Chapter 2 ပုံမှန်မဟုတ်တဲ့ဧည့်သည်

2.8K 394 9
                                    

Unicode

တုလိန်စစ်တစ်ယောက် အိမ်ကိုမြန်မြန်ပဲပြန်ရောက်လာခဲ့သည် သူမရဲ့တနေ့တာပြသာနာတွေ ရှင်းသွားတဲ့ အချိန်မှာတော့ သူမခေါက်ဆွဲပြုတ်စားဖို့ပြင်လိုက်သည် ခေါက်ဆွဲပြုတ်နေတုန်းမှာပဲ အတွေးတွေက ဟိုဟိုဒီဒီရောက်လို့နေရင်း ပန်းကန်လုံးကိုစိုက်ကြည့်လို့နေခဲ့သည် မနက်ဖြန်တွေက ရောက်လာတော့မယ် သူမအနေနဲ့ အနည်းဆုံး အခြေခံ အလုပ်လေးတခုကတော့ လိုကိုလိုအပ်တယ်မလား ဒီလိုတွေဖြစ်လာ မယ်မှန်းသာ ကြိုသိခဲ့ရင် စူပါမတ်ကတ်က buy2 get 1 ရတဲ့ ခေါက်ဆွဲထုပ်တွေဝယ်ထားပါတယ်

သူမနောင်တတွေရနေတုန်းမှာပဲ အခန်းဘဲလ်က ရုတ်တရက်ကြီးထမြည်လာသည်

တုလိန်စစ်တံခါးဖွင့်လိုက်တော့ တံခါးဝမှာပြုံးပြုံးကြီးရပ်နေတဲ့ အိမ်ရှင်အဒေါ်ကြီးကို သူမတွေ့လိုက်ရသည်

သူမနှလုံးတွေတောင် အောက်ကို ပြုတ်ကျသွားတော့မလိုပဲ အိမ်ရှင်အဒေါ်ကြီးက အိမ်လခလာတောင်းတဲ့အချိန်တိုင်း အမြဲတမ်းကြင်ကြင်နာနာပြုံးလေ့ရှိသည်

"ရှောင်တု ..ah အခုထိထမင်းမစားရသေးဘူးလား?"

" စားဖို့ပြင်နေတုန်းပါပဲ .." တုလိန်စစ် စိတ်မသက်မသာခံစားနေရသည်

" အို ..အသင့်စားခေါက်ဆွဲတွေစားမလို့လား ..? အဲဒါတွေက အာဟာရမရှိဘူးလေကွယ် နောက်တကြိမ် သမီးထမင်းမချက်ရင် အိမ်လာခဲ့ပေါ့ အန်တီတို့အိမ်က အိမ်အကူအဒေါ်ကြီးက သမီးအတွက် အချိန်မရွေး ချက်ပေးလိမ့်မယ်..."

အိမ်ရှင်အဒေါ်ကြီးက ပြုံးလျက်ပဲနွေးထွေးစွာဆိုလာသည်

ချက်ချင်းပဲ တုလိန်စစ်တယောက် ရှော့ခ် ရသွားပြန် တယ် ဘာလို့ဆို

သူမထမင်းဖိုးတွေလဲ အိမ်လခနဲ့ပေါင်းပေးရမှာပဲ

၂ယောက်ကြားက လေထုကို အနည်းငယ်သက်တောင့် သက်သာ ဖြစ်အောင် လုပ်ပီးတဲ့အချိန်မှာ အိမ်ရှင်အဒေါ်ကြီးက လိုရင်းကိုပြောဖို့ဆုံးဖြတ်လိုက်တော့သည်

" ရှောင်တု .....အိမ်ငှားခက ..."

" ကျွန်မ ရက်ပိုင်းအတွင်းမှ ပေးလို့ရမလား ? ဒီရက်တွေမှာ နည်းနည်း အကျပ်အတည်းဖြစ်နေလို့ပါ..."

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now