Chapter -33 part 2

998 182 0
                                    

Unicode

မမျှော်လင့်ထားသည့်အဖြစ်အပျက်ကြောင့် နောက်တစ်ကြိမ် အာရုံစိုက်ရာခေါင်းစဉ်က တုလိန်စစ်နှင့် လျန်ကျွင်းဖြစ်လို့သွားပြန်သည်။

" Eric မင်းနဲ့မင်းရဲ့ဇနီးက ဘယ်လိုစတွေ့တာလဲ ?"

လော့ကျန်းမေးလိုက်သည်။

" အင်း, ဟုတ်တယ်!"

တာ့မီကပါ စိတ်ဝင်စားသည့်အမူအရာမျိုးထပ်ပေါင်းဖော်ပြလာသည်။

တုလိန်စစ်ကပါ နားရွက်တွေထောင်လို့လာသည်။ သူမတကယ့်ကို ဥက္ကဋ္ဌဘယ်လိုလိမ်ပြောမလဲဆိုတာသိချင်လှသည်။ သူမဥက္ကဋ္ဌရဲ့ အကျင့်ပုတ်မှုက level တစ်ခုကိုရောက်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူက သိသိသာသာ ကို သူ့ရဲ့ပြသာနာကို သူမဆီ လွှဲချလာသည်။ လျန်ကျွင်း သူမဆီ လက်ညှိုးထိုးကာ

" ငါ အဲလစ် ကို မင်းတို့ကို ရှင်းပြဖို့ ခွင့်ပြုပေးလိုက်မယ် "

တုလိန်စစ် ငိုချင်ပေမယ့် မျက်ရည်ကထွက်မလာခဲ့ချေ။ သူမကသတင်းထောက်လေ စစ်မှန်တဲ့ အဖြစ်အပျက်တွေကိုပဲ တင်ပြနိုင်မယ်!

" ကျွန်မ....ကျွန်မတို့ လမ်းပေါ်မှာတွေ့တာ "

တုလိန်စစ် အဲဒီနေ့ခင်းက သူမနှင့်လျန်ကျွင်းတို့ စတွေ့ခဲ့ကြသည့်ပုံကို ပြန်တွေးလိုက်သည်: တောက်ပနေသည့် စိန်လက်စွပ်ကြီးက သူမခေါင်းထဲပေါ်လာတော့သည်။

" အဲလို လမ်းမှာဆုံနိုင်လို့လား? "

တာ့မီသက်ပြင်းချလိုက်ပြီး

" ဒါဆို အနေအထားကဘယ်လိုမျိုးလဲ ? ah ? ဒဏ္ဍာရီလာ မြင်မြင်ချင်းအချစ်ဆိုတာမျိုးလား ?"

" မင်း ဒရမ်မာတွေကြည့်တာအရမ်းများနေပြီ!"

တဖက်က လော့ကျန်းက တာ့မီရဲ့ လျှိ့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။

အဲဒီအချိန်မှာ လော့ဟောင်ရုတ်တရက်ကြီးစကားဖြတ်ပြောလာသည်

" သူတို့ဘယ်လိုတွေ့တယ်ဆိုတာမေးပြီးဘာလုပ်မှာလဲ? ငါတို့ Eric က Alice ကို လက်ထပ်ခွင့်တောင်းဖို့ ဘယ်လိုလိုက်ခဲ့လဲဆိုတာဘာလို့မမေးကြတာလဲ ?"

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Unde poveștirile trăiesc. Descoperă acum