Chapter-18 ဝန်ခံရင်သက်သာမယ် ခုခံရင် ကြီးလေးမယ်

1.2K 190 5
                                    

Unicode

အရွယ်ရောက်လာကတည်းက ပထမဆုံး အနေနဲ့ တုလိန်စစ်နားလည်လိုက်တာက သူမပါးစပ်ကထွက်သမျှက ပြသာနာတွေဖြစ်စေတယ်ဆိုတာပါပဲ...

သူမအလုပ်ချိန်ပြီးသွားတဲ့အချိန်ထိတောင်မှပဲ ကွန်ဒုံးကိုဘယ်လိုစမ်းသုံးကြည့်ရမလဲဆိုတဲ့ပြသာနာကရှိနေဆဲပဲ ဘယ်သူက သူမကိုဒီလောက်ကြောက်ရွံတုန်လှုပ်စေပြီး ကတိပါပေးမိရလောက်အောင် ဥက္ကဋ္ဌကိုကြောက်စရာကောင်းပါလို့ ပြောနေလို့လဲ ပြီးတော့ နောက်ပြန်လှည့်ဖို့ကလဲ နောက်ကျသွားပြီ

ကွန်ဒုံးကို စမ်းသုံးကြည့်တယ်ဆိုတာ အလှပြင်ပစ္စည်းတွေ စမ်းသုံးကြည့်တာနဲ့တူမနေဘူးလေ ဒါကြီးက မျက်နှာပေါ်သာမန်လို အသုံးပြုလို့ရတာလဲမဟုတ်ဘူး ဒါကိုစမ်းသပ်ကြည့်ဖို့ သူမတကယ်ပဲ တယောက်ယောက်ကိုရှာဖို့လိုအပ်လား??

ကိစ္စတွေကိုတွေးကြည့်လိုက်တော့ ဒီကွန်ဒုံးကောင်တာမှာပဲ သူမကိုသူမ သတ်ပစ်လိုက်ချင်တော့သည်

ကောင်းပြီလေ အရာရာတိုင်းမှာ နည်းလမ်းတစ်ခုမဟုတ်တခုကတော့ရှိတာပဲ တကြိမ်တည်းမှာတောင်ခြေတလှမ်းပဲလှမ်းလို့ရတာလေ..!

သူမ မလှမ်းချင် လှမ်းချင်နဲ့ mall အပြင်ထွက်လာတဲ့အချိန်မှာ ကျူးမန်နေဂျာက လာပြီးနှုတ်ဆက်လေသည်

" ရှောင်တု ဂရုစိုက်ပြီးပြန်ဦး..ညရောက်ရင်စမ်းကြည့်ဖို့လဲမမေ့နဲ့ဦးနော် ဟဲဟဲ..!"

သူမ ဂိတ်နားမှာတင် မူးမေ့လဲလိုက်ချင်တော့သည်

ကျူးမန်နေဂျာ, ရှင်က တော်ရုံတန်ရုံဆိုးရွားတာမဟုတ်ဘူးဘဲ...!

အိမ်ပြန်တဲ့လမ်းကရှည်နေပြီးတော့ တုလိန်စစ် အိမ်ရှေ့ရောက်တဲ့အချိန်မှာ ဘဲ မတီးခင် အတန်ကြာ ချီတုံချတုံဖြစ်လို့နေသည် ခဏအကြာမှာ သူမအတွက်တံခါးပွင့်လာပြီး အဘိုးယုကိုတွေ့လိုက်ရသည်

အဘိုးယုကိုတွေ့တော့ တုလိန်စစ် ရန်သူရဲ့အချက်အလက်တွေစုဆောင်းဖို့ ဆုံးဖြတ်လိုက်သည်

" အဘိုးယု ... ဟို ဥက္ကဋ္ဌအိမ်ပြန်ရောက်ပြီလား ?"

" မမလေးကို သတင်းပို့ပါတယ် ဥက္ကဋ္ဌအခုပဲအိမ်ပြန်ရောက်ပြီးလို့ ညစာစားဖို့ မမလေးကိုစောင့်နေပါတယ် "

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now