဲဒါကပိုရှော့ရသွားလိမ့်မယ်

ဥပမာ တုလိန်စစ်အကြောင်းပြောရရင် အခုချိန်မှာ သူမက မျက်လုံးနှစ်လုံးပြူးပြီး ဘီးနှစ်ဘီးပါသည့် စက်ဘီးကို ပါးစပ်လေးဟကာ စိုက်ကြည့်လို့နေသည်

သူမ ဥက္ကဋ္ဌနဲ့လက်ထပ်ပြီးထဲက ဤအရာကိုနောက်ဆုံးမြင်ခဲ့သည်မှာ ကြာပြီဖြစ်သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now