Chapter -11 part 2

1.5K 242 5
                                    

Unicode

တုလိန်စစ်နဲ့ လျန်ကျွင်းတို့ အပေါ်ကို တက်နေကြတဲ့အချိန်မှာ သူမတို့အိမ်အပေါ်ထပ်မှာနေတဲ့ ကျန်းအဘွား က သူမရဲ့မြေးမလေးလက်ကို ဆွဲပြီး
အောက်ဆင်းလာတာတွေ့လိုက်သည်

တုလိန်စစ်ကိုမြင်တော့ အဘွားကျန်းက သူမလက်ကိုဆွဲပြီး

" တုတု , နောက်ဆုံးတော့ သမီးရောက်လာပီပေါ့"

"ဘာဖြစ်လို့လဲဘွားကျန်း ?" တုလိန်စစ်မေးလိုက်သည်

" သမီးရဲ့ အဒေါ်တွေလေ တနေကုန် သမီးတို့ကိုစောင့်နေကြတာ !"

" သမီး အဒေါ်တွေရောက်လာတယ်?"

တုလိန်စစ် ရုတ်တရက် မကောင်းတဲ့နိမိတ်တွေခံစားရလာသည်

" သမီးရဲ့ အဒေါ်တွေတင်မကဘူး ဦးလေးတွေလဲပါတယ် "[1]
[1]အဖေဘက်ကရော အမေဘက်ကရော တော်စပ်တဲ့ ဦးလေးတွေ အဒေါ်တွေပါ

ကျန်းအဘွားက အခြေအနေတစ်ခုလုံးကို ပြောပြပြီးသွားတဲ့အချိန်မှာ တုလိန်စစ်နှလုံးသားလေး လေးလံသွားတော့သည် သူမဒီနေရာကနေ လှည့်ပြန်ပြီး လွတ်မြောက်ချင်တာပဲသိတော့သည်

" ကျွန်...မတို့ လှည့်​ြပန်သင့်လား...?"

ဒါပေမဲ့ လျန်ကျွင်းက သူမကို တားလိုက်ပြီး

" ကိုယ်တို့ဒီအထိတောင်ရောက်လာပီပဲ...မင်းကထွက်ပြေးချင်နေတာလား.?"

"ဒါပေမဲ့..." တုလိန်စစ်ရဲ့ စိတ်ထဲမှာ ဦးလေးတွေအဒေါ်တွေ သူမပတ်ပတ်လည်မှာ ဝိုင်းနေကြတဲ့ပုံပေါ်လာတော့သည် , အဲဒါ အရမ်းကြောက်ဖို့ကောင်းတယ်!

သို့သော်လည်း လျန်ကျွင်းကတော့ သူမပြန်ပြောလာမှာကို မစောင့်တော့ပဲ လှေကားပေါ်ကို ခြေတလှမ်းစလှမ်းလိုက်သည်

"ခဏလေး..!"

ကျန်းအဘွားက သူတို့ကို ရပ်ခိုင်းလိုက်ပြီး သူမမြေးမလေးကို ဥက္ကဌလက်ထဲမထည့်ခင်

" ဥက္ကဌ, ကျွန်မရဲ့ NiNi လေးကို ချီပေးလို့ရမလား?"

ဥက္ကဌလျန် ပြောစရာစကားမဲ့သွားတော့သည်

ကလေးမလေးက သူ့ရဲ့လက်လေးတွေကို ဥက္ကဌဆီဆန့်ထုတ်ုပီးတော့ ချစ်စဖွယ်လေးပြောလာသည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now