Chapter 59

7.4K 1.5K 121
                                    

[Unicode]

ရုတ်တရက် ကျိုးတုရဲ့အစာအိမ်ကနာကျင်လာတာကြောင့် ချွေးစေးများထွက်လာသည်။ သူကချက်ချင်းလှည့်လိုက်ပြီး သူ့ကိုယ်သူ သန့်စင်ခန်းထဲဘေစင်ကို အမှီပြုပြီးရပ်နေရသည်။ သူဒီလိုဖြစ်နေရသည့် အသွင်အပြင်အား ရှ​ယောင်ကို တွေ့မသွားစေချင်ပေ။ သို့သော်လည်း သူ့အခြေအနေအား ရှ​ယောင် မြင်သွားစေနိုင်သည့် မှန်တစ်ချပ်ရှိနေကြောင်းကိုတော့သူမေ့သွားခဲ့သည်။

ထိတ်လန့်မှုကြောင့် ရှယောင်ရဲ့နှလုံးသားလေးချက်ချင်း တုန်လှုပ်သွားရသည်။ သူက ကျိုးတုရဲ့လက်ကောက်ဝတ်ကို တစ်ခါထဲဆွဲကိုင်လိုက်ပြီး သူ့မျက်နှာပေါ်မှာလည်း စိုးရိမ်ပူပန်မှုတို့ အပြည့်ဖြင့် မေးလိုက်သည် ။ " ဘာဖြစ်လို့လဲ မင်းအဆင်ပြေရဲ့လား "

နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ထားသည့်ကျိုးတုက ဘေစင်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့နှုတ်ခမ်းကိုဟ၍ ဖြည်းဖြည်းချင်းပြောလာခဲ့၏ ။ " ငါအဆင်ပြေတယ် သွားတော့ "

ရှယောင်ရဲ့မျက်နှာလေး တခဏလောက် ဖြူရော်သွားရသည်။ သူက မင်သက်စွာဖြင့်အနောက်သို့ခြေလှမ်းဆုတ်လိုက်မိ၏။ " ငါ....ငါမင်း ကောင်မလေးကိုဒီလာဖို့ခေါ်လိုက်မယ် " သူပြောထွက်ပြီးတာနဲ့ အဝေးသို့လှည့်ထွက်ပြီး ထွက်သွားဖို့ကြံလိုက်သည်။

ရှယောင်​ခြေတစ်လှမ်းတောင် လှမ်းမထွက်ရသေးခင် ကျိုးတုက သူ့လက်ကောက်ဝတ်ကို ကိုင်ပြီး သူ့ဘက်ရောက်အောင် ပြန်ဆွဲလိုက်သည် " ကောင်မလေး? " ကျိုးတုက ရှယောင်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး မေးလိုက်၏ " ရှယောင် ငါ့မှာကောင်မလေးရှိတယ်ဆိုရင် မင်းပျော်လား "

ရှယောင်ရဲ့မျက်နှာပေါ်က သွေးရောင်တွေအားလုံးပျောက်ကွယ်သွားရသည်။ သူ့နှုတ်ခမ်းတွေကတော့ တုန်ရီနေလျှက်ဖြင့် " ငါ....ငါမင်းကိုဂုဏ်ပြုပေးမှာပါ "

" ဟ " ကျိုးတုပုံစံက ပြတ်လုံးတစ်ခုအားရှာတွေ့သွားသလိုပင်။ သူက ရှယောင်ရဲ့ လက်ကောက်ဝတ်ကို ပိုပြီးတင်းကြပ်လိုက်၍ မေးလာသည် သူ့မျက်လုံးတွင်းမှာတော့ ကြမ်းတမ်းမှုတို့က ခိုအောင်းလျှက် " ငါ့ကိုဂုဏ်ပြုပေးမယ် ။ အဲ့လိုလုပ်ပေးရအောင် မင်းကဘယ်သူမို့လို့လဲ ။ ငါ့ကိုဂုဏ်ပြုပေးဖို့အတွက် မင်းကဘယ်လိုပုဂ္ဂိုလ်နေရာကနေမလို့လဲ ။ ငါ့ရဲ့ ရည်းစားဟောင်းအနေနဲ့လား ။ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now