Chapter 4

22K 3.1K 12
                                    

(Unicode)

Bubble Tea သောက်ရန်အတွက်ဖိတ်ခေါ် မှု

ကျိုးတုမျက်နှာတစ်ခုလုံးကလည်းဒဏ်ရာများပြည့်နှက်နေလျှက် မျက်လွှာကိုလည်းချထားသည်။ ရှယောင်သည်လည်း သမ္မကတော်ကြီး ၏ဆူပူသံများကိုဂရုတစိုက်ဖြင့်ခေါင်းလေးငုံ့ပြီး နာခံလျှက်ရှိသည်။

" မင်းတို့နှစ်ယောက် မနက်စောစောစီးစီးကွာ အဲ့အလယ်တန်းကကျောင်းသားတွေနဲ့အိမ်သာထဲရန်ဖြစ်ကြတယ်လို့ " သူကစကားကိုတမင်သက်သက်ကိုရွဲ့ပြောလိုက်သည်။ " ငါတို့အတန်းကဂုဏ်ဆောင်မျက်နှာလေးကိုကြည့်စမ်း မင်းကြောင့်ဒဏ်ရာတွေရကုန်ပြီ "

ကျိုးတုမျက်နှာကတော့မပြောင်းလဲစွာဖြင့် ပြတင်းပေါက်အပြင်က တရုတ်စကားပင် ကိုသာကြည့်လို့နေသည်။ ရှယောင်ရဲ့နှလုံးကတော့အပြင်ကိုခုန်ထွက်လုမတက် တုန်လှုပ်နေခဲ့သည်။ ကျိုးတုရန်ဖြစ်ရတာသူ့ကြောင့်နဲ့မဟုတ်ပါလား။

" ငါဒီအကြောင်းကိုမင်းတို့မိဘတွေကိုတော့ပြောရမယ် လူက​ဖြင့်တတိယနှစ်ရောက်နေကြပြီ တစ်ယောက်ပြီးတစ်ယောက်ပဲ မင်းတို့စိတ်တွေကိုစာထဲပဲထည့်ထားလို့မရဘူးလားဟမ် မင်းတို့ကတခြားသူတွေနဲ့တောင်သွားပြီးရန်ဖြစ်လိုက်သေးတယ် "
သမ္မတကတော်ကြီး ကရှယောင်ဘက်ကိုလက်ညှိုးထိုးပြီးဆက်ဆူပြန်သည်။ " အထူးသဖြင့်မင်းရှယောင် တခြားဆရာတွေပြောတာငါကြားသလောက် မင်းကဒီအပတ်ပိတ်ရက်ကပေးတဲ့အိမ်စာတွေ တစ်ခုတစ်လေတောင်လုပ်မလာဘူးဆို အခုတော့မင်းကတခြားသူတွေနဲ့ရန်တောင်ဖြစ်လိုက်သေးတယ် ဒီလိုပုံစံနဲ့မင်းဘယ်လို စင်းဟွားတက္ကသိုလ် ကိုသွားဖို့စိတ်ကူးနေရသေးလဲ မင်းအမေဖုန်းနံပါတ်ကဘယ်လောက်လဲ ငါသူ့ကိုဒီလာနိုင်မလားမေးရမယ် တတိယနှစ်သာရောက်လာတယ် မင်းအမေကျောင်းလာတာလည်းငါဖြင့်တစ်ခါမှမမြင်ဖူးဘူး "

ရှယောင်ကစိတ်လှုပ်ရှားစွာဖြင့်သူ့အင်္ကျီစ ကိုဆုပ်ကိုင်ထားမိသည်။ ထို့နောက်သူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်ရန်အတွက် ပြင်ဆင်လိုက်သော်လည်း ကျိုးတုကဝင်ပြောလိုက်သည်။ " သူရန်မဖြစ်ဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now