Chapter-19 မင်းကိုယ်ကိုဆွဲဆောင်ဖို့ကြိုးစားနေတာလား?

1.4K 212 5
                                    

Unicode

ရေချိုးခန်းတံခါးရုတ်တရက်ပွင့်သွားတဲ့အချိန်မှာ အကြံအိုက်နေတဲ့တုလိန်စစ်တစ်ယောက် ရေချိုးခန်းထဲကထွက်လာတဲ​့ ဥက္ကဋ္ဌရဲ့ နတ်ဘုရားလိုအသွင်သဏ္ဌာန်ကိုတွေ့လိုက်ရတော့သည် ဂရိဒဏ္ဍာရီတွေထဲက နတ်ဘုရားတွေက အကျီမဝတ်ကြဘဲ အဝတ်အပိုင်းအစလေးတွေပဲ ဝတ်ကြသလိုမျိုး အခု ဥက္ကဋ္ဌကလဲ အောက်ဘက်မှာ တဘက်တထည်သာပတ်ထားလေသည်

သူ့ရဲ့ဆံပင်တွေကသိပ်မခြောက်သေးတာကြောင့် ကြည့်ရတာနည်းနည်းရှုပ်ပွလို့နေသည် သူ့ရဲ့ဦးရေကနေကျလာတဲ့ရေစက်ကလေးတွေက လည်တိုင်ဆီတစက်စက် ကျဆင်းလျက်ရှိသည် ထိုမှတဆင့် ပခုံးသားများဆီသို့ .....ပခုံးကနေကျဆင်းလာသည်မှာ ထိူသူရဲ့ကျယ်ပြန့်တဲ့ရင်အုပ်တောင့်တောင့်ဆီသို့ဆက်ကာ ...တဖြည်းဖြည်း သန်မာတဲ့ကြွက်သားabs တွေရှိတဲ့နေရာသို့ပါရောက်လို့လာသည်.....

တုလိန်စစ် ဆက်မကြည့်ရဲတော့တာကြောင့် စိတ်ကိုထိန်းချုပ်ပြီး တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်တော့သည် သူမမျက်လုံးထဲစွဲနေတဲ့မြင်ကွင်းပုံရိပ်တွေကြောင့် သူမအကြီးအကျယ်ရှော့ခ်ရသွားတော့သည် သူမရဲ့ရှက်ရွံ့နေတဲ့မျက်ဝန်းတစ်စုံရဲ့အကြည့်တွေ ဘယ်နေရာထားရမှန်းမသိဖြစ်နေတုန်းမှာပဲ သူမသွေးတွေဆူပွက်လာပြီး စိတ်တွေဟာလာဟင်းလင်းဖြစ်နေသလိုခံစားလိုက်ရသည်

သူမရဲ့နှလုံးသားထဲက စိုးရိမ်မှုကိုဖော်ပြနေပေမဲ့လဲ သူမရဲ့မျက်လုံးလေးတွေကတော့ တောက်ပလို့နေဆဲပဲ...လျန်ကျွင်းအဲဒါကိုတွေ့တော့ မတတ်နိုင်ဘဲ နှုတ်ခမ်းတွေတွန့်ကွေ့ပြီးပြုံးလိုက်မိသည် ထို့နောက်မှာတော့ သူ တုလိန်စစ်နားကို တဖြည်းဖြည်းချင်းလျှောက်လာပြီး မွေ့ရာပေါ်မှာ လက်တွေကိုထောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ အိပ်ရာပေါ်ထိုင်ချလိုက်သည် သူက သက်သောင့်သက်သာဖြစ်နေတဲ့အမူအရာနဲ့ပဲ တုလိန်စစ်ကိုစိုက်ကြည့်လိုက်သည်

" ကိုယ့်ကိုလာရှာတာ ဘာအတွက်လဲ?"
ခပ်ဩဩအသံကိုကြားမှတုလိန်စစ် သတိပြန်ဝင်လာတော့သည် ဥက္ကဋ္ဌကိုကြည့်ဖို့ သူ့မကိုယ်သူမတွန်းအားပေးလိုက်ပြီး

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now