Chapter 6 ဥက္ကဌရဲ့အဘွား

2.1K 341 9
                                    

Unicode

တုလိန်စစ်အနေနဲ့ နူးညံ့ပြီးအိစက်နေတဲ့ အိပ်ရာကြီးပေါ်မှာ ပထမဆုံးအိပ်ဖူးတာကြောင့် သူမအိပ်လို့မပျော်ခဲ့ဖူး အိပ်ရာပေါ်မှာ လူးလိမ့်လို့နေရင်း အရုဏ်တက်ချိန်ရောက်မှာသာ အိပ်ပျော်လို့သွားတော့သည် အကျိုးဆက်ကတော့ သူမ နေမြင့်ပြီး အခန်းထဲကိုနေရောင်တွေ ဝင်လာတာတောင်မှ အခုထိ အိပ်ပျော်နေဆဲပဲဖြစ်သည်

ဥက္ကဌ တယောက် စိတ်မရှည်တော့ပဲ အိမ်စေအဘိုးကို အမိန့်ပေးလိုက်သည်

" အဘိုးယု .... သူမကို အောက်ဆင်းလာဖို့သွားခေါ်လိုက်ပါ"

"ဟုတ်ကဲ့ "

အဘိုးယုတယောက် အပေါ်ထပ်ကိုတက်ပြီးတုလိန်စစ်ကိုနှိုးဖို့လုပ်လိုက်သည်

ခဏအကြာမှာ..အဘိုးယု ပြန်ရောက်လာပြီး

" သခင်လေးကိုသတင်းပို့ပါတယ် မမလေး ခုထိမနိုးသေးပါဖူး.."

လျန်ကျွင်း အမူအရာ နည်းနည်းလေးမှမပြောင်းဘဲ အေးအေးဆေးဆေးထပ်ပြောလိုက်သည်

" ထပ်ခေါ်လာခဲ့.."

........

ဒါကြောင့် အဘိုးယုလဲ အပေါ်ကိုထပ်တက်ပြီး တုလိန်စစ်ကို သွားနှိုးရပြန်တယ် တအောင့်အကြာမှာ သူပြန်ရောက်လာပြီး အောက်ပါအတိုင်းပဲပြောလိုက်သည်

" သခင်လေး ... မမလေးက ခုထိအိပ်ရာထဖို့ငြင်းနေပါတယ်.."

" ထပ်ခေါ်လိုက်"

....

အဘိုးယုလဲ နှစ်ုကိမ်လောက် အပေါ်တက်ပြီး သွားနှိုးရတာ အသက်တောင်ရှူလို့မဝတော့ဘူး ဒါပေမဲ့ တုလိန်စစ်ကတော့ အိပ်နေဆဲပါပဲ..

"သတင်း...သတင်းပို့ပါတယ် သခင်လေး..မ..မမလေး ခုထိမထသေးပါဖူး."

" ထပ်ခေါ်."

အဘိုးယုလဲ ရူးချင်လာသည် ဒီလိုတွေဖြစ်မယ်လို့သာ ကြိုသိခဲ့ရင် သူဒီထက်ပိုများများစားခဲ့မှာ..

အဲဒီအချိန်မှာတော့ ခဏခဏသွားနှိုးနေတာတောင်မနိုးလာတဲ့ တုလိန်စစ်လေး ရုတ်တရက်နိုးလာပါတော့သည် သူမသမ်းဝေလိုက်ပြီး လှေကားအတိုင်းအောက်ကိုဆင်းလာခဲ့သည် သူခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက်မှာ လေထုကအနည်းငယ်ထူးဆန်းနေသလိုခံစားရတာကြောင့် ဘေးဘီလှည့်ကြည့်လိုက်တော့ .သူမထခုန်မိတော့မလိုဖြစ်သွားသည် ..အဘိုးယုက သူ့ကို ကယ်တင်ရှင်ရောက်လာသလို အားကိုးတဲ့မျက်လုံးကြီးတွေနဲ့ ကြည့်လို့နေသည် အဲဒီအမူအရာက စကားလုံးတွေနဲ့ဖော်ပြဖို့ခက်လေသည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now