Chapter -20 part-1 " ဥက္ကဋ္ဌရဲ့လက်ဆောင် "

1.3K 198 5
                                    

Unicode

မနက်မှာတော့ , တုလိန်စစ် အစောကြီးပဲ mall ကိုရောက်နေခဲ့သည်

သူမ အိပ်မွေ့ချခံရသလိုအချိန်အကြာကြီးမိန်းမောနေသည်မှာ ကျဲဝူရွှမ်း သူမတခုခုမှားယွင်းနေကြောင်းသတိထားမိတဲ့အချိန်ထိပဲ ..အဲလိုနဲ့သူမကို မေးခွန်းတွေစိတ်ဝင်တစားမေးလာတော့သည်

" ရှောင်တု , နင့်ပုံစံက တက်တက်ကြွကြွမရှိလိုက်တာ , ဘာလဲ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား ?"

ဒီမေးခွန်းက မနေ့ညက တုလိန်စစ်ရဲ့ နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်တွေကို ပြန်ပီးအမှတ်ရမိစေတယ်

မနေ့ညက သူမ ဥက္ကဋ္ဌရဲ့ ပူလောင်ပြင်းပြတဲ့ အနမ်းကိုရရှိပြီးတာနဲ့ ယုတ္တိမရှိတဲ့ကိစ္စတွေဖြစ်ပျက်တော့သည် ပထမက ဥက္ကဋ္ဌက ပြင်းပြင်းပြပြကိုပဲ သူမကို တန်ပြန်ထိုးစစ်ဆင်ခဲ့သည် အဲဒီနောက်မှာ အံ့ဩဖွယ်ရာ သူမနှာခေါင်းသွေးတွေလျှံလာတော့သည် ထို့နောက် သူမ နှာခေါင်းသွေးလျှံလာတာကြောင့် ဥက္ကဋ္ဌ ကသူမကို အိပ်ရာပေါ်မှာလှဲစေခဲ့သည် ပြီးတော့ သူမ သွေးထွက်တာရပ်အောင် နဖူးပေါ်ရေခဲဝတ်ပါအုပ်ပေးခဲ့သည် တုလိန်စစ် ဥက္ကဋ္ဌရဲ့ နူးညံ့အိစက်နေတဲ့အိပ်ရာ နဖူးပေါ်က အေးစက်တဲ့ရေခဲဝတ် နဲ့ အခန်းထဲက နူးညံ့တဲ့အလင်းရောင်လေး ဥက္ကဋ္ဌရဲ့မျက်လုံးထဲက နူးညံ့နွေးထွေးမှုလေးကိုတောင် သူမခံစားနေမိသည်

ဒီလို နူးညံ့တဲ့ပတ်ဝန်းကျင်မှာ တုလိန်စစ် တကယ်ကြီး အိပ်ပျော်သွားတော့သည်

မနက်မိုးလင်း သူမမျက်စိနှစ်လုံးဖွင့်လိုက်တော့ ဥက္ကဋ္ဌရဲ့အခန်းထဲမှာ တညလုံး အိပ်ပျော်ခဲ့တာကိုအံ့အားသင့်လို့သွားတော့သည် ဒါပေမဲ့ သူမကို အံ့အားအသင့်စေဆုံးအရာကတော့ အပေါ်ပိုင်းအဝတ်မဲ့နေတဲ့ ဥက္ကဋ္ဌက သူမဘေးမှာ အိပ်နေတာကိုပါပဲ!!

အဲဒီခံစားချက်ကဘာနဲ့တူလဲဆိုတော့ ကျားရဲတွင်းထဲမှာ တညတာကုန်ဆုံးမိလိုက်သလိုပါပဲ ..မနက်နိုးလာတာနဲ့ ကျားကြီးအိပ်နေတာကိုသာ တွေ့လိုက်ရမယ်ဆိုရင်... ဘယ်လောက်တောင် ကြောက်လန့်စရာကောင်းလိုက်မလဲ

သူမကျားရဲတွင်းထဲကနေ ပြုတ်ကျသွားပြီးတော့ ယက်ကန်ယက်ကန်ဖြစ်လို့နေသည် Oh no! သူမဥက္ကဋ္ဌအခန်းထဲက အသည်းအသန်ပြေးထွက်လာပြီး အကျီအမြန်လဲကာ မနက်စာတောင်မစားတော့ဘဲ အလုပ်ကိုအပြေးထွက်လာတော့သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now