Chapter 14 အမဲသားပြုတ်!

1.3K 213 5
                                    

Unicode

မီးဖိုချောင်မီးတွေ ရုတ်တရက်ပွင့်လို့သွားသည် ညလည်ခေါင်ကြီး ဗိုက်ထဆာလို့ ကြောက်လန့်လန့်နဲ့ အစာထရှာတဲ့ တုလိန်စစ်ရဲ့နောက်မှာ ဥက္ကဌက ဘွားခနဲပေါ်လာတော့သည် ခဏတာကြာသွားတဲ့နောက်မှာ ဥက္ကဌက အခန်းထဲက ဒီတိုင်းထွက်လာပုံရပြီး ညအိပ်ဝတ်စုံကိုသာဝတ်ထားခဲ့တယ်ဆိုတာ သူမ
သတိထားမိသွားတော့သည်

ဥက္ကဌလဲ ဗိုက်ဆာလို့ထလာတာများလား ?

တုလိန်စစ် တွန့်ဆုတ်တ်တွန့်ဆုတ်နဲ့ပြန်ဖြေလိုက်သည်

" ကျွန်မ ဗိုက်ဆာလာလို့ စားစရာတစ်ခုခုများရှိမလား ရှာနေတာ ...."

ဥက္ကဌလက်ထဲမှာရှိတဲ့အရာကို သူခိုးကြည့်လိုက်တယ် , သူဆိုရင်တော့စားဖို့ တစ်ခုခုရှာပေးနိုင်လောက်တယ်မလား? သို့သော်လည်း သူဥက္ကဌ လက်ထဲကအရာကိုသေချာတွေ့လိုက်တဲ့အချိန်မှာ ရှော့ခ်ရသွားတော့တယ် ဘာလို့ ပိုးသတ်ဆေးနဲ့ဂွမ်းတွေလဲ !

" ရှင်တခုခုဖြစ်လို့လား?"သူမမေးလိုက်သည်

သူဖြည်းဖြည်းချင်းလှည့်လာပြီး ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလာခဲ့တယ်

" ဆေးလိမ်းမလို့ "

သူဖြေပြီးသွားတော့ ခုံမှာထိုင်လိုက်ပြီး ညအိပ်အကျီလက်ကို ဆွဲတင်လိုက်သည်

သူ့ရဲ့လက်မောင်းမှာ ခြစ်ရာတွေအများကြီးပဲ

တုလိန်စစ် ခဏကြာ အံ့အားသင့်သွားပြီး နောက်မှ ဒီနေ့ သူတို့ ယာဉ်တိုက်မှုဖြစ်ခဲ့တာကို သတိရသွားတော့သည် သူ ဥက္ကဌ တခုခုထိခိုက်မိသွားသေးလားဆိုတာတောင် မမေးခဲ့ရဘူး သူ့အပေါ်မှာတောင် အန်ချလိုက်သေးတယ် ဒါပေမဲ့ အဲလို အရေးကြီးတဲ့အရာကိုမေးဖို့ကျတော့ မေ့နေခဲ့တယ် ဒါကလုံးဝမမှန်ဘူးမလား?

အဲလိုတွေးမိလိုက်တော့ တုလိန်စစ် သူ့ကိုသူ အတော်လေး ရက်စက်တဲ့သူလို ခံစားလိုက်ရသည်

" ကျွန်မ ရှင်ဆေးလိမ်းဖို့ ကူညီပေးပါရစေ !"

သူမအမှားတွေကို ပြန်ပြင်ဆင်ဖို့ဆုံးဖြတ်ချက်ချပြီး သူ့ဆီလျှောက်သွားလိုက်သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now