Chapter-23 ဆွဲချခံလိုက်ရတဲ့တုလိန်စစ်

1.2K 195 9
                                    

Unicode

နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာ တုလိန်စစ်နားလည်သွားခဲ့ပြီ တဖက်ဖုန်းလိုင်းမှ ဖုန်းဝင်လာသော 'beep ' ဟူသောအသံကြားပြီးနောက် ဖုန်းကျသွားတော့သည် ဥက္ကဋ္ဌကနားလည်ရခက်စွာ သူမကိုညဘက်ကြီးဖုန်းခေါ်လာပြီး အဓိပ္ပါယ်မရှိ သူပြောချင်တာပြီးဆုံးအောင် ပြောကာ ဖုန်းချသွားခဲ့သည်

ဒီတကြိမ်တော့ တုလိန်စစ်အကျပ်ရိုက်သွားတော့သည်

လက်ရှိအနေအထားအရ သူမကဥက္ကဋ္ဌရဲ့ဇနီးဆိုပေမဲ့လို့ သူမလက်ထပ်ဖို့သဘောတူလိုက်တုန်းက ဥက္ကဋ္ဌက သူ့အတွက် ဒီလို လေဆိပ်ကိုလာကြိုခိုင်းတာတွေဘာတွေ လုပ်ပေးဖို့ မပြောခဲ့ပါဘူး ဟုတ်တယ်မလား ? ပြီးတော့ ဒီမှာ ဈေးကြီးတဲ့ဇိမ်ခံကားတွေ အများကြီးရှိနေတာပဲ ဒရိုင်ဘာတစ်ယောက်လောက်ရှာပြီး သူ့ကိုလာကြိုခိုင်းတာ ဘာခက်လို့လဲ ? ဘာလို့သူမ လာကြိုမှဖြစ်မှာလဲ?

တုလိန်စစ်ကို ဒေါသအထွက်စေဆုံးအရာက တော့ အရမ်းအရမ်းချမ်းသာတဲ့ဥက္ကဋ္ဌကြီးက သူမလိုဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးလေးကို ကို့ပိုက်ဆံကိုထုတ်ပြီး လေဆိပ်ကိုလာကြိုခိုင်းတာပဲ ! ကပ်စီးနည်းလွန်းတယ်!

သူမ ဥက္ကဋ္ဌနဲ့နေတာကြာလာတာနဲ့အမျှ ဥက္ကဌရဲ့ အရင်းရှင်ဆန်တဲ့တဖက်ခြမ်းထွက်ပေါ်လာတာကို တဖြည်းဖြည်း ရှာဖွေသိရှိလာခဲ့သည်

ဆိုရိုးရှိတယ်မလား 'ပိုမိုမြင့်မားသောအာဏာပိုင်များအနေဖြင့်မူဝါဒများရှိကြသလို ဒေသခံများသည်လည်း အရင်းရှင်တွေရဲ့ အမြတ်ထုတ်ခြင်းကိုမခံရစေရန် သူတို့ရဲ့ တန်ပြန်အစီအမံများရှိကြသည် '

သေမလား ရှင်မလား ?တုလိန်စစ် သူ့ကိုသွားကြိုဖို့ ဥက္ကဌရဲ့ကားကိုပဲအသုံးပြုဖို့ဆုံးဖြတ်ချက်ချလိုက်သည်!

စကားပုံဟောင်းတစ်ခုရှိတယ် 'သိုးမွှေးဆိုတာ သိုးကရတာ' ဥက္ကဋ္ဌကဘယ်လိုပဲ ကျားဖြစ်နေပါစေ သူလဲအမွှေး ရှိတဲ့ သတ္တဝါပဲလေ တခါတလေ အမွှေး ၂ မျှင်လောက်ဆွဲနှုတ်လိုက်တာ ပြသာနာမရှိလောက်ပါဘူး

ဒါကြောင့် နောက်တစ်နေ့မနက်ရောက်တော့ သူမ စံအိမ်မှာကာလရှည်ကြာနေထိုင်ပြီး အမြဲတမ်းအသင့်ဖြစ်နေတဲ့ ယာဉ်မောင်းကိုရှာဖွေလိုက်သည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now