Chapter - 36ရှုပ်ထွေးတဲ့လေထုထဲရောက်နေတယ်!

1.1K 204 9
                                    

Unicode

အန်တီဝူလုပ်သောနေ့လည်စာဘူးကိုကိုင်ပြီး တုလိန်စစ်သည် လောင်ဖန်းကားပေါ်တွင်ထိုင်ကာ လျန်လုပ်ငန်းစု၏ ရုံးချုပ်သို့ အလျင်အမြန်ရောက်လာသည်။ သူမကားပေါ်မှဆင်းလာသောအခါအထပ်မြင့်ရုံးအဆောက်အအုံများကိုမော့ကြည့်လိုက်သည်၊ ဥက္ကဋ္ဌသည် ဤရုံးများထဲမှတစ်ခုတွင်ဖြစ်သည်၊ ဒါက ဥက္ကဋ္ဌ သာလွန်သည်ကိုသူပထမဆုံးအကြိမ်ခံစားမိခြင်းဖြစ်သည်။

" မဒမ်၊ ကျွန်တော့်ကိုဘာလို့ လိုက်မပို့ခိုင်းတာလဲ?" လောင်ဖန်းကအကြံပြုသည်။

"မဟုတ်ဘူး၊ ရှင်မှာလဲ လုပ်ရမယ့်ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာမလား။ "

သူမမှာကိုယ်ပိုင်အကြောင်းပြချက်ရှိသည်၊ ဥက္ကဋ္ဌကိုအကြောင်းကြားခြင်းမရှိဘဲ သူမကုမ္ပဏီကိုရုတ်တရက်ရောက်လာတာကြောင့် ဥက္ကဋ္ဌကစိတ်ဆိုးပြီး မကျေမနပ်ဖြစ်ခဲ့ပါကလောင်ဖန်းအပေါ် သူ့ဒေါသကို ထွက်ပေါက်ရှာလျှင် ကောင်းလိမ့်မယ်မဟုတ်ချေ။

သူမအတွက်လား? သူမကတော့ ငါးသေကောင်ဖြစ်ခဲ့သည်မှာ နှစ်ကြိမ်ကျော်ပြီ။

နေ့လည်စာဘူးကိုကိုင်ထားသည့် တုလိန်စစ် သည် ဓာတ်လှေကားထဲသို့ ဝင်လိုက်ပြီးသူမ ခလုတ်ကိုဖိလိုက်သည်နှင့် ဓာတ်လှေကားတံခါးသည် ဖြည်းဖြည်းချင်းပိတ်ခါနီးတွင် ရုတ်တရက်လက်တစ်ဖက်ဆန့်ထုတ်လာသည်။

" ခဏစောင့်ပါဦး!"

စိုးရိမ်ပူပန်သံများနှင့်အတူအရိပ်တစ်ခုပြေးဝင်လာသည်။

ဒီလူကိုကြည့်ပြီး တုလိန်စစ် အကြီးအကျယ်လန့်သွားသည်။

ဒီလူ၏ခန္ဓာကိုယ်အနေအထားကပိန်ပါးပြီး သူက သူနှင့် အနည်းငယ်ကြီးနေသည့် ပန်းရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး ရှပ်အင်္ကျီကိုသူ့ဘောင်းဘီထဲထည့်ထားသည်။ ဒါကသူ့ရဲ့အနက်ရောင်အပ်ချုပ်ဝတ်စုံကို တင်းကျပ်ပြီး ပိုပြူးပြူးထွက်စေသည်။ ပြီးတော့ တောက်ပြောင်သည့် အဖြူရောင်pointy သားရေဖိနပ်တစ်စုံကိုလည်းစီးထားသေးသည်!ကြောက်စရာအကောင်းဆုံးအချက်မှာ သူ၏ပန်းရောင်ရှပ်အင်္ကျီကို မမျှော်လင့်ဘဲသိပ်သည်းသောပုံစံပန်းချည်နှင့်တွဲလိုက်သောအခါ တုလိန်စစ်သည် Doraemon, Garfield နှင့် Fuwa တို့ကိုခွဲခြားနိုင်သည်။

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now